အောင်ကြိုင်ညွှန့်၊ တက္ကသိုလ်

ဝီကီပီးဒီးယား မှ

စာရေးဆရာ အောင်ကြိုင်ညွှန့်(တက္ကသိုလ်)[ပြင်ဆင်ရန်]

၁၉၄၆-ခုနှစ်တွင် ဖျာပုံမြို ့နယ်၊ ကနိုကျေးရွာတွင် အဖ ဦးထွန်းခင်၊ အမိ ဒေါ်စောတင် တို့မှ မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ဦးအောင်ကြည်ဖြစ်သည်။ ရန်ကုန် တက္ကသိုလ်မှ B.Sc ပညာရေးတက္ကသိုလ်မှ B.Ed ဘွဲ ့ ရခဲ့သဖြင့် ၂၀ဝ၇-ခုနှစ်တွင် ပညာရေးသုတေသနအဖွ့ဲမှ လက်ထောက်ညွှန်ကြားရေးမူး အဆင့်ဖြင့် အငြိမ်းစားယူခဲ့သည်။ ၁၉၇၆-ခုနှစ်တွင် နိုင်ငံတကာ စာတတ်မြောက်ရေးဆောင်းပါးဖြင့် စာပေလောကသို ့ ဝင်ရောက်ခဲ့သည်။ ပညာမင်းကြီး ဦးကိုဘုန်း စာအုပ်နှင့် အငြိမ်းစားညွှန်ကြားရေးမှူးချူပ် ဦးသန်းဦး အတ္တုပ္ပတ္တိ စာအုပ်အားရေးသားခဲ့သည်။ ပညာရေး ရုပ်မြင်သံကြား ဌာနမှူးတာဝန်ဖြင့် ပညာရေးရုပ်မြင်သံကြား သင်ခန်းစာများ ၊ မြန်မာစာ မြန်မာစကား ဗီဒီယို ဇာတ်ကားများထုတ်လုပ်ခဲ့သည်။ အပတ်စဉ်ထုတ်ဂျာနယ် ၊ လစဉ်ထုတ်မဂ္ဂဇင်းများတွင် ဝတ္ထု တိုနှင့် ဆောင်းပါးများရေးသားလျက် ရှိသည်။ လူမှုရေး၊ ဘာသာရေး ပညာဒါနအကျိုးပြုလုပ်ငန်းများတွင် စေတနာအလျှောက် လုပ်အားပေးလျက် ရှိသည်။ ယခုအခါ မြန်မာနိုင်ငံ မှူးယစ်ဆေးဝါးဆန် ့ကျင်ရေးအသင်း ဗဟိုအလုပ်အမှုဆောင်အဖြစ် တာဝန်ယူ ဆောင်ရွက်လျက် ရှိသည်။

နိုင်ငံခြားအတွေ ့အကြုံ[ပြင်ဆင်ရန်]

၁၉၈၂ ရုပ်မြင်သံကြားပညာတော်သင် အဖြစ် ဂျပန်နိုင်ငံ NHK တွင် ပညာတော်သင် ၊ မလေရှားနိုင်ငံ ၊ ဗီယက်နမ်နိုင်ငံ ၊ ထိုင်းနိုင်ငံ ၊ တရုတ်နိုင်ငံများသို့ သွားရောက်ခဲ့သည်။

လိပ်စာ[ပြင်ဆင်ရန်]

အမှတ် ၄၀ဝ၊ ဇာနည်(၁၀)လမ်း၊ (၉)ရပ်ကွက်၊ တောင်ဥက္ကလာပ မြို ့နယ်

ကိုးကား[ပြင်ဆင်ရန်]