အုမဟိုရိဘူတာ
အုမဟိုရိဘူတာ 馬堀駅 | |||||||||||
|---|---|---|---|---|---|---|---|---|---|---|---|
အုမဟိုရိဘူတာ, ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ | |||||||||||
| တည်နေရာ | Rokunotsubo-29 Shinochoumahori, Kameoka-shi, Kyoto-fu 621-0823 Japan | ||||||||||
| ကိုဩဒိနိတ် | 35°00′37″N 135°36′08″E / 35.0104°N 135.6021°Eကိုဩဒိနိတ်: 35°00′37″N 135°36′08″E / 35.0104°N 135.6021°E | ||||||||||
| ပိုင်ဆိုင်သူ | |||||||||||
| စီမံခန့်ခွဲသူ | |||||||||||
| ရထားလိုင်း(များ) | |||||||||||
| အကွာအဝေး | ၁၈.၁ km (၁၁.၂ mi) from Kyoto | ||||||||||
| ပလက်ဖောင်းများ | 2 side platforms | ||||||||||
| ရထားစင်္ကြံ | 2 | ||||||||||
| ဆက်သွယ်ထားမှုများ |
| ||||||||||
| တည်ဆောက်မှု | |||||||||||
| ဖွဲ့စည်းပုံ အမျိုးအစား | Ground level | ||||||||||
| မသန်စွမ်းသူများ အသုံးချနိုင်မှု | Yes | ||||||||||
| အခြား အချက်အလက်များ | |||||||||||
| အခြေအနေ | Staffed (Midori no Madoguchi ) | ||||||||||
| ဘူတာရုံ ကုဒ် | JR-E10 | ||||||||||
| ဝဘ်ဆိုဒ် | တရားဝင် ဝက်ဘ်ဆိုက်တ် | ||||||||||
| သမိုင်းကြောင်း | |||||||||||
| ဖွင့်ခဲ့ | ၂၀ ဇူလိုင် ၁၉၃၅ | ||||||||||
| Traffic | |||||||||||
| ခရီးသည် (FY2019) | 4672 daily | ||||||||||
| ဝန်ဆောင်မှုများ | |||||||||||
| |||||||||||
| တည်နေရာ | |||||||||||
အုမဟိုရိဘူတာ (馬堀駅, Umahori-eki) သည် ဂျပန်နိုင်ငံ၊ ကျိုတိုစီရင်စု၊ ခမဲအိုခမြို့တွင် တည်ရှိသည့်ဘူတာတစ်ခု ဖြစ်သည်။ ဤဘူတာကို West Japan Railway Company (JR West) က စီမံခန့်ခွဲလျက်ရှိသည်။
ရထားလိုင်းများ
[ပြင်ဆင်ရန်]အုမဟိုရိဘူတာသည် ဆန်းအင်းလိုင်း (ဆဂနိုလိုင်း) ကို ဆောင်ရွက်လျက်ရှိသည်။ ဤဘူတာသည် ခရီးဆုံးဘူတာဖြစ်သည့် ကျိုတိုဘူတာမှ ၁၁.၂ မိုင် (၁၈.၁ ကီလိုမီတာ) အကွာတွင် တည်ရှိသည်။
ဘူတာပုံစံ
[ပြင်ဆင်ရန်]ဘူတာတွင် ဘယ်ညာပလက်ဖောင်းနှစ်ခု ပါဝင်ပြီး ဘူတာအဆောက်အဦသို့ ထိုပလက်ဖောင်းနှစ်ခုမှ တံတားဖြင့် ဆက်သွယ်ထားသည်။ ဘူတာတွင် “မိဒိုရိနော့ မဒိုဂုချိ” လက်မှတ်ရောင်းသည့်ဌာနလည်း ရှိသည်။[၁]
ပလက်ဖောင်းများ
[ပြင်ဆင်ရန်]| 1 | ■ |
for Kyoto |
| 2 | ■ |
for Kameoka, Sonobe and Fukuchiyama |
သမိုင်းကြောင်း
[ပြင်ဆင်ရန်]အုမဟိုရိဘူတာကို ၁၉၃၅ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ ၁၉၈၇ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် ဂျပန်နိုင်ငံအမျိုးသားရထားလိုင်း (JNR) သည် ရထားလမ်းလုပ်ငန်းများကို ပုဂ္ဂလိကသို့ လွှဲပြောင်းပေးလိုက်သဖြင့် ဤဘူတာသည် West Japan Railway Company ၏ ထိန်းချုပ်မှုအောက်တွင် ရှိခဲ့သည်။ ၁၉၈၉ ခုနှစ်၊ မတ်လ ၅ ရက်နေ့တွင် ရထားလိုင်းအသစ်တစ်ခု တိုးချဲ့လိုက်သဖြင့် ဘူတာကို နေရာအသစ်ကို ရွှေ့ခဲ့သည်။ မူလဘူတာအဟောင်းကို လက်ရှိအချိန်တွင် ဆဂနိုခရီးသွားရထားလိုင်း (Sagano Scenic Railway) အတွက် အသုံးပြုလျက်ရှိသည်။[၂]
၂၀၁၈ ခုနှစ်၊ မတ်လတွင် ဘူတာအမှတ်သတ်မှတ်ခြင်းများ လုပ်ဆောင်ခဲ့သည်။ ဤဘူတာ၏ အမှတ်သည် JR-E10 ဖြစ်သည်။[၃][၄]
ခရီးသည်အချက်အလက်
[ပြင်ဆင်ရန်]၂၀၁၉ ခုနှစ်တွင် ဘူတာကို နေ့စဉ်အသုံးပြုသည့် ခရီးသည်အရေအတွက်သည် ပျှမ်းမျှအားဖြင့် ၄၆၇၂ ဦး ရှိခဲ့သည်။[၅]
အနီးဝန်းကျင်နေရာ
[ပြင်ဆင်ရန်]- တိုရော့ခိုခမဲအိုခဘူတာ - ဆဂနိုခရီးသွားလိုင်း၏ ဂိတ်ဆုံးဘူတာ (အုမဟိုရိဘူတာမှ ခန့်မှန်းခြေ ၅၀၀ မီတာအကွာတွင် တည်ရှိသည်)
- ရှိနိုမုရဟချိမန်းဂု (Shinomura Hachiman-gu)
- ခမဲအိုခမြူနီစီပယ်ဆေးရုံ
- ခမဲအိုခရှောတိုခုအထက်တန်းကျောင်း
ပြင်ပလင့်များ
[ပြင်ဆင်ရန်]
Wikimedia Commons ရှိ အုမဟိုရိဘူတာ နှင့်ပတ်သက်သော မီဒီယာများ
ကိုးကား
[ပြင်ဆင်ရန်]- ↑ 馬堀駅 構内図။ 21 October 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ October 24, 2013 တွင် ပြန်စစ်ပြီး။
- ↑ Ishino၊ Tetsu; et al., eds. (၁၉၉၈)။ 停車場変遷大事典 国鉄・JR編 [Station Transition Directory – JNR/JR] (ဂျပန်ဘာသာစကားဖြင့်)။ II။ Tokyo: JTB Corporation။ p. 299။ ISBN 4-533-02980-9။
- ↑ 近畿エリアの12路線 のべ300駅に「駅ナンバー」を導入します! (in ja) (20 July 2016)။ 16 November 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 December 2022 တွင် ပြန်စစ်ပြီး။
- ↑ 「駅ナンバー」一覧表 (in ja) (20 July 2016)။ 16 November 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 December 2022 တွင် ပြန်စစ်ပြီး။
- ↑ You must specify title = and url = when using {{cite web}}. (in Japanese)။ Kameoka City (2021)။ 11 August 2021 တွင် ပြန်စစ်ပြီး။