အီရန်နိုင်ငံ၏ အုပ်ချုပ်ရေးနယ်မြေဒေသများ

ဝီကီပီးဒီးယား မှ

အီရန်နိုင်ငံတွင် နိုင်ငံ၏ပထမအဆင့်အနေဖြင့် ပြည်နယ်များအဖြစ်ပိုင်းခြားထားသည်။

နိုင်ငံ၏ပြည်နယ်အတွင်း ရှဲဟ်ရိစ်တာန်(ပြည်နယ်အတွင်းရှိမြို့များ)များရှိပြီး ထို ရှဲဟ်ရိစ်တာန်(ပြည်နယ်အတွင်းရှိမြို့များ)အတွင်း၍ ဘခ်ရှ်(ခရိုင်)များရှိသည်။ များသောအားဖြင့် ရှဲဟ်ရိစ်တာန် တစ်ခုအတွင်း များစွာသောမြို့ငယ်များနှင့် ရွာများတည်ရှိပေသည်။ တစ်ဖန် ရွာငယ်များစွာကိုစုပြီး ကျေးလက်ဒေသခရိုင်ဟူ၍လည်းဖွဲ့စည်းထားပြန်သည်။ ရှဲဟ်ရိစ်တာန်(ခရိုင်)များအတွင်း ရှဲဟ်ရိစ်တာန် တစ်ခုကို ခရိုင်များ၏ဗဟိုဌာနချုပ်အဖြစ်လည်း သတ်မှတ်ထားပေသည်။။

အောက်မှာဖော်ပြတဲ့အတိုင်းအီရန်အစိုးရအဆိုအရ, မတ်လ 2016 (အီရန်ပြက္ခဒိန် 1394) ၏သကိန်းဂဏန်းများမှာအောက်ပါအတိုင်းဖြစ်သည်။

အင်္ဂလိပ် ပါးရှန်း ပါးရှန်း pl. နံပါတ်
ပြည်နယ်များ استان ostān استانها ostānhā ၃၁
ပြည်နယ်တွင်းရှိမြို့များ شهرستان shahrestān ၄၂၉
ခရိုင် بخش bakhsh ၁၀၅၇
မြို့ شهر shahr ၁၂၄၅
ကျေးလက်ခရိုင် دهستان dehestān ၂၅၈၉

 အောက်မှာဖော်ပြတဲ့အတိုင်းအီရန်အစိုးရအဆိုအရ, မတ်လ 2016 (အီရန်ပြက္ခဒိန် 1394) ၏သကိန်းဂဏန်းများမှာအောက်ပါအတိုင်းဖြစ်သည်။[၁]

အင်္ဂလိပ် ပါးရှန်း ပါးရှန်း pl. နံပါတ်
ပြည်နယ်များ استان ostān استانها ostānhā ၃၀
ပြည်နယ်တွင်းရှိမြို့များ شهرستان shahrestān شهرستانها shahrestānhā ၄၂၉
ခရိုင် بخش bakhsh بخشها bakhshhā ၁၀၅၇
မြို့ شهر shahr شهرها shahr hā ၁၂၄၅
ကျေးလက်ခရိုင် دهستان dehestān دهستانها dehestānhā ၂၅၈၉

အထက်ပါ ပိုင်းခြားပုံများကို နားလည်လွယ်ရန် ဤသို့ဥပမာပေးလိုသည်။ ဥပမာအနေဖြင့် P ပြည်နယ်ကို A နှင့် B ဟူ၍နှစ်ပိုင်းခွဲလိုက်သည်။ A ရှဲဟ်ရိစ်တာန်တွင် ဗဟို၊ X နှင့် Y ဟူ၍အစိတ်အပိုင်း(၃)ပိုင်းရှိသည်။ ဗဟိုတွင်လည်း (၃)ပိုင်းရှိပြီး ပထမဦးဆုံးM အပိုင်းသည် A ၏ ဗဟိုဌာနချုပ်ဖြစ်သည်။ ခရိုင်တစ်ခုအောက်တွင် မြို့နယ်များRD(သို့)မြို့နယ်တစ်ခု(သို့)ကျေးလက်များ (Vများ)ရှိနေနိုင်သည်။ ယခုပေးသောဥပမာတွင် ဗဟိုဌာနချုပ်သည် M မြို့နယ် ၊N မြို့နယ် နှင့်RTDတို့ရှိပြီး ၎င်းတို့အောက်တွင် V1 , V2 , V3 , V4 စသဖြင့် ကျေးရွာများရှိသည်။ X ခရိုင်သည်လည်း O ၊ U နှင့် RD တို့ပါဝင်ပြီး Y တွင်မူ RD V မြို့တစ်မြို့တည်းရှိပြီးထို RD V သည် Y ခရိုင်အတွင်းဌာနချုပ်ဖြစ်သည်။ Bရှဲဟ်ရိစ်တာန်တွင်လည် ခရိုင်တစ်ခုတည်းနှင့် Q မြို့တစ်မြို့တည်းရှိပေသည်။။

ပြည်နယ် ရှဲဟ်ရိစ်တာန် ခရိုင် မြို့/မြို့နယ်* ရွာများ
P A ဗဟို မြို့ M (c)
မြို့N
RD T  V၁၊V၂၊V၃၊V၄
X မြို့O
RD U V၅၊V၆
Y RD V V၇၊V၈၊V၉
B ဗဟို မြို့Q

ရှာဖွေရန်[ပြင်ဆင်ရန်]


ကိုးကားနှင့်မှတ်စုများ[ပြင်ဆင်ရန်]