အောက်စဖို့မြို့

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
အောက်စဖို့မြို့ကို ဘိုးတောင် ပေါ်မှ မြင်ရပုံ

အောက်စဖို့မြို့[ပြင်​ဆင်​ရန်​]

အင်္ဂလန်နိုင်ငံ အောက်စဖို့ရှိုင်းယာနယ်၊ အောက်စဖို့ကောင်တီ၏ မြို့တော်မှာ အောက်စဖို့မြို့ ဖြစ်သည်။ အောက်စဖို့ကောင်စီအတွင်း၌ တင်းမြစ်ကို အိုက်စစ်ဟု ခေါ်ရာ ထိုမြစ်သည် အောက်စဖို့မြို့၏ အနောက်နှင့် တောင်ဘက်တို့ တွင် စီးဆင်းလျက်ရှိပြီးလျှင် ထိုမြစ်၌ပင် ချားဝဲမြစ်သည် တင်း မြစ်အတွင်းသို့ စီးဝင်လာလေသည်။ အောက်စဖို့မြို့သည် လန်ဒန်မြို့၏ အနောက်မြောက်ဘက်တွင်ရှိ၍ မီးရထားလမ်းဖြင့် ၆၃ မိုင်၊ ရိုးရိုးကားလမ်းဖြင့် ၅၄ မိုင် ဝေးကွာသည်။ မြို့ ဟောင်းဖြစ်သော ကားဖက်၏အလယ်တွင်လမ်းကြီး လေးလမ်း ဖြတ်လျက်ရှိသည်။

ထိုလမ်းများမှာ (၁) ဥရောပတိုက်တွင် ရှုချင့်စဖွယ်အကောင်းဆုံးလမ်းကြီးတစ်လမ်းဖြစ်သောဟိုင်းစထရိ (၂) ကွန်းမားကတ် (၃) ကွင်းစထရိ နှင့် (၄) စိန့်အဲလဒိတ် တို့ဖြစ်သည်။ ဟိုင်းစထရိ၏ တစ်ဖက်စွန်း မော့ဒလင်းတံတား၏ တစ်ဖက်တွင်ခေတ်မီသော ဆင်ခြေဖုံးမြို့များရှိသည်။

မြောက်အောက်စဖို့မြို့ရှိ ဆန်းမားတောင်းတွင် တောအိမ်ကြီး ရခိုင် အမြောက်အမြားရှိသည်။ အောက်စဖို့မြို့တွင် သံမဏိ (ပြား)လုပ်ငန်း၊ မော်တော်ကားလုပ်ငန်းနှင့် တက္ကသိုလ် ကျောင်းသူကျောင်းသားများအား ကျွေးမွေးသောလုပ်ငန်းများရှိ သည်။ အရက်ချက်သော လုပ်ငန်းနှင့် နွားများ ရောင်းသော လုပ် ငန်းကြီးလည်းရှိသည်။

အောက်စဖို့မြို့တွင် ဘုရားဝတ်ပြုကျောင်းများ၊ကောလိပ် ကျောင်းများ၊ ပြတိုက်များ၊ စာကြည့်တိုက်များနှင့် တက္ကသိုလ် အဆောက်အဦး များအပြင်၊ အခြားအဓိကရအဆောက်အဦများမှာ မြူနီစီပယ် အဆောက်အဦများ၊ ရဲတိုက်နှင့် ယောကျာ်းကလေး အထက်တန်းကျောင်းဖြစ်သည်။ မြို့ဟောင်း၏ မြို့ရိုး အကြွင်း အကျန် အမြောက်အမြားလည်းရှိသည်။

၁၅၃၉ ခုနှစ်တွင် အဋ္ဌမဟင်နရီသည် ဘုရားဝတ်ပြု ကျောင်း ဘုန်းကြီးများ၏ အာဏာများကို နှိမ်နှင်းလိုက်သည်။ ၁၇ ရာစုနှစ်အတွင်း၌ ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်အတွင်း၌ အောက်စဖို့မြို့သည် ပထမချားလ်ဘုရင်၏ ရုံးစိုက်ရာမြို့တော် ဖြစ်ခဲ့လေသည်။ အရေးကြီးသောစစ်ပွဲများသည်လည်း အောက်စဖို့မြို့၏ ပတ်ဝန်းကျင်၌ ဖြစ်ပွားခဲ့ကြသည်။

အောက်စဖို့မြို့ ဖွံ့ဖြိုးလာသည်မှာ အဓိကအားဖြင့် အောက်စဖို့ တက္ကသိုလ်ကြောင့် ဖြစ်သော်လည်း ထိုမြို့သည် တက္ကသိုလ်မတည်မီက ပင်လျှင် အရေးပါခဲ့လေသည်။ အင်္ဂလို ဆက္ကဆွန်ဘုရင်များအုပ်ချုပ်သော နောက်ပိုင်းတွင် အောက်စဖို့မြို့သည် တင်းမြစ်ပေါ်တွင် တည်ရှိနေခြင်းကြောင့် နော်မန်လူမျိုးတို့သည် ထိုမြို့ကို ခိုင်ခံ့သောခံတပ်ကြီးအဖြစ် ထားရှိခဲ့ ကြလေသည်။

အောက်စဖို့တက္ကသိုလ်ကို သီးခြားအဖွဲ့အစည်းဖြင့် အုပ်ချုပ်သည်။တက္ကသိုလ်၏အဓိကလုပ်ငန်းများမှာ စာမေးပွဲများ ကျင်းပခြင်း၊ ဘွဲ့များချီးမြှင့်ခြင်း၊ ကောလိပ်ကျောင်းများ၏ ပြင်ပတွင်ရောက် နေသူများ၏ စည်ကမ်းများကို ထိန်းသိမ်းပေး ခြင်းများဖြစ်သည်။ အောက်စဖို့တက္ကသိုလ်၌ အမျိုးသား အမျိုးသမီးများ ဘွဲ့များကို ရယူနိုင်သည်။

တောင်အာဖရိကတိုက် နိုင်ငံရေးသုခမိန်တစ်ဦးဖြစ်သော စဲ့စီရုတ် (၁၈၅၃-၁၉ဝ၂)၏ ဆန္ဒအရ အမေရိကန်ပြည်တောင်စု၊ ဗြိတိသျှဒိုမီနီယန်နှင့် ဂျာမနီနိုင်ငံများမှ ကျောင်းသားများအား ပညသင်ဆုများပေးကာ အောက်စဖို့တက္ကသိုလ်သို့ လာရောက် ပညာသင်ကြားခွင့်ပေးခဲ့သည်။ ပထမနှင့် ဒုတိယကမ္ဘာစစ်များ အတွင်းတွင် ဂျာမနီနိုင်ငံမှ ကျောင်းသားများအား အောက်စဖို့ ပညာသင်ဆုပေးခြင်းကို ရပ်ဆိုင်းထားခဲ့သည်။ ကျောင်းသား တစ်ယောက်အား တစ်နှစ်အတွင်းပေးသည့် စကောလားရှစ် (ပညာသင်ဆု) တန်ဖိုးမှာ ပေါင် ၅ဝဝ ခန့် ဖြစ်သည်။အောက်စဖို့တက္ကသိုလ်သည် ပညာဘက်တွင်သာမဟုတ် အားကစားဖက်တွင်လည်း ကိမ်းဗရစ်တက္ကသိုလ်ကဲ့သို့ အားပေး လေသည်။ ကစားခုန်စားပွဲများ၌ အောက်စဖို့ ကျောင်းသား ကိုယ်စားလှယ်များကအပြာရင့်များဟူ၍လည်းကောင်း၊ ကိမ်း ဗရစ်တက္ကသိုလ် ကျောင်းသားကိုယ်စားလှယ်များက အပြာနု များဟူ၍လည်းကောင်း တွင်ကြသည်။

အောက်စဖို့မြို့ကို မဲဆန္ဒဖြင့် ရွေးကောက်တင်မြေ|ာက် ထားသော ကောင်စီကအုပ်ချုပ်၏။ သို့သော် မြို့ပြစီမံအုပ်ချုပ် ရေးအဖွဲ့ဝင် လူကြီးသုံးဦးနှင့် ကောင်စီလူကြီးကိုးဦးသည် တက္ကသိုလ်၏ကိုယ်စားလှယ်များ ဖြစ်ကြလေသည်။ အောက်စဖို့ မြို့မှ ပါလီမန်သို့ အမတ်တစ်ဦး စေလွတ်ခွင့်ရခဲ့သည်။ ၁၂၉၅ ခုမှ ၁၈၈၅ ခုနှစ်အတွင်းတွင်မူ အမတ်နှစ်ဦးကို စေလွှတ် ခွင့်ရရှိခဲ့သည်။ အောက်စဖို့မြူနီစီပယ်၏ ရေလုပ်ငန်းသည် အောက်စဖို့မြို့ အတွင်း၌ ၁၆၁၅ ခုနှစ်ကပင် စတင်ခဲ့လေသည်။ ၁၉၂၈ ခုနှစ်တွင် အောက်စဖို့မြို့၏ နယ်နမိတ်ကို တိုးချဲ့ခဲ့ သည်။ ဟက်ဒင်တန်ခရိုင်နှင့် မောရစ်မော်တော်ကားလုပ်ငန်း ရှိသော ကောင်းလေမြို့ကို အောက်စဖို့မြို့အတွင်းသို့ သွတ်သွင်း ခဲ့သည်။ အောက်စဖို့မြို့၏ ပတ်ဝန်းကျင် နေရာများကို အဆောက် အဦများဆောက်လုပ်ခြင်းဖြင့် ဖျက်ဆီးပစ်မည့် ဘေးအန္တရာယ်ကို ကာကွယ်ပေးရန် လှုပ်ရှားမှုတစ်ခု ပေါ်ခဲ့ဖူး၍ ယခုအခါ၌မူ အောက်စဖို့မြို့ထိန်းသိမ်းရေး အဖွဲ့တစ်ခုရှိသည်။ အောက်စဖို့မြို့ ၏ လူဦးရေမှာ ၁၅၃,၇၀၀ယောက်(၂၀၁၀) ဖြစ်လေသည်။[၁]


ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)