အီရှီကာဝါ သရုပ်ပြပုံ

ဝီကီပီးဒီးယား မှ
အီရှိကာဝါ သရုပ်ပြပုံ

အီရှိကာဝါ သရုပ်ပြပုံ (Ishikawa diagrams) ကို ငါးရိုးသရုပ်ပြပုံ (fishbone diagrams)၊ ဟဲရင်းငါးရိုး သရုပ်ပြပုံ၊ အကြောင်းအကျိုးဆက်နွယ်မှု သရုပ်ပြပုံ၊ ဖီရှီကာဝါ သရုပ်ပြပုံ စသည်ဖြင့် ခေါ်ဝေါ်လေ့ ရှိကြသည်။ ထိုသရုပ်ပြပုံတွင် အဖြစ်အပျက်တစ်ခု ဖြစ်လာရခြင်း အတွက် ဖြစ်ပေါ်စေသော အကျိုးအကြောင်းများကို ဖော်ပြခြင်း ဖြစ်သည်။ အီရှီကာဝါ သရုပ်ပြပုံကို အများဆုံး အသုံးပြုလေ့ ရှိကြသည့် နေရာများမှာ ကုန်ပစ္စည်းများကို ဒီဇိုင်းထုတ်ခြင်း နှင့် ကွာလတီ ထိန်းချုပ်ရာတို့တွင် ဖြစ်ပြီး အဓိက အကောင်းအဆိုး သက်ရောက်မှုကို ဖြစ်ပေါ်စေသော ဖြစ်နိုင်သည့် အချက်များကို ရှာဖွေ ဖော်ထုတ်ရန် အတွက် အသုံးပြုသည်။