အောင်ဇင်
![]() | ဤဆောင်းပါး၏ အကြောင်းအရာသည် ဝီကီပီးဒီးယား၏ အတ္ထုပ္ပတ္တိများအတွက် ထင်ရှားအရေးပါမှု လမ်းညွှန်ချက်နှင့် မကိုက်ညီခြင်း ဖြစ်နေနိုင်သည်။ (ဤတမ်းပလိတ်စာသားကို မည်သို့ ဖယ်ရှားမည်ဆိုသည်ကို လေ့လာရန်) |
အောင်ဇင် | |
---|---|
![]() | |
မွေးဖွား | အင်းစိန်မြို့ | မတ် ၂၊ ၁၉၄၀
ကွယ်လွန် | ဇွန် ၁၊ ၁၉၉၂ | (အသက် ၅၂)
နိုင်ငံလူမျိုး | ![]() |
လူမျိုး | ဗမာ |
အလုပ်အကိုင် | ရဲစခန်းမှူး၊ စာရေးဆရာ |
မိဘ(များ) | ဦးရွှေလုတ် နှင့် ဒေါ်မေရီ |
အောင်ဇင် (၁၉၄၀ ခုနှစ် - ၁၉၉၂ ခုနှစ်)သည် မြန်မာ နိုင်ငံသား စာရေး ဆရာ တစ်ဦး ဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံမီရထားရဲနှင့် စုံထောက်ဌာနယခု စီ အိုင် ဒီ(မှုခင်းရဲတပ်ဖွဲ့)ရဲစခန်းမှူး အဖြစ်တာဝန် ထမ်းဆောင်ခဲ့သည်။
အစောပိုင်းဘဝ[ပြင်ဆင်ရန်]
၁၉၄၀ ခုနှစ်၊ မတ်လ(၂)ရက်နေ့တွင် ဖခင်မြို့ပိုင် ဦးရွှေလုတ် နှင့် မိခင် ဒေါ်မေရီ တို့မှ အင်းစိန်မြို့ တွင်မွေးဖွားခဲ့သည်။ သားသမီး(၅)ယောက်အနက် စတုတ္ထမြောက်သားဖြစ်သည်။ ငယ်နာမည်မှာ မောင်အုန်းမောင်ဖြစ်ပြီး အောင်ဇင်သည် အရွယ်ရောက်၍ သိတတ်သောအချိန်မှစပြီး ဖခင်ကြီး မှည့်ပေးသော အုန်းမောင်ဆိုသည့် နာမည်ကို မနှစ်သက်၍ သူကိုယ်တိုင်ပင် အောင်ဇင်အမည်ကိုပြောင်းလဲခဲ့ရာ ကွယ်လွန်အချိန်အထိ ကလောင်နာမည်ကိုလည်း အောင်ဇင် နာမည်ဖြင့်ပင် စာများရေးသားခဲ့သည်။
အောင်ဇင်၏ကလောင်အမည်ကွဲများ[ပြင်ဆင်ရန်]
- ဇင်ယော် (လှကျောင်း)
- မောင်ဇင်ယော် (ကွမ်းခြံကုန်းမြို့)
- ရဲစခန်းမှူးအောင်ဇင်
- ရဲအုပ်လောင်းအောင်ဇင်
- အောင်ဇင်
- ဦးအောင်ဇင်
ပါဝင်ရေးသားခဲ့သောစာနယ်ဇင်းများ[ပြင်ဆင်ရန်]
၁။ ကြေးမုံသတင်းစာ ၂။ စစ်ပြန် မဂ္ဂဇင်း ၃။ ထူး မဂ္ဂဇင်း ၄။ ဒီရေစီးသံသီချင်း မဂ္ဂဇင်း ၅။ ပန်းရုပ်စုံ ၆။ ပြစ်မှု မဂ္ဂဇင်း ၇။ ပြည်သူ့ဂျာနယ် ၈။ မိုးမခရသ မဂ္ဂဇင်း ၉။ မြတ်လေး မဂ္ဂဇင်း ၁၀။ မှုခင်းကြေးမုံ စာစောင် ၁၁။ ရတနာမြန်မာစီးပွားရေးဂျာနယ် ၁၂။ ရနံ့သစ် မဂ္ဂဇင်း ၁၃။ ရဲကြေးမုံ စာစောင် ၁၄။ ရင်ခုန်ပွင့် မဂ္ဂဇင်း ၁၅။ ရုပ်ရှင် မဂ္ဂဇင်း ၁၆။ လုပ်သားပြည်သူ့နေ့စဉ်သတင်းစား ၁၇။ သင့်ဘဝ အောင်မြင်ရေး မဂ္ဂဇင်း ၁၈။ သောင်းပြောင်းထွေလာရယ်စရာ ၁၉။ အံ့ဖွယ်သုတ ၂၀။ ဉပဒေမှုခင်း ၂၁။ ချယ်ရီ မဂ္ဂဇင်း
ဘဝနိဂုံး[ပြင်ဆင်ရန်]
ရန်ကုန်ဆေးရုံ ကြီး၌ ကင်ဆာရောဂါဖြင့် ဆေးကုသနေသည့် စာရေးဆရာ ဦးအောင်ဇင်သည် ဆေးရုံကဆင်းပြီး အိမ်ပြန်ရောက်အနားယူနေစဉ် ၁၉၉၂-ခု၊ ဇွန်လ(၁)ရက်၊ နေ့တွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် (၅၂)နှစ် ရှိပြီဖြစ်သည်။
ထင်ရှားသော စာအုပ်အချို့[ပြင်ဆင်ရန်]
- အိုင်အိုမင်းအောင်နှင့် မနူဟာပုရပိုက်
- အိုင်အိုမင်းအောင်နှင့် ဆုကြီးပန်ရန်သူ
- အိုင်အိုမင်းအောင်နှင့် ညောင်ရမ်းဝင်္ကပါ
- အိုင်အိုမင်းအောင်နှင့် ဝေသာလီမိုးမှောင်
- အိုင်အိုမင်းအောင်နှင့် စောရမိုးမှောင် စိန်အိမ်မြှောင်
- စိန်ရောင်ခြည်မျိုးဆက်
- သိုက်စာဖတ်ရာနားထောင်ပါ ဥစ္စာရနိုးနိုး၊ ဆေးစာဖတ်ရာနားထောင်ပါ ရောဂါပျောက်နိုးနိုး (ပ၊ ဒု)
- အိုင်အိုမင်းအောင်နှင့် တရားလိုသက်သေ ချစ်မျက်ရည်
- အိုင်အိုမင်းအောင်နှင့် မီးပြတိုက်လူသတ်ကောင်
- အိုင်အိုမင်းအောင် ငဝေလနှင့်ဧကရီဘုရင်မကြီး အမှုတွဲ
- နတ်ပန်းနှင့် လက်သန်း
- ငွေယားတောင်ရိုးက မောင်မိုးမှောင်
- အိုင်အိုမင်းအောင်နှင့် ဒွါဒဿမဂိုဏ်း
- အိုင်အိုမင်းအောင်နှင့် သန်လျက်ထမ်းဘီလူးရုပ်
- အိုင်အိုမင်းအောင်နှင့် သားလှရွှေတောင်
- အိုင်အိုမင်းအောင်နှင့် နှစ်ကံပြိုင်ခေါင်းချင်းဆိုင်အမှု
ကိုးကား[ပြင်ဆင်ရန်]
- ↑ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်နှင့် သုတပညာဌာန။ အောင်ဇင်စာစုစာရင်း ပြုစုသူ မီမီအောင်
- ↑ http://catalogue.nlm.gov.mm/opac/search;jsessionid=D2EA470F8FB7DD8D10D59DE19B71F32A?q=Myanmar&searchType=standard&isFacet=true&view=standard&rows=10&sortWay=score&sortOrder=desc&f_subject=%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%81%80%E1%80%90%E1%80%B9%E1%80%91%E1%80%AF&searchWay0=marc&logical0=AND&f_author=%E1%80%A1%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%87%E1%80%84%E1%80%BA[လင့်ခ်သေ]