မာတိကာသို့ ခုန်သွားရန်

အီရန်နိုင်ငံ၏ ခရီးသွားလုပ်ငန်း

ဝီကီပီးဒီးယား မှ
အဘာစီ ဟိုတယ် အီစ်ဖဟာန်မြို့

အီရန်ခရီးသွားခြင်းနှင့်လည်ပတ်ခြင်းအမျိုးမျိုးရှိပေသည်။ လမ်းလျှောက်၍လည်ပတ်ခြင်းမှစ၍ အလ်ဘိုးရ်ဇ်နှင့်ဇာဂရဇ်တောင်တန်းများပေါ်တွင်နှင်းစကိတ်စီးနင်းတို့သည်ဖြစ်သည်။ ပူပြင်းသောနွေရာသီပိတ်ရက်များတွင် ပါးရှန်းပင်လယ်နှင့်ကစ်ပီယန်ပင်လယ်ကမ်းခြေများသို့ အလည်အပတ်အနေဖြင့် သွားလေ့ရှိကြသည်။ အီရန်တွင် လည်ပတ်ကြသည့်အကြောင်းအရင်းမှာ အီရန်၏ ယဉ်ကျေးမှုသမိုင်းနှင့် အီရန်၌ရှိသော လည်ပတ်လေ့လာဖွယ်ရာများဖြစ်သည့် သခ်သေဂျမ်ရှီးဒ်၊ နက္ကားရှ်ရူစ်တား၊နက္ကရှေဂျဟားန်းအပြင် အခြားသော လေ့လာဖွယ်ရာ ၂၂ မျိုးသော ယဉ်ကျေးမှုအမွေအနှစ်များရှိသည့်အတွက်ကြောင့်ပင်ဖြစ်လေသည်။ အီရန်အစိုးရသည် ထိုအမွေအနှစ်များဆီသို့ သွားရောက်လည်ပတ်ကြည့်ရှု့လာနိုင်ရန်အတွက် စွဲဆောင်မှုများပြုလုပ်ရန်အတွက်အထူးကြိုးစားလျက်ရှိသည်။ ထိုသို့ဖြင့် လွန်ခဲ့သောနှစ်များ၌ အလည်အပတ်ခရီးသည်များစွာတိုးလာခဲ့သည်။ ကီးရှ်ကျွန်းပင်လယ်ကမ်းခြေသည်တစ်နှစ်လျှင်လူဦးရေ တစ်သန်း လာရောက်အပန်းဖြေသောနေရာဖြစ်သည်။ ထိုသို့လာရောက်သူအများစုသည် အီရန်နိုင်ငံသားများသာဖြစ်ကြပေမဲ့ ထိုကမ်းခြေသည် ကမ်းခြေတွင်အပမ်းဖြေလိုသော မွတ်(စ)လင်(မ)မိတ်ဆွေများအတွက် အစ္စလာမ့်ညွှန်ကြားချက်အတိုင်း အမျိုးသမီးနှင့်အမျိုးသားများသီးခြားစီ အပမ်းဖြေနိုင်သည့်အတွက် အီရန်နိုင်ငံသားမဟုတ်သော အခြားသောမွတ်(စ)လင်(မ)များကိုပါ စွဲဆောင်မှုပြုထားလေသည်။ []

အီရန်နိုင်ငံတော်လှန်ရေးမတိုင်မီ ကာလများတွင် အီရန်သို့လာရောက်လည်ပတ်သော ခရီးသွားများစွာရှိခဲ့ပြီး နိုင်ငံအတွင်းရှိ လေ့လာဖွယ်ရာများကိုလာရောက်လေ့လာသူဦးရေအလွန်များပြားခဲ့သည်။ နိုင်ငံသည် အလွန်မှပင် ခန့်ညားထည်ဝါသော ယဉ်ကျေးမှုအမွေအနှစ်များပေါများသလို လေ့လာဖွယ်ရာများသည်လည်း အစုံအလင်ရှိသည်။ ၁၉၈၀ ခုနှစ်ဝန်းကျင်တွင် အီရန်နှင့်အီရတ်စစ်ဖြစ်ပွားမှုများကြောင့် ခရီးသွားဦးရေ အလွန်အမင်းကျဆင်းခဲ့သည်။

၁၉၇၉ခုနှစ်နောက်ပိုင်း အီရန်သို့ အလည်အပတ်လာရောက်သူအများစုသည် အီရန်နိုင်ငံကိုလာရောက်လေ့ လာ သော နိုင်ငံခြားသားခရီးသည်များ၊ ဘုရားဖူးခရီးသည်(ဇေယာရသ်လာသူ)များနှင့် စီးပွားရေးသမားများဖြစ် သည်။ အီရန်တွင် ရှီအာအနွယ်ဝင်များနှင့်သက်ဆိုင်သည့် ဖူးမြော်(ဇေယာရသ်)လုပ်နိုင်သောဗိမ္မာန်များစွာရှိ ပေ သည်။ ၎င်းနေရာများအတွင်းမှ အဓိကအကျဆုံးသည် မရှ်ဟဒ်မြို့ရှိ အေမာမ်ရေဒွာ(အ.စ)၏ဗိမ္မာန်တော်နှင့် ကိုးမ်မြို့ရှိ ဟဇ်ရသ် ဖာသေမာ မာအ်စူမာ(စ.အ) ဗိမ္မာန်တော်သာလျှင်ဖြစ်ပေသည်။ ထိုနှစ်ခုအား နှစ်စဉ် သန်း ပေါင်း များ စွာသော အီရန်နှင့်အခြားနိုင်ငံများမှ ရှီအာအနွယ်ဝင်တို့သည် လာရောက်ဖူးမြော်လေ့ရှိပေသည်။ အီရန်သို့ အလုပ်နှင့် လာသည်ဖြစ်စေ သို့မဟုတ် အလည်အပတ်လာသည် ဖြစ်စေ တရားဝင်လာရောက်သူများ အကြား ခွဲခြား ကန့်သတ်ထားခြင်းမရှိပါ။ ထိုအတိုင်းပင် များစွာသော ပြည်ပရောက် အီရန်လူမျိုးတို့သည်သည်မိမိတို့၏ မိသားစုဝင်များ အီရန်နိုင်ငံအတွင်းနေထိုင်လျက်ရှိကြသည့်အတွက် မိသားစုဝင်များကို လာရောက်တွေ့ဆုံကြလေ့ရှိသလို ရှီအာအနွယ်ဝင်တို့ အထွဋ်အမြတ်ထားကြသော မရှ်ဟဒ်နှင့် ကိုးမ်မြို့များရှိ ဗိမ္မာန်များသို့ သွားရောက်ဖူးမြှော်ကြသည်။ ထို့အပြင် အခြားနေရာဒေသများသို့လည်းသွားရောက်သူများရှိနေကြသည်။ အီရန်နိုင်ငံသည် ကမ္ဘာပေါ်တွင် နိုင်ငံအတွင်းခရီးသွားလာမှုအများဆုံးနိုင်ငံများအတွင်းမှ တစ်နိုင်ငံဖြစ်ပေသည်။ အီရန်အစိုးရသည် အီရန်နိုင်ငံအတွင်းခရီးသွားများပြားလာမှုကြောင့် နောင်များတွင် ခရီးသွားဦးရေ ထပ်မံတိုးလာဖွယ်ရာရှိသည်ကို ခန့်မှန်းထားသည့်အတွက် ထပ်မံ၍ ဟော်တယ်ပေါင်း ၁၀၀ ကို အစိုးရပိုင်ဟော်တယ်များ ဆောက်လုပ်ရန် ရည်ရွယ်ထားသည်။၂၀၁၃ခုနှစ်တွင် နိုင်ငံခြားသားခရီးသွားဧည့်သည်ဦးရေ ၄၇၆ သန်းထိရှိခဲ့ပြီး အမျိုးသားရေးစီးပွားဘဏ္ဏာအဖြစ်အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော်ရရှိခဲ့သည်။၂၀၁၂ ခုနှစ်နောက်ပိုင်း အီရန်နိုင်ငံ ငွေကြေး(ရီယာလ်)ကျဆင်းမှုသည် အီရန်နိုင်ငံသို့ အလည်အပတ်လာရောက်သူများအတွက် အားသာချက်တစ်ခုဖြစ်ခဲ့သည်။ ၂၀၁၄ခုနှစ်မှ ၂၀၁၅ ခုနှစ်မတ်လအတွင်း ခရီးသွားဦးရေ ၅ သန်းကျော်ရှိခဲ့ပြီး ယခင်နှစ်များထက် ၄ ရာခိုင်နှုန်းတိုးလာခဲ့သည်။[]

၂၀၁၅ခုနှစ် ကမ္ဘာ့အပြည်ပြည်ဆိုင်ရာ ခရီးသွားလာရေးလုပ်ငန်းကောင်စီ၏ ထုတ်ပြန်အစီရင်ခံချက်အရ ယဉ်ကျေးမှုနှင့်ခရီးသွားလုပ်ငန်းတို့ကို အဓိကထား၍ ၎င်း၏ခရီးသွားလုပ်ငန်းပမာဏကို ၁၂၈၅၅၀၀ အလုပ်လုပ်နိုင်စွမ်းရှိသူများအဖြစ်ခန့်မှန်းထားသည်။ ၂၀၂၅ ခုနှစ်တွင်၄.၁ ရာခိုင်နှုန်းအလုပ်အမျိုးအစားပေါင်း ၁၉၁၃၀၀၀ တိုးလာမည်ဟု ခန့်မှန်းထားသည်။၂၀၁၄ခုနှစ်တွင် အလုပ်လုပ်ကိုင်ရန်အတွက်ခရီးထွက်မှုသည် ၄၁၃၀၀၀ (စုစုပေါင်း အလုပ်ပေါင်း၁.၈ ရာခိုင်နှုန်း)အား တိုက်ရိုက်ထောက်ပံ့မှုများပြုခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် ၄.၄ ရာခိုင်နှုန်းထိ တိုးလာရန်မျှော်မှန်းထားပြီး ၂၀၂၅ ခုနှစ်အထိ ၄.၃ ရာခိုင်နှုန်းတိုးလာပြီး အလုပ်ပေါင်း၆၅၆၀၀ (စုစုပေါင်းအလုပ် ၂.၂ ရာခိုင်နှုန်း)ထိရောက်ရန် ခန့်မှန်းထားသည်။[]

နိုင်ငံခြားဧည့်သည်

[ပြင်ဆင်ရန်]
ကီးရှ်ကျွန်း
ရှာပူရီးနန်းတော် ရှီရားဇ်
ဂိုလီစ်တာန် နန်းတော်, တီဟီရန်

အီရန်နိုင်ငံသို့ ကမ္ဘာ့ခရီးသွားလာမှုကောင်စီ၏ အီရန်နိုင်ငံသို့ခရီးသွားဦးရေအရေအတွက်မှ တင်ပြနေသည်မှာ အီရန်သို့လာရောက်သူများသည် အစ္စလာမ့်ကမ္ဘာနှင့် အာရှနိုင်ငံများမှဖြစ်ပြီး ၎င်းတို့သည် အနိမ့်ဆုံးအဆင့်မှ စတင်ရမည်ဟု ဆိုထားသည်။၁၉၉၉ခုနှစ်တွင် အီရန်သို့လာရောက်လည်ပတ်သူများတွင်းမှလေးပုံသုံးပုံသည် ဥရောပနိုင်ငံများမှဖြစ်ပေသည်။ နယူးယောက်တိုင်းမ်(မ)တွင်ရေးသားချက်အရ အီရန်နိုင်ငံတော်လှန်ရေးအပြီးကာလများတွင် အမေရိကန်နိုင်ငံသားများသည် အီရန်သို့သွားရောက်လည်ပတ်ခြင်းကို ရပ်တန့်ခဲ့ကြပေမဲ့ ဥရောပနိုင်ငံသားများကမူ တော်လှန်ရေးပြီးနောက်ပိုင်းတွင်လည်း ဆက်လက်၍ သွားရောက်မြဲဖြစ်လေသည်။ ထိုသို့ဖြစ်ရသည့်အကြောင်းအရင်းမှာ များသောအားဖြင့် အီရန်နိုင်ငံတော်လှန်ရေးသည် အမေရိကန်ဆန့်ကျင်ရေး အဓိပ္ပာယ်သက်ရောက်စေခဲ့ပြီး ဥရောပနိုင်ငံများဆန့်ကျင်ရေးမဖြစ်စေခဲ့သည့်အတွက်ကြောင့်ဖြစ်သည်။ ထိုအကြောင်းအရာသည် အမေရိကန်နိုင်ငံသားတစ်ဦး အီရန်သို့ မလာရောက်နိုင်သည်ဟု မဆိုလိုပါ။ သို့သော် အမေရိကန်နိုင်ငံသားများအနေဖြင့် အီရန်သို့သွားရောက်လိုက ခရီးသွားအဖွဲ့နှင့်ခေါင်းဆောင်ပါမှသာခွင့်ပြုမည်ဟု အဓိပ္ပာယ်သက်ရောက်ပေသည်။ ဤပြဋ္ဌာန်းချက်သည် ဗြိတိသျှနိုင်ငံသားများနှင့် ကနေဒါနိုင်ငံသားများအတွက်လည်း အကျုံးဝင်ပေသည်။

၂၀၀၃ခုနှစ်တွင် အာရှမွတ်(စ)လင်(မ)ခရီးသွားများအတွက် အလည်အပတ်ဗီဇာ ၃၀၀၀၀၀ ချပေးခဲ့သည်။၎င်းတို့သည် မရှ်ဟဒ်မြို့နှင့် ကိုမ်းမြို့များတွင်ရှိသော မြင့်မြတ်သည့် ဗိမ္မာန်များကို သွားရောက်ဖူးမြော်ရန်ဖြစ်သည့်အတွက် ဤသို့ဗီဇာများ ချပေးခဲ့ခြင်းဖြစ်ပေသည်။ ၎င်းအပြင် ဂျာမဏီ၊ပြင်သစ်၊အင်္ဂလန်နှင့်အခြားသောဥရောပနိုင်ငံများမှ ခရီးသွားအဖွဲ့များသည် အီရန်နိုင်ငံရှိ သမိုင်းဝင်ယဉ်ကျေးမှုများကို သုတေသနပြုရန်အတွက် လာရောက်ရန်အစီအစဉ်ရှိထားပေသည်။ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်များစာရင်းအရ အီရန် နိုင်ငံ၌ လေ့လာရန်နေရာ၂၁နေရာရှိပေသည်။ ထို့အတွက်ကြောင့် ယဉ်ကျေးမှုသုတေသီများ နှစ်စဉ်နှစ်တိုင်း အီရန်သို့ လာရောက်လေ့ရှိနေပေသည်။.

အီရန်နိုင်ငံအကြီးအကဲများအဆိုအရ ၂၀၀၄ ခုနှစ်တွင် အီရန်သို့လာရောက်လည်ပတ်သူဦးရေသည် ၁၆၅၉၀၀၀ ခန့်ရှိခဲ့ပြီး ၎င်းသူတို့အကြား စီးပွားရေးအရလာရောက်သည်(သို့)ဘာသာရေးအရ လာရောက်သည်ဟူ၍ ခွဲခြားခဲ့ခြင်းမရှိပါ။၎င်းသူတို့သည် များသောအားဖြင့် အာရှနိုင်ငံများနှင့်အာရှအလယ်ပိုင်းမှ ဖြစ်သလို ၎င်းတို့အတွင်းမှ ၁၀ ရာခိုင်နှုန်းသည် မြောက်အမေရိကတိုက်နှင့်ဥရောပနိုင်ငံများဖြစ်သည့် ဂျာမဏီ၊အီတလီ၊ဘူလ်ဂေးရီးယား၊ပြင်သစ်နှင့် ဘယ်လ်ဂျီယမ်နိုင်ငံများမှဖြစ်ပေသည်။ ၎င်းတို့အဓိကထား၍ သွားလိုသည့်နေရာများသည် အီရန်မြောက်ပိုင်း၊အစ်ဖဟာန်း၊မရှ်ဟဒ်၊ယဇ်ဒ်နှင့်ရှီရားဇ်တို့ဖြစ်ပေသည်။ အီရန်သည် အစ္စလာမ့်လောကမှခရီးသွားများနှင့် အစ္စလာမီစ်နိုင်ငံမဟုတ်သောနိုင်ငံမှ ခရီးသွားများလာရောက်နိုင်သည့်အဓိက နယ်ပယ်ကြီးတစ်ခုဖြစ်လာနိုင်ဖွယ်ရှိသည်မှာ သံသယမရှိပါ။ ထို့ပြင် အီရန်သည်လက်ရှိအနေအထား၌ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံများနှင့် စီးပွားရေးဂဏ္ဍများတွင် ပိုမိုတွင်ကျယ်စွာ အဆက်အသွယ်များပြုလုပ်လျက်ရှိသည်။.

၂၀၀၄ခုနှစ်မှစ၍ ဤနိုင်ငံသည် နိုင်ငံခြားသားခရီးသွားများလာရောက်မှုနှင့်ပတ်သက်ပြီးရာနှုန်းပြည့် အတွေ့အကြုံများရခဲ့သည်။ ၂၀၀၈ခုနှစ်အလယ်ပိုင်းကာလများတွင် အလည်အပတ်ခရီးသွားလာရောက်သူဦးရေ၂.၅ သန်းရှိခဲ့သည်။ ထိုခုနှစ်၌ လာရောက်ခဲ့သောခရီးသွားဧည့်သည်တော်များအတွင်း ဂျာမဏီနိုင်ငံသားများ ပိုမိုများပြားသည်ကို အထူးတွေ့မြင်ခဲ့ရသည်။[]

၂၀၀၈ခုနှစ်တွင် ကမ္ဘာ့ခရီးသွားလာရေးကောင်စီမှ ဤသို့ကြေညာခဲ့သည်မှာ စီးပွားရေးသမား၁၁.၃ရာခိုင်နှုန်းနှင့်ရိုးရိုးခရီးသွား၄.၆ရာခိုင်နှုန်းထိ မြင့်တက်လာခဲ့ပြီး ရိုးရိုးခရီးသွားဧည်သည် သည် ယခင်နှစ်ထက် အနည်းငယ်သာလျှော့နည်းခဲ့သည်ဟု ဖြစ်သည်။

၂၀၁၁ ခုနှစ်တွင် အီရန်၏အပြည်ပြည်ဆိုင်ရာ ခရီးသွားအများစုတို့သည် အပန်းဖြေခရီးအဖြစ် အီရန်သို့လာရောက်ခဲ့ခြင်းဖြစ်သည်။ ခရီးသွားဧည့်သည်များအတွင်း၌ နိုင်ငံခြားသားများပါဝင်သည်မှာ ၎င်းတို့အတွင်းမှ အများစုသည် အီရန်ပြည်သူပြည်သားများနှင့် ပတ်သက်ဆက်နွယ်သူများနှင့် အခြားနိုင်ငံများတွင် သွားရောက်နေထိုင်သူများပင်ဖြစ်သည်။ ကမ္ဘာမှ အီရန်သို့ အလည်အပတ်လာရောက်သူများအတွင်းမှ အဓိကသောသူတို့သည် နိုင်ငံအတွင်းရှိ မြင့်မြတ်သော ဗိမ္မာန်များကို ဖူးမြော်ရန်အတွက် လာရောက်သူများပင်ဖြစ်၏။.

အီရန်သို့ကမ္ဘာမှလာရောက်လည်ပတ်သူဦးရေသည် နေ့စဉ်များပြားလာခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ၂.၂ သန်းနှင့် ၂၀၁၁ ခုနှစ်တွင် ၃.၆ သန်းထိရှိလာခဲ့သည်။ ပျမ်းပျခြင်းအားဖြင့် ၎င်းတို့သွားရောက်လေ့လာသည့်နေရာတိုင်း၌ တစ်ဦးချင်း၏အသုံးစရိတ်သည် အမေရိကန်ဒေါ်လာ၁၈၅၀ထိရှိခဲ့သည်။[]

၂၀၁၄-၂၀၁၅ခု အီရန် ဘဏ္ဍာရေးနှစ်အတွင်းလွန်ခဲ့သော မတ်လအကုန်ထိ ခရီးသွား၅သန်းကျော်တို့သည် အီရန်သို့ လာရောက်ခဲ့ကြသည်။ ထိုအနေအထားသည် ယခင်နှစ်များထက် ၄ရာခိုင်နှုန်းကျော်မြင့်တက်လာခဲ့သည်။.

ပါဆာဂါးရ်ဒ်တွင်ရှိသောမဟာဆိုင်းရပ်စ်(ကုဂုစ်) ဗိမ္မာန်တော် a UNESCO World Heritage Site. အီရန်သည် သမိုင်းဝင်နေရာ၂၂နေရာ ကမ္ဘာ့အမွေအနှစ်နေရာထိန်းသိမ်းရေးကော်မတီတွင် (UNESCO World Heritage Site.)စာရင်းဝင်ထားပြီးဖြစ်သည်။
(အရင်းအမြစ်: EIU) ၂၀၀၄ ၂၀၀၅ ၂၀၀၆ est.
အပြည်ပြည်ဆိုင်ရာခရီးသွား, ရောက်မှု(၀၀၀) ၁၆၅၆ ၁၇၂၀ ၁၇၆၉
 အပြည်ပြည်ဆိုင်ရာခရီးသွားလက်ခံဖြတ်ပိုင်:(US$ m) ၉၁၇ ၉၇၁ ၁၀၂၂

ဗီဇာလိုအပ်ချက်

[ပြင်ဆင်ရန်]

အီရန်သည် ယေဘုယျအားဖြင့် ဗီဇာလျှောက်ထားမှုများ၌ ကြံ့ကြာမှုများလျှော့ကျစေရန်အတွက် နိုင်ငံပေါင်း၆၈ နိုင်ငံအတွက် လေဆိပ်များတွင် ဆိုက်ရောက်ဗီဇာ(ရက်သတ္တပတ်ကြာဗီဇာ)ထုတ်ပေးလျက်ရှိပေသည်။ ၎င်း အပြင် ဟော်တယ်များကို အွန်လိုင်းမှ ကြိုတင်ဘိုကင်တင်မှုများကိုလည်း ကျယ်ပြန့်စွာဆောင်ရွက်လျက်ရှိပြီး အီရန် သည် ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလတွင် နိုင်ငံအတွင်း၌ရှိရှိသမျှသော လေဆိပ်များတွင်နိုင်ငံခြားသားများ အင်တာနက်အသုံးပြု၍ အီး-ဗီဇာရယူနိုင်ရန်အတွက် ပြီးပြည့်စုံစွာစီမံထားမည်ဖြစ်ကြောင်း သိရသည်။ ယခုအချိန်တွင် ဗီဇာကို ယုံကြည်စိတ်ချစွာဖြင့် သက်ဆိုင်ရာကောင်စစ်ဝန်ရုံးများနှင့် အပြည်ပြည်ဆိုင်ရာလေ ဆိပ်များတွင် ပေးလျက်ရှိသည်။ အီရန်သည်မိမိ၏ အိမ်နီးချင်းနိုင်ငံများသို့သွားလာနိုင်သော အမြန်လမ်းမကြီး၁၅ ခုရှိသည်။၎င်းလမ်းမကြီးများသည် အီရတ်၊တူရကီ၊အာဖ်ဂန်နစ်တန်၊ပါကစ်တန် ၊တူရ်ကမန်နီစ်တန်၊အာမေနီး ယားနှင့် အဇာဘိုင်ဂျန်နိုင်ငံများကို ဆက်သွယ်ပေးထားလေသည်။ တူရကီနှင့် တူရ်ကမန်နီစ်တန်ရထားလမ်း များမှလည်း အီရန်နိုင်ငံတွင်းသို့ ဝင်ရောက်နိုင်ပေသည်။၂၀၀၂ခုနှစ်တွင် ၇၀ရာခိုင်နှုန်းသော ခရီးသွားလေ့လာ သူများသည် အီရန်နိုင်ငံသို့ ကုန်းလမ်းကြောင်းများမှတဆင့်ဝင်ရောက်ခဲ့ကြသည်။ ကျန်ခရီးသွား၂၉ရာခိုင်နှုန်းသည် လေကြောင်းဖြင့်ဝင်ကာ ရေကြောင်းမှ ဝင်ရောက်လာသူ (၁)ရာခိုင်နှုန်းသာရှိခဲ့သည်။ ပြည်တွင်းလေကြောင်းခရီးစဉ်အတွက် လက်မှတ်များကို အတတ်နိုင်ဆုံးဈေးနှုန်းသက်သာစွာဖြင့် ပြိုင်ဆိုင်မှုနှင့် အမြတ်အလွန်အမင်းစားမှုတို့မရှိရလေရန်အစိုးရဘက်မှ ထောက်ပံ့မှုများပြုပေးထားသည်။၂၀၀၅ခုနှစ် ဧပြီလတွင် အေမာမ်ခိုမေနီ အပြည်ပြည်ဆိုင်ရာလေဆိပ်အားဒေသခံ လေကြောင်းလိုင်း ၄ ခုဖြစ်သောမာဟားန်ဟဝါ၊အာစမားန်၊ကားစ်ပီးန်အဲနှင့် ကီးရှ်ဟဝါလေကြောင်းလိုင်းတို့၏ ဦးဆောင်မှုဖြင့် ပြန်လည်ဖွင့်ခဲ့သည်။ သို့သော် ထိုအကြောင်းကိစ္စနှင့်ပတ်သက်ပြီး ယင်းလေကြောင်းလိုင်းများနှင့် တရားဝင်စာချုပ်ချုပ်ဆိုမှုများမပြုလုပ်ခဲ့ပေ။ []

ခြေခံအဆောက်အဦးနှင့်စီးပွားရေး

[ပြင်ဆင်ရန်]
တီဟီရန်မြို့အနီးရှိ Dizin လျှောစီးအပန်းဖြေစခန်း။

၂၀၀၀ခုနှစ်အလယ်ပိုင်းကာလများသည် စက်မှုလုပ်ငန်းများအကန့်အသတ်နှင့် လုပ်ကိုင်နေရပြီး အဆောက်အဦးများဆောက်လုပ်နေရချိန်၊ဆက်သွယ်မှုလုပ်ငန်းစဉ်များနှင့်ကိုယ်ထူကိုယ်ထလေ့ကျင့်ပေးရေးလုပ်ငန်းစဉ်များအတွက် စံချိန်စံညွှန်းများထုတ်ပြန်ထားချိန်များဖြစ်ခဲ့သည်။၂၀၀၃ ခုနှစ်အကုန်ပိုင်းတွင် အီရန်နိုင်ငံ၌ ဟိုတယ်ပေါင်း၆၄၀နှင့် ကုတင်ပေါင်း၆၃၀၀၀ ခန့်ရှိခဲ့သည်။

ဘဏ္ဍာရေးနှစ်ဖြစ်သော ၂၀၀၃ခုနှစ်၌ အီရန်တွင် စားသောက်ဆိုင်ပေါင်း ၆၉၀၀၀ နှင့် ဟိုတယ်ပေါင်း၆၀၀၀ အပြင်အခြားသော အပန်းဖြေစခန်းများရှိခဲ့သည်။ ၎င်းအဆောက်အဦးများအတွင်းမှ ၈၀ ရာခိုင်နှုန်းခန့်သည် မြို့ပြဒေသများ၌ရှိနေခဲ့သည်။ သိုတယ်နှင့်စားသောက်ဆိုင် ၈၇၅ ခုကို အစိုးရအဖွဲ့အစည်းများက စီမံခန့်ခွဲကြသည်။ သိုတယ်နှင့် စားသောက်ဆိုင်၉၅ရာခိုင်နှုန်းကျော်သည် ၎င်းတို့၌ ဝန်ထမ်း၅ဦးထက်လျှော့နည်း၍ ခန့်ထားသည်ကိုတွေ့ရပြီး ဟော်တယ်၃၈ ခုတွင်သာ ဝန်ထမ်းပေါင်းရာကျော်ခန့်ထားကြောင်းတွေ့ရသည်။ ဘဏ္ဍာရေးနှစ်၂၀၀၂ ခုနှစ်တွင် လူပေါင်း၁၆၆၀၀၀ သည် ဤ ကဏ္ဍ၌ တာဝန်ထမ်းဆောင်ခဲ့ကြပြီး ၎င်းတို့အတွင်းမှ ၄၂၀၀၀ခန့်သည် တည်းခိုခန်းများ၌ အလုပ်လုပ်ခဲ့ကြသည်။ သိုတယ်အားလုံးစုစုပေါင်းတွင်ကုတင်ပေါင်း ၅၆၁၈၆ လုံးရှိခဲ့ပြီး ၎င်းဟော်တယ်များအတွင်းမှ ထက်ဝက်ခန့်သည် ကြယ်သုံးပွင့်နှင့် ကြယ်ငါးပွင့်ဟော်တယ်များဖြစ်ကြသည်။[]

လွန်ခဲ့သောနှစ်များတွင် ဟိုတယ်၊အပါးသ်မန့်ဟိုတယ်၊မော်တယ်နှင့် ဧည့်ရိပ်သာ စုစုပေါင်း၂၃၅ ခုသည် တစ်နိုင်ငံလုံးအတိုင်းအတာအရ ထပ်မံလည်ပတ်လာခဲ့သည်။၂၀၁၀ခုနှစ်တွင် ဟိုတယ် ၄၀၀ နှင့် အပါးသ်မန့်ဟိုတယ်စုစုပေါင်း ၂၀၀ကို နိုင်ငံရပ်ဝန်းဒေသအသီးသီးတွင် ဆောက်လုပ်လျက်ရှိသည်။ ၎င်းအဆောက်အဦးများ၏ ၆၆ ရာခိုင်နှုန်းခန့်သည် တီဟီရန်ပြည်နယ်၊ဂိလာန်းပြည်နယ်၊မာဇင်ဒရာန်းပြည်နယ်၊အီစ်ဖဟာန်းပြည်နယ်နှင့် ခိုရာဆာန်ပြည်နယ်များတွင် ဆောက်လုပ်လျက်ရှိသည်။[]

ဒမာဝန်းတောင် Damavand  Amol။

အီရန်ယဉ်ကျေးမှုအမွေအနှစ်, လက်မှုပညာများနှင့်ခရီးသွားလာရေးလုပ်ငန်းအဖွဲ့

[ပြင်ဆင်ရန်]

{{Pie chart|value1=49|value2=24|value3=17|value4=6|value5=4|color5=white|color4=blue|color3=green|color2=red|color1=yellow|caption=Reason for domestic travel and overnight stay[]

ခရီးသွားလာမှုရေးရာလုပ်ငန်းနှင့်ပတ်သက်ပြီး ပိုမိုတိုးချဲ့ရန်ရည်ရွယ်ထားသော နေရာများမှာ သဘာဝပတ်ဝန်းကျင်လေ့လာရေးခရီးနေရာများ၊ကမ်းခြေဒေသများ၊သမိုင်းအမွေအနှစ်ရှိဒေသများ၊လက်မှုပညာထွန်းကားသောဒေသများနှင့် ကျန်းမာရေးခရီးစဉ်နေရာဒေသများ(ဥပမာ ရေကုထုံး)တို့ဖြစ်သည်။ အီရန်နိုင်ငံသို့ ရောဂါဝေဒနာကုသမှုခံယူရန်အတွက်နှစ်စဉ်လာရောက်သူများဦးရေသည် ၃၀၀၀၀ ဝန်းကျင်ရှိသည်(၂၀၁၂ခုနှစ်အရ)။ အီရန်သည် ကျန်းမာရေးခရီးအဖြစ်လာရောက်ရန် သင့်လျှော်သောအကြောင်းအရင်းများတွင်းမှ အချို့အကြောင်းအရင်းသည် ပထဝီအနေအထားထူခြားမှုနှင့် ကျန်းမာရေးဝန်ဆောင်မှု၌ စရိတ်လျှော့နည်းမှုအပြင် အစ္စလာမစ်နိုင်ငံဖြစ်သည့်အတွက်ကြောင့်ပင်ဖြစ်သည်။ အီရန်သည် ဆေးဘက်ဆိုင်ရာသုတေသနနှင့် နည်းပညာဖွံဖြိုးရေးအတွက် ကြိုးပမ်းလျက်ရှိသည်။ အီရန်သည် ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်ခြင်း အလျင်အမြန်တိုးတက်ပြောင်းလဲခဲ့သည့်အတွက် အီရန်သို့ ခရီးသွားများသည် ယခင်နှစ်များထက် ၅ ရာခိုင်နှုန်းတိုးခဲ့သည်ကို ကမ္ဘာ့ခရီးသွားလာရေးကောင်စီ၏ ကြေညာချက်များအရသိရသည်။ ထိုအချက်ကို ကြည့်ခြင်းအားဖြင့် နောင်ကာလများတွင် အီရန်သည် မိမိ၏အိမ်နီးချင်းနိုင်ငံများဖြစ်သည့် အာဇာဘိုင်ဂျန် ၊အီရတ်နှင့် ပါးရှန်းပင်လယ်ကွေ့နိုင်ငံများမှ ခရီးသွားများသည် ကျန်းမားရေးအတွက် အများဆုံးသွားလာသည့် နိုင်ငံတစ်နိုင်ငံဖြစ်လာနိုင်ကြောင်း သက်သေထူနေပါသည်။[၁၀]

အီရန်သည် လွန်ခဲ့သောနှစ်များ၌ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကို ခရီးသွားလာရေးဝန်ဆောင်မှုလုပ်ငန်းမှအကျိုးအမြတ်ရရှိခဲ့သည်ဟု အီရန်အစိုးရအဖွဲ့အစည်းမှ ကြေညာခဲ့သည်။ နိုင်ငံလူဦးရေ၁.၈ ရာခိုင်နှုန်းသည် ခရီးသွားလုပ်ငန်းများ၌ အလုပ်လုပ်ကိုင်လျက်ရှိသည်။ ကြော်ငြာမှုအားနည်းခြင်းကြောင့်လည်းကောင်း နေရာဒေသအဆင်မပြေမှုများကြောင့်လည်းကောင်း ကမ္ဘာ၏အချို့အစိတ်အပိုင်းများတွင်ဆင်းရဲသားလူထုပုံရိပ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍတွင်ထိရောက်သောစီမံကိန်းရေးဆွဲခြင်းအစီအစဉ်များ၏မရှိခြင်းတို့ကြောင့်လည်းကောင်း ခရီးသွားလုပ်ငန်းတိုးတက်မှုကိုနှောင့်နှေးစေခဲ့သည်။.

အီရန်နိုင်ငံ၏ နှစ်၂၀ စီမံကိန်းစာချုပ်စာတမ်းအတွက် အီရန်သည် ခရီးသွားလာမှုလုပ်ငန်း၌ အမေရိကန်ဒေါ်လာ ၃၂ ဘီလီယံရင်းနှီးမြုတ်နှံခဲ့ပြီး၂၀၂၅ခုနှစ်အထိ ခရီးသွားဧည့်သည် သန်း၂၀ ထိ နိုင်ငံတွင်းသို့ လာရောက်မည်ဟု မျှော်လင့်ထားသည်။ နိုင်ငံခြားသားများထိုဂဏ္ဍတွင် တိုက်ရိုက်ရင်းနှီးမြုတ်နှံမှုပြုလာစေရန် ဖိတ်ခေါ်သောအားဖြင့် ယခင်၌ ခရီးသွားကုပ္ပဏီများအတွက် အခွန်၅၀ရာခိုင်နှုန်းလျှော့ချပေးထားခဲ့သလို ကြယ်ငါးပွင့် ဟိုတယ်များအတွက်လည်းထိုသို့လျှော့ချပေးခဲ့သည်။၂၀၁၆ခုနှစ်တွင် အီရန်သည် နိုင်ငံအတွင်းရင်းနှီးမြုတ်နှံထားသော ဟိုတယ်ပိုင်ရှင်များထံမှ ပိတ်ရက်များအတွက် ၅နှစ်မှ၁၃နှစ်အတွင်း ၁၀၀ရာခိုင်နှုန်းအခွန်ကင်းလွှတ်ပေးမည်ဟု ကြေညာခဲ့သည်။ ဝန်ဆောင်မှုပြုခြင်းသည် စက်မှုလုပ်ငန်းစံချိန်စံညွှန်းများနှင့်အညီဖြစ်ပေသည်။ အီရန်နိုင်ငံရှိ လွတ်လပ်စွာကုန်သွယ်ရေးဇုန်များတွင်ရင်းနှီးမြှုပ်နှံမှုပြုပါက နှစ်ပေါင်း၂၀အထိအခွန်ကနေကင်းလွတ်ခွင့်ရသည်။၂၀၁၆ခုနှစ်မှစ၍ ရင်းနှီးမြုတ်နှံမှုပြုသော အပြည်ပြည်ဆိုင်ရာဟိုတယ်အော်ပရေတာတို့သည် Rotana (အဘူဒါဘီ)၊ Accor (ပြင်သစ်), Meliá (စပိန်) နှင့် Steigenberger (ဂျာမနီ)တို့ ဖြစ်ကြသည်။[၁၁][၁၂]

ပြည်ပခရီးသွားလုပ်ငန်း

[ပြင်ဆင်ရန်]
အီရန်လေကြောင်း သည်အီရန်အမျိုးသားလေကြောင်းဖြစ်သည်
(အရင်းအမြစ်: EIU) ၂၀၀၄ ၂၀၀၅ ၂၀၀၆။
အပြည်ပြည်ဆိုင်ရာခရီးသွားလုပ်ငန်း, ထွက်ခွာ('၀၀၀) ၃၄၇၈ ၃၆၄၈ ၃၉၈၆
အပြည်ပြည်ဆိုင်ရာခရီးသွားလုပ်ငန်း၊အသုံးစရိတ်(အမေရိကန်ဒေါ်လာ) ၄၃၅၃ ၁၃၈၀ ၁၅၇၉

အီရန်နိုင်ငံသားချမ်းသာကြွယ်ဝကြသူတို့သည် နိုင်ငံခြားခရီးစဉ်ကို အစဉ်အလာတခုအဖြစ် သွားရောက်လေ့ရှိကြသည်။၎င်းတို့အများဆုံးသွားရောက်သော နိုင်ငံများမှာ အီရန်အိမ်နီးချင်းနိုင်ငံများ၊ ပါရှန်းပင်လယ်ကမ်းခြေ နိုင်ငံများနှင့် အာရှအလယ်ပိုင်းနိုင်ငံများအပြင်တူရကီအပါအဝင်ဖြစ်သည်။ နှစ်စဉ် လူတစ်သန်းခရီးထွက်လေ့ရှိသည်။၂၀၀၃ ခုနှစ်၌ အီရတ်နိုင်ငံတွင်အစိုးရ အပြောင်းအလဲ ဖြစ်ခဲ့ပြီးနောက်ပိုင်းတွင် အီရန်နိုင်ငံသားတို့အကြားပြည်ပခရီးသွားလာမှုပိုမိုများပြားခဲ့သည်။ အီရန်နိုင်ငံသားတို့သည်မိမိတို့၏ ဘဝသက်တမ်းတလျှောက်လုံးတွင် မိမိတို့၏အိမ်နီးချင်းနိုင်ငံများအား သွားရောက်ဖူးသူများပင်ဖြစ်ကြလေသည်။၎င်းအပြင်အချို့သောအီရန်နိုင်ငံသားအမြောက်အမြားတို့သည် မိမိတို့၏မိသားစုအနွယ်ဝင်များနှင့် ဆုံတွေ့ရန်အတွက် ဥရောပနိုင်ငံများ၊အမေရိကန်ပြည်ထောင်စုနှင့် ဩစတေးလျနိုင်ငံများသို့ သွားရောက်ခဲ့ကြသည်။(ထိုနိုင်ငံများသို့ ခရီးသွား လူဦးရေ ၁ သန်းခန့်ရှိသည်)၂၀၁၂ ခုနှစ်အစောပိုင်းကာလတွင် အီရန် ရီယာလ်(ငွေကြေး)သည် အလွန်ပင်မြင့်တက်နေသည့်အတွက် အီရန်အစိုးရသည် ပြည်ပသို့သွားရောက်မည့်ခရီးသည်များကို ထောက်ပံ့ပေးမှုများရှိခဲ့သည်။၂၀၁၁ ခုနှစ်တွင် ခရီးသည်များနှင့် စီးပွားရေးသမားပေါင်း၂၇ သန်းခန့်တို့သည် အီရန်နိုင်ငံဆိုင်ရာ အကောက်အခွန်ကောင်တာများမှ ဖြတ်သန်းခဲ့ကြသည်။ အီရန်ထောက်ပံ့ငွေပြုပြင်ပြောင်းလဲရေးအစီအစဉ်ပြီးနောက်ပိုင်း၂၀၁၂ခုနှစ်တွင် လေယာဉ်လက်မှတ်များသည် ၆၅ ရာခိုင်နှုန်းထိမြင့်တက်သွားခဲ့သည်။၂၀၁၂ ခုနှစ်တွင်အီရန်နိုင်ငံသားတို့သည်အမေရိကန်ဒေါ်လာ ၁၈.၅ ဘီလီယံ ကို ပြည်ပခရီးသွားမှုများတွင် သုံးစွဲခဲ့ကြသည်။၎င်းတို့သည် ၂၀၁၂ ခုနှစ်မှ၂၀၁၅ ခုနှစ်အကြားတွင် အမေရိကန်ဒေါ်လာ၁၂ ဘီလီယံကို ပြည်ပခရီးစဉ်လေယာဉ်လက်မှတ် အဖိုးအခများအဖြစ်သုံးစွဲခဲ့ကြသည်။[၁၃]

ပိုမိုလေ့လာရန်

[ပြင်ဆင်ရန်]
  • အီရန်၏ဗီဇာ စနစ်

ကိုးကား

[ပြင်ဆင်ရန်]
  1. Iran seeks more tourists, but will they come? Washington Post 9 June 2015 တွင် ပြန်စစ်ပြီး။
  2. "Nearly One Million Azerbaijani Tourists visit Iran annually" - Retrieved 19 November 2015
  3. Iran Tourism Need to Rebuild its Image After the Nuclear Deal (in en-US)။ 2016-04-21 တွင် ပြန်စစ်ပြီး။
  4. Herald Globe Story.heraldglobe.com (2008-11-15)။ 2012-02-18 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-02-06 တွင် ပြန်စစ်ပြီး။
  5. မော်ကွန်းတင်ပြီးမိတ္တူ 14 July 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 July 2018 တွင် ပြန်စစ်ပြီး။
  6. Get a visa for Iran (September 22, 2018)။
  7. About this Collection - Country Studies | Digital Collections | Library of Congress
  8. No. 3816 | Front page | Page 1 Irandaily (2010-11-02)။ 2012-02-06 တွင် ပြန်စစ်ပြီး။
  9. |label1=Visiting friends and relatives|label2=Sightseeing and entertainment|label3=Pilgrimage|label4=Medical|label5=Other}}အီရန်၏ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ နှင့်အီရန်၏ခရီးသွားလာရေးလုပ်ငန်းနှင့်လက်မှုပညာများအစည်းအရုံးတို့သည် အီရန်အတွင်း ခရီးသွားလုပ်ငန်းအဆောက်အဦးတည်ထောင်ခြင်း၊ ဖွံ့ဖြိုးရေးနှင့်စစ်ဆင်ရေးများအတွက်တာဝန်ရှိပေသည်။ ထို့ပြင် ရင်းနှီးမြုတ်နှံမှုဖြင့်ဖြစ်စေ ပုဂ္ဂလိကကဏ္ဍချေးငွေထောက်ပံ့ခြင်းသို့မဟုတ်ပုဂ္ဂလိကကဏ္ဍနှင့်အတူလက်တွဲ၍ဖြစ်စေ အဆောက်အဦးများတိုးချဲ့ခြင်း၊ပြုပြင်မွမ်းမံခြင်း၊ဟိုတယ်များနှင့် စားသောက်ဆိုင်များအတွက် ခွင့်ပြုမိန့်ထုတ်ပေးခြင်းနှင့်စီမံခန့်ခွဲမှုများပြုလုပ်ခြင်းအပြင် ခရီးသွားအေဂျင်စီများအားအရည်အချင်းပြည့်မှီမှုရှိမရှိအပေါ်ကြည့်၍ အဆင့်ခွဲခြားခြင်းလုပ်ငန်းသည်လည်း ထိုအစည်းအရုံးများအပေါ်တွင် တာဝန်ရှိပေသည်။.<ref>Butler, Richard (2012-07-01). "Destination Appraisal for European Cultural Tourism to Iran" (in en). International Journal of Tourism Research 14 (4): 323–338. doi:10.1002/jtr.862. ISSN 1522-1970.
  10. Medical Tourism in Iran - Fanack Chronicle Fanack Chronicle 2 April 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 June 2015 တွင် ပြန်စစ်ပြီး။
  11. Why tourism is developing in Iran | The Economist - YouTube
  12. You must specify title = and url = when using {{cite web}}.Peter Grant (October 4, 2016)။ Wall Street Journal။
  13. Iran Air stock to be sold globally - Mehr News Agency 27 October 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 July 2018 တွင် ပြန်စစ်ပြီး။