အုဝဘခိ

ဝီကီပီးဒီးယား မှ
အရွယ်အစားအမျိုးမျိုးရှိသည့် အုဝဘခိများကို ရောင်းချထားပုံ

အုဝဘခိ (上履き) သည် ဂျပန်ဖိနပ်တစ်မျိုး ဖြစ်သည်။ ၎င်းကို အိမ်တွင်း၊ ကျောင်းအတွင်း၊ သတ်မှတ်ထားသည့် ကုမ္ပဏီများနှင့် အများပြည်သူနှင့်ဆိုင်သည့် နေရာများ စသည်တို့ကဲ့သို့သော အပြင်လမ်းလျှောက်ရာတွင် အသုံးပြုသည့် ဖိနပ်များဖြင့် စီးနင်း၍ မဖြစ်နိုင်သော/ ကန့်သတ်ထားသော နေရာများတွင် ဝတ်ဆင်ကြသည်။

ဂျပန်လူမျိုးတို့၏ ယဉ်ကျေးမှုတတွင် အိမ်များ၊ အခြားသော အဆောက်အဦးများ၊ အထူးသဖြင့် ကြမ်းခင်းခင်းထားသည့် ကြမ်းပြင်များနှင့် အရောင်တင်ထားသည့် သစ်သားကြမ်းခင်း၊ တတမိ စသည်များသို့ ဝင်ရောက်သည့်အခါ ဖိနပ်များကို ချွတ်ပြီးမှ ဝင်ကြရသည်။ အုဝဘခိသည် ပေါ့ပါးသည်၊ ကွေးနိုင်သည့် ဖိနပ်များ ဖြစ်ပြီး အလွယ်တကူပင် စွပ်နိုင်ချွတ်နိုင်ပြီး အိမ်အတွင်းစီးရန် ဒီဇို်င်းပြုလုပ်ထားသည်။ အုဝဘခိများကို အပြင်ဘက်တွင် မစီးနင်းသည့်အတွက် ဖိနပ်အောက်ခံများသည် သန့်ရှင်းနေပြီး အဆောက်အဦး၏ ကြမ်းပြင်များကို အနည်းဆုံး သန့်ရှင်းရှိအောင် ထိန်းသိမ်းထားနိုင်ပေသည်။

မူကြိုမှစ၍ ကောလိပ်အထိ ကျောင်းတိုင်း၏ အဝင်တွင် ဖိနပ်ချွတ် (genkan) ရှိပြီး ကျောင်းသားတစ်ယောက်ချင်းစီအတွက် အုဝဘခိများကို ထားရှိရန် လော့ကာ (getabako) များ ထားရှိသည်။ အုဝဘခိ၏ အရောင်သည် အမြဲတမ်း အဖြူရောင် ဖြစ်သော်လည်း ခြေချောင်းများတစ်လျောက်တည်ရှိသည့် အစင်းကြောင်း၏ အရောင်အလိုက် ကျောင်းသား၏ အတန်းကို ဖော်ပြကြသည်။

ကိုးကား[ပြင်ဆင်ရန်]