အီရန်နိုင်ငံရှိ တိရစ္ဆာန်တို့၏ အခွင့်အရေး

ဝီကီပီးဒီးယား မှ

အီရန်နိုင်ငံရှိ တိရစ္ဆာန်တို့၏အခွင့်အရေး သည် တိရစ္ဆာန်တို့နှင့်စပ်ဆိုင်သောပြဋ္ဌာန်းချက်ဖြစ်ပြီး ထိုပြဋ္ဌာန်းချက်သည် တိရစ္ဆာန်များအပေါ် ညှင်းပန်းနှိပ်စက်ခြင်းမှ ဝိုင်းဝန်းအကာအကွယ်ပေးရန်သာ ဖြစ်ပေသည်။[၁]

ဥပဒေပြဋ္ဌာန်းချက်[ပြင်ဆင်ရန်]

အီရန်သည် တိရစ္ဆာန်များအပေါ်ညှင်းပန်းရက်စက်မှုအပေါ်အရေးယူဆောင်ရွက်ရန်အတွက် အခြေခံဥပဒေပြဋ္ဌာန်းချက်မရှိသလို ထို့သို့အရေးယူဆောင်ရွက်ရန်အတွက်လည်း ကြိုးစားအားထုပ်ခြင်းမရှိခဲ့ပါ သို့သော်လည်း  တိရစ္ဆာန်များကိုညှင်းပန်းခြင်းမှ ကာကွယ်စောင့်ရှောက်ရေး A , B,C,D,E,F,G အဆင့်များတွင် အီရန်သည် G အဆင့်၌ ရှိသည်။

 ၂၀၁၆ ခုနှစ်တွင် အီရန်သည် တိရစ္ဆာန်အရိုင်းများဖြင့် ဆပ်ကပ် ပြသခြင်းကို ပိတ်ပင်ခဲ့လေသည်။[၂]

တိရစ္ဆာန်များကိုအစားအစာအဖြစ်အသုံးပြုပုံ[ပြင်ဆင်ရန်]

အီရန်နိုင်ငံ၏ ပထမအကြီးမားဆုံး ကုန်ထုတ်လုပ်မှုစက်ရုံမှာ ရေနံစက်ရုံဖြစ်ပြီး ဒုတိယအကြီးမားဆုံးသည် ကြက်မွေးမြူရေးစက်ရုံပင်ဖြစ်ပေသည်။ အီရန်ကြက်မွေ:မြူရေးစက်ရုံသည် လွန်ခဲ့သော၂၀၁၂ ခုနှစ်တွင် ကြက်ကောင်ရေ (၂) ဘီလီယံ ထုတ်လုပ်နိုင်ခဲ့ပြီး ယခင်နှစ်များထက် အထွက်နှုန်းပိုခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် ၁၉၅၀၀၀ တန်ချိန်သာ ထွက်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင်ဝယ် တန်ချိန် ၂.၁ သန်းထိ အထွက်နှုန်းပိုလာခဲ့သည်။

အီရန်နိုင်ငံသည် လယ်ယာစိုက်ပျိုးရေး၌ အသုံးပြုသော တိရစ္ဆာန်များနှင့် ပက်သက်ပြီး သက်သာချောင်ချိရေးဥပဒေအထူးပြဋ္ဌာန်းထားခြင်းမရှိပါ။ သို့ပေမဲလည်း တိရစ္ဆာန်များကို ရက်ရက်စက်စက်သတ်ဖြတ်ခြင်းကို ခွင့်မပြုပါ။ ထိုအတိုင်းပင် တိရစ္ဆာန်တို့၏ ဦးချိုကို ချိုးခြင်း၊ခြေချောင်းများကို ဖြတ်ခြင်း၊ အမြီးဖြတ်ခြင်း၊ သွားချိုးခြင်း၊ လိင်အင်္ဂါကို ဖြတ်ခြင်း စသဖြင့်တို့လုပ်ဆောင်ရာတွင် မေ့ဆေး(သို့)ထုံဆေးမပါပဲလုပ်ဆောင်ခြင်းများအတွက် ဥပဒေပြဋ္ဌာန်းထားလေသည်။ ထိုအတိုင်းပင် နွားငယ်များကို သေတ္တာတွင်း ထည့်၍သော်လည်းကောင်း ဘက်ထရီလှောင်အိမ်တွင်းထည့်၍သော်လည်းကောင်း သယ်ဆောင်ခြင်းများအတွက်လည်း ဥပဒေပြဋ္ဌာန်းမှုရှိသည်။

တိရစ္ဆာန်အခွင့်အရေးအတွက် လှုပ်ရှားမှု[ပြင်ဆင်ရန်]

အီရန်နိုင်ငံမရှ်ဟဒ်မြို့တွင် တိရစ္ဆာန်ညှင်းပမ်းနှိပ်စက်မှုနှင့်ပတ်သက်ပြီး ဆန္ဒပြနေပုံ

(IAVA) အဖွဲ့သည် တိရစ္ဆာန်များကို စမ်းသပ်ရန်အတွက် ခွဲစိတ်သောလုပ်ဆောင်မှုများကို ဆန့်ကျင်သည့် အီရန်နိုင်ငံတွင် ပထမဦးဆုံးသောပေါ်လာသော အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။ ယင်းအဖွဲ့အစည်းသည် တိရစ္ဆာန်များနှင့်ပတ်သက်ပြီး လှုပ်ရှားမှုများစွာရှိခဲ့သည့်အတွက် ၂၀၁၂ ခုနှစ်တွင် အီရန်နိုင်ငံ တိရစ္ဆာန်ဆောင့်ရှောက်ရေးဦးစီးဌာနမှ ၎င်းအဖွဲ့အား တိရစ္ဆာန်တို့၏အခွင့်အရေးနှင့်ပတ်သက်ပြီး အကောင်းဆုံးလှုပ်ရှားနိုင်သော အဖွဲ့အစည်းအဖြစ်သတ်မှတ်ပြီး အညိုရောင်ဝက်ဝံဆုတံဆိပ် ချီးမြင့်ခဲ့သည်။။

၂၀၁၅ ခုနှစ်တွင် အမျိုးသားတစ်ဦးသည် ခွေးများကို အက်စစ် ထိုးပြီး လိုက်လံသတ်ဖြတ်နေသည့်ဗွီဒီယို တခု ရှီရားဇ် မြို့တွင် ပြသခဲ့မှုကြောင့် တိရစ္ဆာန်ညှင်းပန်းမှု ဖြစ်စေသည်ဟု သတ်မှတ်ပြီး ဆန္ဒပြမှုများ ပြုလုပ်ကာ ထိုသို့ပြုလုပ်မှုများကို ရပ်တန့်ပေးရန်တောင်းဆိုခဲ့ကြသည်။ တက်ကြွလှုပ်ရှားဆန္ဒပြသူများက ထိုခွေးများကို သတ်ဖြတ်မှုမပြုပဲ ၎င်းတို့အား သီးသန့်နေရာသတ်မှတ်ထားရှိပြီး မျိုးပွားမှုကာကွယ်ဆေးထိုးရန် ဆန္ဒပြုခဲ့ကြသည်။ ထိုအတိုင်းပင် သဘ်ရေးဇ်မြို့တွင်လည်း ဆန္ဒပြအရေးဆိုမှုများပြုလုပ်ခဲ့ပြီး အထက်ပါအတိုင်းပြုလုပ်ဆောင်ရွက်ပေးရန် တောင်းခံခဲ့ကြသည်။

၂၀၁၄ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ တိရစ္ဆာန်အခွင့်အရေးစောင့်ကြပ်ရေးအဖွဲ့မှ ရိုင်းသောတိရစ္ဆာန်များဖြင့် ဆပ်ကပ်ပွဲပြသခြင်းကို ပြင်းထန်စွာရှုံချခဲ့သည့်အတွက် ၂၀၁၆ခုနှစ်တွင် အီရန်နိုင်ငံပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနမှ တောရိုင်းတိရစ္ဆာန်များဖြင့် ဆပ်ကပ်ပွဲပြသခြင်းကို တားဆီးပိတ်ပင်ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. World Animal Protection (November 2, 2016)။ Iran။ June 27, 2016 တွင် ပြန်စစ်ပြီး။
  2. Anna Starostinetskaya (March 31, 2016)။ Iran Bans Wild Animal Circuses။ June 27, 2016 တွင် ပြန်စစ်ပြီး။