အီရန်-အီရတ် ငလျင်
| တမ်းပလိတ်:OSM Location map | |
| UTC အချိန် | ?? |
|---|---|
| ရက်စွဲ * | ၁၂ နိုဝင်ဘာ ၂၀၁၇ |
| မူလ အချိန် * | 18:18:18 UTC |
| အတိုင်းအတာ | 7.3 Mw[၄][၁] [၂][၃][၅][၁] |
| အနက် | ၁၉.၀ km (၁၂ mi)[၄] |
| ငလျင်ဗဟို | 34°54′18″N 45°57′22″E / 34.905°N 45.956°Eကိုဩဒိနိတ်: 34°54′18″N 45°57′22″E / 34.905°N 45.956°E[၄] |
| အက်ကွဲကြောင်း | Arabian and Eurasian plates |
| အမျိုးအစား | Thrust fault[၄] |
| သက်ရောက်ဧရိယာ | |
| အများဆုံးပြင်းအား | VIII (Severe) |
| နောက်ဆက်တွဲငလျင် | 11 November |
| ထိခိုက်သေကြေမှုများ | 540+ dead 8,100+ injured[၆][၇][၈][၉] 70,000+ homeless[၉] |
| * Deprecated | See documentation. |
၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့ ၁၈:၁၈ UTC တွင် ဖြစ်ပွားခဲ့သည်။ အီရန်နိုင်ငံ စံတော်ချိန် ၂၁:၄၈ အချိန် ဖြစ်၏။ အာရေးဘီးယားနိုင်ငံ စံတော်ချိန်သည် ၂၁:၁၈ ဖြစ်သည်။ ပြင်းအား ၇.၃ ပမာဏ ရှိသည့် ငလျင်သည် တဒင်္ဂအတွင်းမှာ ဖြစ်ပွားခဲ့သည်။ ဖြစ်ခဲ့သည့် နေရာသည် အီရန်-အီရတ် နယ်နိမိတ်တွင် ဖြစ်၏။ Kermanshah စီရင်စုသည် ငလျင်ဗဟိုချက်မဖြစ်သည်။[၄][၁၀] အီရတ်၏ မြို့တော် Halabja မှ တောင်ဘက် ခန့်မှန်းခြေ ၁၉ မိုင် (၃၀ ကီလိုမီတာ) တွင် တည်ရှိသည်။[၄]
၎င်းဒဏ်ကို အဝေးရှိ အစ္စရေးနှင့် အာရပ်စော်ဘွားများပြည်ထောင်စုတို့လည်း ခံစားခဲ့ရသည်။ အီရန်တွင် လူ ၅၃၀ ဦး၊အီရတ်တွင် ၁၀ ဦး သေဆုံးခဲ့သည့်အတွင် စုစုပေါင်း ၅၄၀ ဦး သေဆုံးခဲ့သည်။ လူပေါင်း ၈၁၀၀ သည် ထိခိုက်မှုများ ဖြစ်ခဲ့သည်။ ထို့ပြင် မရေတွက်ရသေးသည့်အတွက် အရေအတွက်သည် ထိုထက်လည်း များနိုင်သည်။[၁၁][၆][၁၂] လတ်ရှိတွင် ထိုငလျင်သည် ၂၀၁၇ ခုနှစ်အတွက် သေဆုံးသူအများဆုံးငလျင် ဖြစ်ခဲ့သည်။[၁၃]
ငလျင်
[ပြင်ဆင်ရန်]

Baghdad ၏ အရှေ့မြောက်ဘက်[၁][၂][၃] ခန့်မှန်းခြေ ၂၂၀ ကီလိုမီတာ (၁၄၀ မိုင်) အကွာရှိ အီရန်-အီရတ် နယ်နိမိတ်အနီးတွင် ဖြစ်ပွားခဲ့သည်။[၁][၂][၃][၅] အမေရိကန်နိုင်ငံ၏ ဘူမိဗေဒလေ့လာမှုများအရ ငလျင်၏ ပြင်းအားသည် ၇.၃ ဖြစ်သည်။[၂] ငလျင်ဗဟိုချက်သည် ၁၉ ကီလိုမီတာ (၁၁.၈ မိုင်) အနက်တွင် တည်ရှိသည်။ ငလျင်သည် ဒေသတွင်းတွင် အားအပြင်းဆုံးငလျင် အဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ၁၉၆၇ ခုနှစ် ဇန်နဝါရီလတွင် ဖြစ်ပွားခဲ့သည့်ငလျင်သည် ၆.၁ Mw ရှိသည်။[၄] ထိုငလျင်ကြောင့် အရှေ့အလယ်ပိုင်းတစ်လျှောက်လုံးကို ထိခိုက်မှုများ ဖြစ်ခဲ့သည်။ ထို့ပြင် ဝေးလံသည့် အစ္စရေး၊ အာရေဗျကျွန်းဆွယ်၊ တူရကီတို့တွင်လည်း ထိခိုက်မှုများ ရှိခဲ့သည်။[၁၄][၁၅][၁၆][၈] အီရန်မြေငလျင်ဌာနက နာရီအနည်းငယ်အတွင်း လှုပ်ခတ်မှုသည် အနည်းဆုံးအကြိမ် ၅၀ ခန့်ရှိသည်ဟု မှတ်တမ်းတင်ခဲ့သည်။[၁၇]
နောက်ဆက်တွဲ ဖြစ်ရပ်များ
[ပြင်ဆင်ရန်]သေကျသူများနှင့် ထိခိုက်မှုများ
[ပြင်ဆင်ရန်]ငလျင်တွင် Kermanshah နယ်သည် သက်ရောက်မှု အများဆုံးဒေသ ဖြစ်ခဲ့သည်။ အီရတ်နိုင်ငံ၏ မြို့များနှင့် Sarpol-e Zaha တို့သည်လည်း ပြင်းထန်သော လှုပ်ခါမှုတို့ ကြုံခဲ့ရသည်။[၂][၂][၃][၂][၅][၁]
Halabja, Ezgeleh တို့သည် ငလျင်ဗဟိုချက်နှင့် အနီးဆုံးမြို့များ ဖြစ်ကြသည်။[၁၈] အီရန်လူမျိုး သေဆုံးသူများ၏ ထက်ဝက်ကျော်သည် Sarpol-e-Zahab နှင့် Ezgeleh ဒေသတို့မှ ဖြစ်သည်။ ထိုဒေသနှစ်ခုတွင် လူဦးရေ ၃၀၀၀၀ ကျော် ရှိသည်။[၁၉] တရားဝင်ကြေကြာချက်များအရ ငလျင်ဖြစ်ပြီးနောက် Kermanshah ရှိ စာသင်ကျောင်းများကို ပိတ်ခဲ့သည်။ ၁၁ ရက်၊ နိုဝင်ဘာလတွင် လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၅၄၀ ကျော်၊ ထိခိုက်ဒဏ်ရာရသူ ၈၁၀၀ ကျော်၊ အိုးမဲ့အိမ်မဲ့ ၇၀၀၀၀ ကျော် ရှိခဲ့သည်။[၂၀]
အနည်းဆုံး လူ ၁၅၀ ဦးသည် သေဆုံးနိုင်သေးသည်ဟု ထုတ်ပြန်ကြေညာထားသည်။ ထို့ပြင် အခြားလူ ၇၀၀၀ ကျော်သည် ထိခိုက်ဒဏ်ရာရခဲ့သည်။[၁၄][၂၁] Sarpol-e Zahab တွင် ဆေးရုံပျက်စီးခဲ့ရာ အနည်းဆုံး ၁၄၂ ဦး သေဆုံးခဲ့သည်။ ယခင်သမ္မတ Mahmoud Ahmadinejad တည်ဆောက်ခဲ့သည့် ဆေးရုံရှိ အိမ်ရာသည် ရှုပ်ရှုပ်ထွေးထွေး ဖြစ်နေသည်။ ထိုအိမ်ရာတွင် လူများစွာ နေကြသည်။ အိမ်နီးချင်း အီရန်နိုင်င်ငံတွင် အနည်းဆုံး ၇ ဦးသေဆုံးကာ ၅၀၀ မှာ ထိခိုက်ဒဏ်ရာရခဲ့သည်။[၂၀][၂၂] မြေငလျင်၏ အရှိန်ကြောင့် မြေပြိုမှုအန္တရာယ်များလည်း ရှိခဲ့သည်။[၂၃] ငလျင်ကြောင့် အီရန်ရှိ ဒေသ ၁၄ ခုတွင်[၉][၂၄] အိုးအိမ်မဲ့ဖြစ်ခဲ့သူ ၇၀၀၀၀ ဦး ရှိခဲ့သည်။ ခန့်မှန်းခြေ အိမ်အလုံး ၁၂၀၀၀ ကို ဖျက်ဆီးခဲ့ပြီး အခြားသောအရာတို့ကို ဖျက်ဆီးမှုသည် ၁၅၀၀၀ ရှိခဲ့သည်။[၂၅] ကယ်ဆယ်ရေးအတွက် ရွက်ဖျင်တဲ ၂၂၀၀၀ နှင့် စောင် ၅၂၀၀၀ ထည်ကို ငလျင်ပြီးနောက်တွင် ပေးဝေခဲ့သည်။[၂၅]
Sarpol-e Zahab တွင် နေထိုင်သူများက အစိုးရ၏ အကျင့်ပျက်ခြစားမှုကြောင့် ဆောက်လုပ်ရေးသည် အရည်အသွေးကောင်းမွန်မှုမရှိသည့်အတွက် များပြားစွာ ပျက်စီးခဲ့ခြင်း ဖြစ်သည်ဟု အပြစ်တင်ခဲ့သည်။[၉] ငလျင်တွင် အဆောက်အဦသစ်များစွာတို့သည် ပျက်စီးခဲ့သော်လည်း သက်တမ်းကြာရင့်သော အဆောက်အဦတို့သည် မပျက်စီးဘဲ ရှိနေခဲ့သည်။[၉]
အကူအညီ
[ပြင်ဆင်ရန်]တူရကီသည် အကူအညီများကို ပထမဆုံး ပေးအပ်ခဲ့သည်။ Emergency Management Presidency ၏ ပြောကြားချက်အရ ကယ်ဆယ်ရေးအမှုထမ်း ၉၂ ယောက်၊ ရွက်ဖျင်တဲ ၄၀၀၀၊ စောင် ၇၀၀၀ ထည်တို့ကို လှူဒါန်းခဲ့သည်။ [၂၆]
European Union Foreign Policy ၏ အကြီးအကဲ Federica Mogherini က အရေးပေါ်အကူအညီများ ပေးအပ်သွားမည်ဟု ပြောခဲ့သည်။ [၂၆] အီတလီအစိုးရက ရွက်ဖျင်တဲ၊ စောင် နှင် ပြောင်းရွှေ့နိုင်သည့် မီးဖိုခန်း ၁၂ မက်ထရစ်တန်ကို ပေးပို့ရန် ဆွေးနွေးခဲ့သည်။ [၂၇]
Red Cross အပြည်ပြည်ဆိုင်ရာကော်မတီသည် နိုဝင်ဘာလ၊ ၁၃ ရက်တွင် ရောက်ရှိလာခဲ့ပြီး [၂၇] ရွက်ဖျင်တဲနှင့် ရေများ ထောက်ပံ့ခဲ့သည်။[၉]
ကိုးကား
[ပြင်ဆင်ရန်]- 1 2 3 4 5 6 CNN၊ Shirzad Bozorgmehr and James Masters,။ Iran-Iraq earthquake is deadliest of 2017။
- 1 2 3 4 5 6 7 8 The Iran-Iraq Earthquake May Soon Be the Deadliest of 2017။ 21 January 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 November 2017 တွင် ပြန်စစ်ပြီး။
- 1 2 3 4 5 Powerful Iran-Iraq earthquake is deadliest of 2017 (13 November 2017)။ 14 November 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 November 2017 တွင် ပြန်စစ်ပြီး။
- 1 2 3 4 5 6 7 M 7.3 – 30km S of Halabjah, Iraq။ United States Geological Survey။ 12 November 2017 တွင် ပြန်စစ်ပြီး။
- 1 2 3 Moment Iran-Iraq earthquake struck – CNN Video။
- 1 2 "Powerful Earthquake on Iran-Iraq Border Kills Over 410" (in en)၊ NBC4 Washington။
- ↑ "Quake death toll in western Iran over 370, some 7,200 injured"၊ Trend News Agency။ 13 November 2017 တွင် ပြန်စစ်ပြီး။
- 1 2 "Iran-Iraq earthquake: Deadly tremor hits border region"၊ BBC News၊ 12 November 2017။ 12 November 2017 တွင် ပြန်စစ်ပြီး။
- 1 2 3 4 5 6 "A 7.3-magnitude earthquake on the Iran-Iraq border leaves hundreds dead"၊ The Economist၊ 13 November 2017။ 14 November 2017 တွင် ပြန်စစ်ပြီး။
- ↑ Northern Iraq rocked by 7.2 magnitude earthquake။ Al Jazeera English။ 12 November 2017 တွင် ပြန်စစ်ပြီး။
- ↑ "Officials raise Iran-Iraq earthquake death toll to at least 530"၊ The Guardian။ 14 November 2017 တွင် ပြန်စစ်ပြီး။
- ↑ "Iraqi Red Crescent: Increasing the number of the dead to 10 people because of the earthquake and set up camps to shelter the affected families in Darbandikhan and Halapcha." (in English)၊ ReliefWeb၊ 2017-11-14။
- ↑ "Iran-Iraq quake is 2017's deadliest" (in en-GB)၊ BBC News၊ 13 November 2017။
- 1 2 "Earthquake, Magnitude 7.3 – IRAN-IRAQ BORDER REGION – 2017 November 12, 18:18:17 UTC" (in en)၊ EMSC-CSEM။
- ↑ "Iran-Iraq border quake kills hundreds" (in en-GB)၊ BBC News၊ 13 November 2017။
- ↑ "More than 300 killed as strong quake rocks Iran-Iraq border" (in en)၊ The National။
- ↑ "Strong earthquake hits Iraq and Iran, killing at least 210"၊ 12 November 2017။ 12 November 2017 တွင် ပြန်စစ်ပြီး။
- ↑ Erdbrink၊ Thomas (November 13, 2017)။ Iran-Iraq Earthquake Kills More Than 450။ November 14, 2017 တွင် ပြန်စစ်ပြီး။
- ↑ Over 400 dead after Iran-Iraq earthquake (November 14, 2017)။ 14 November 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 November 2017 တွင် ပြန်စစ်ပြီး။
- 1 2 "Powerful earthquake strike the Iraq-Iran border, at least 123 dead" (in en-US)၊ BNO News။ 17 November 2017 တွင် ပြန်စစ်ပြီး။ Archived from the original on 12 November 2017။
- ↑ "زلزله در استان کرمانشاه باعث مرگ دهها نفر شده است" (in Persian)၊ BBC News၊ 12 November 2017။ 12 November 2017 တွင် ပြန်စစ်ပြီး။
- ↑ Iran-Iraq earthquake: What happened and why။ Al Jazeera English (13 November 2017)။ 13 November 2017 တွင် ပြန်စစ်ပြီး။
- ↑ M7.3 IRAN-IRAQ BORDER REGION on November 12th 2017 at 18:18 UTC (in en)။ 14 November 2017 တွင် ပြန်စစ်ပြီး။
- ↑ The Powerful Earthquake Along the Iran-Iraq Border Has Killed More Than 400 People။ Time (13 November 2017)။ 13 November 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 November 2017 တွင် ပြန်စစ်ပြီး။
- 1 2 "30,000 homes damaged, destroyed by Iran quake"၊ Gulf News၊ 14 November 2017။ 15 November 2017 တွင် ပြန်စစ်ပြီး။
- 1 2 Iran-Iraq earthquake: What happened and why။
- 1 2 The Latest: Italy sends aid after Iran earthquake။ 14 November 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 November 2017 တွင် ပြန်စစ်ပြီး။