အီလက်ထရွန်းနစ် အော်ဆီလေတာ

အီလက်ထရွန်းနစ် အော်ဆီလေတာ (Electronic Oscillator) ဆိုသည်မှာ တစ်ခုတည်းသော အီလက်ထရွန်းနစ် ဆစ်ဂနယ်များကို အကြိမ်ပေါင်းများစွာ ထပ်တလဲလဲ ထုတ်လွှင့်သော အီလက်ထရွန်းနစ် ပတ်လမ်း တစ်မျိုး ဖြစ်ပြီး ဆိုင်းဝေ့ဗ် (Sine Wave) စကွဲယား ဝေ့ဗ် (square wave) စသည်တို့ ကို ထုတ်လွှင့်လေ့ ရှိသည်။ ထိုပတ်လမ်းများကို အမျိုးမျိုးသော အီလက်ထရွန်းနစ် ကိရိယာများတွင် ထည့်သွင်း သုံးစွဲလေ့ ရှိသည်။ အော်ဆီလေတာမှ ဆစ်ဂနယ် ထုတ်လွှင့်ခြင်းကို ဥပမာ ပြရမည် ဆိုပါက ရေဒီယို နှင့် ရုပ်မြင်သံကြား ထုတ်လွှင့်စက်များ၊ ကွန်ပျူတာကို ထိန်းချုပ်မောင်းနှင်သော ကလော့ခ် ဆစ်ဂနယ်များ၊ ကွပ်ဇ် နာရီများ၊ အီလက်ထရွန်းနစ် အသံပြုစက်များမှ ထွက်ပေါ်လာသော အသံများနှင့် ဗွီဒီယိုဂိမ်း တို့ ဖြစ်ကြသည်။