အောင်စိုးမြင့်
ဦး အောင်စိုးမြင့် | |
---|---|
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် | |
တာဝန်သက်တမ်း ၂ မေ ၂၀၁၂ – ၂၉ ဇန်နဝါရီ ၂၀၁၆ | |
ယခင်လူ | ဦးအောင်မင်း |
ဆက်ခံသူ | ဦးခင်မောင်သန်း |
မဲဆန္ဒနယ် | တောင်ငူမြို့နယ် |
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် | |
ယခင်လူ | အခြေခံဥပဒေစတင် |
ဆက်ခံသူ | အခြေခံဥပဒေဖျက်သိမ်း |
မဲဆန္ဒနယ် | တောင်ငူ မဲဆန္ဒနယ် ၂ |
အနိုင်ရမဲ အရေအတွက် | ၂၁,၃၆၉ (၆၈%) |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | တောင်ငူမြို့၊ မြန်မာနိုင်ငံ | ၃ ဩဂုတ်၊ ၁၉၅၂
လူမျိုး | မြန်မာနိုင်ငံသား |
နိုင်ငံရေးပါတီ | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
သွေးသားတော်စပ်သူ | ဦးအုန်းကျော် (ဖခင်) ဒေါ်အေးမိ (မိခင်) |
မိခင်ကျောင်း | ရန်ကုန်စီးပွားရေးတက္ကသိုလ် |
အလုပ်အကိုင် | နိုင်ငံရေးသမား |
ဦးအောင်စိုးမြင့် သည် တောင်ငူမြို့နယ် ကိုယ်စားပြု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ နိုင်ငံရေး သမားနှင့် နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦး ဖြစ်သည်။[၁] ဦးအောင်စိုးမြင့်သည်၁၉၉၀ အထွေထွေ ရွေးကောက်ပွဲတွင် ၆၈% (၂၁,၃၆၉ မဲ) ဖြင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် အနိုင်ရရှိခဲ့ဖူးသည်။[၂]
ဦအောင်စိုးမြင့်သည် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ၁၉၇၅ ခုနှစ်တွင် ဘွဲ့ရရှိခဲ့သည်။[၂] ၈၈၈၈ အရေးအခင်း တွင် တောင်ငူခရိုင် ပြည်သူ့လွတ်မြောက်ရေး မဟာမိတ်အဖွဲ့တွင် ဗဟိုတိုက်ခိုက်ရေးကော်မတီဝင်အဖြစ်ဖြင့် နိုင်ငံရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည်။[၂]
၂၀၀၃ ခုနှစ်တွင် ၈၈၈၈ အရေးအခင်း ၁၅ နှစ်ပြည့် အခမ်းအနားပြုလုပ်ရန် ဦးဆောင်ခဲ့မှုကြောင့်[၃] လိုင်စင်မဲ့ဆိုင်ကယ် ပိုင်ဆိုင်မှုကို အကြောင်းပြကာ ၃၁ ဩဂုတ် ၂၀၀၃ မှ ၂၃ စက်တင်ဘာ ၂၀၀၈ အထိ သရက်အကျဉ်းထောင်တွင် အကျဉ်းကျခံခဲ့ရသည်။[၄][၅] ၂၀၀၈ ခုနှစ် စက်တင်ဘာလတွင် မြန်မာနိုင်ငံ အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့်အဖြစ် အကျဉ်းသာ ၉,၀၀၂ ဦးကို လွှတ်ပေးခဲ့ရာတွင် ပါဝင်လာခဲ့သည်။[၆]
ကိုးကား
[ပြင်ဆင်ရန်]- ↑ "Names of Pyithu Hluttaw representatives announced"၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၊ မြန်မာနိုင်ငံတော် အစိုးရ၊ ၂ ဧပြီ ၂၀၁၂။ 5 October 2012 တွင် ပြန်စစ်ပြီး။ Archived from the original on 9 May 2012။
- ↑ ၂.၀ ၂.၁ ၂.၂ Khin Kyaw Han (1 February 2003)။ BRIEF BIOGRAPHIES OF ELECTED MPs။ 1990 MULTI-PARTY DEMOCRACY GENERAL ELECTIONS။ 5 October 2012 တွင် ပြန်စစ်ပြီး။
- ↑ "Human rights of parliamentarians: 173rd Governing Council session" (3 October 2003). Inter-Parliamentary Union. Retrieved on 1 July 2013.
- ↑ Released Political Prisoners from 2007 to date။ Assistant Association for Political Prisoners (Burma)။ 5 October 2012 တွင် ပြန်စစ်ပြီး။
- ↑ "U Aung Soe Myint appeal rejected again"၊ Democratic Voice of Burma၊ 12 November 2003။ 5 October 2012 တွင် ပြန်စစ်ပြီး။ Archived from the original on 4 March 2016။
- ↑ "Chronology of Political Prisoners in Burma for September 2008"၊ Assistant Association for Political Prisoners (Burma)၊ September 2008။ 5 October 2012 တွင် ပြန်စစ်ပြီး။