အောက်နန်းချောင်းရွာ၊ နန်းချောင်း

ဝီကီပီးဒီးယား မှ

အောက်နန်းချောင်းရွာ၊ နန်းချောင်း

နန်းချောင်းသည် ကျေးရွာအုပ်စုဖြစ်ပြီး ( အောက်နန်းချောင်း၊ ချောင်းတစ်ဖက်ကမ်း၊ အလယ်ပိုင်း၊ နန်းချောင်း (အထက်)၊ သုံးပင်ဆိုင်၊ ရွာမ၊ နန်းရာကုန်း ) အားလုံးပေါင်း၍ နန်းချောင်းကျေးရွာ ဟုခေါ်သည်။ ရှေးဘုရင် ယာယီနန်းစိုက်ခဲ့သော နန်းရာကုန်းနေရာမှ မြစ်ဖျားခံကာစီးဆင်းလာသည့်ချောင်း ဖြတ်သန်းသောရွာဖြစ်သဖြင့် နန်းချောင်းရွာဟုခေါ်တွင်သည်။ သံတွဲမြို့ နှင့်ငပလီကမ်းခြေကြား ကားလမ်းတစ်ဘက်တစ်ချက်တွင်တည်ရှိပြီး သံတွဲမှ ၂ မိုင်၊ ငပလီမှ ၂ မိုင်ဝေးသည်။ ရွာတန်းရှည်အမျိုးအစားဖြစ်ပြီး စိုက်ပျိုးရေးဖြင့် အသက်မွေးကြသည်။ နန်းချောင်းရွာတွင် အခြေခံပညာ မူလတန်းကျောင်း (၃)ကျောင်းရှိပြီး၊ ဗုဒ္ဓဘာသာများသာနေထိုင်သဖြင့် ဘုန်းကြီးကျောင်း (၄) ကျောင်းအပြင်၊ သံတွဲခရိုင်ငါးဦးစီးရုံး၊ မေတ္တာဝတီဘိုးဘွားရိပ်သာ၊ သီတဂူ အခမဲ့မျက်စိဆေးရုံ၊ ကုန်းလမ်းပို့ဆောင်ရေး ( RTC ဂိတ်) နှင့် ဓာတ်အားခွဲရုံတို့တည်ရှိသည်။ သဘာဝရေတံခွန်ငယ် (၃) ခုရှိသည်။ အာဇာနည်နေ့ကဲ့သို့ မိုးကာလ အစိုးရရုံးပိတ်ရက်များတွင် ရေတံခွန်သို့လာသူများနှင့် ပိုမိုစည်ကားသည်။

အောက်နန်းချောင်း
အောက်နန်းချောင်း သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
အောက်နန်းချောင်း
အောက်နန်းချောင်း
အောက်နန်းချောင်း တည်နေရာ၊ မြန်မာ။
ကိုဩဒိနိတ်: 18°27′13″N 94°20′53″E / 18.45373°N 94.34794°E / 18.45373; 94.34794
နိုင်ငံ မြန်မာ
ပြည်နယ်ရခိုင်ပြည်နယ်
ခရိုင်သံတွဲခရိုင်
မြို့နယ်သံတွဲမြို့နယ်
ကျေးရွာအုပ်စုNan Chaung[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. GAD, Feb 2011.