အီဗန် ကာဗာလဲရစ်ဇာ

ဝီကီပီးဒီးယား မှ
အီဗန် ကာဗာလဲရစ်ဇာ
မွေးဖွား(1887-04-13)၁၃ ဧပြီ၊ ၁၈၈၇
လာဒန်စကီး၊ Kharkov Governorate၊ ရုရှားအင်ပါယာ
ကွယ်လွန်၃ ဒီဇင်ဘာ၊ ၁၉၇၈(1978-12-03) (အသက် ၉၁)
ကီးယက်မြို့ဆိုဗီယက်ယူကရိန်း
အလုပ်အကိုင်ပန်းပုဆရာ၊ ရုပ်ရှင်ဒါရိုက်တာ၊ ပြဇာတ်နှင့် ဇာတ်ညွှန်းရေးဆရာ
ဘာသာစကားUkrainian
နိုင်ငံလူမျိုးUkrainian

အီဗန် ပတ်တရိုဗတ်ခ်ျ ကာဗာလဲရစ်ဇာ (ယူကရိန်း: Іван Петрович Кавалерідзе) သည် ယူကရိန်း-ဆိုဗီယက် ပန်းပုဆရာ၊ ရုပ်ရှင်ဒါရိုက်တာ၊ ပြဇာတ်နှင့် ဇာတ်ညွှန်းရေးဆရာတစ်ဦးဖြစ်သည်။

ဘဝ[ပြင်ဆင်ရန်]

ဗိုက်ကိုဗာသုဿာန်ရှိ အီဗန် ကာဗာလဲရစ်ဇာ၏ အုတ်ဂူ

ကာဗာလဲရစ်ဇာကို ၁၈၈၇ ခုနှစ် ဧပြီလ ၁၃ ရက်တွင် လာဒန်စကီးအရပ် (ယခု နိုဗိုပတ်တရစ်ဗ်ကာ၊ ရိုနေမြို့နယ်၊ ဆမ်နေခရိုင်၊ ယူကရိန်း) ၌ မွေးဖွားသည်။[၁] ၁၉၀၇ မှ ၁၉၀၉ ထိ ကီးယက်အနုပညာကျောင်းတွင်လည်းကောင်း၊ ၁၉၀၉ မှ ၁၉၁၀ ထိ တော်ဝင်အနုပညာအကယ်ဒမီတွင်လည်းကောင်း၊ ၁၉၁၀ မှ ၁၉၁၁ ထိ ပါရီတွင် နာအွမ် အာရွန်ဆွန်နှင့်လည်းကောင်း အနုပညာကို လေ့လာသင်ကြားခဲ့သည်။[၂] ၁၉၁၀ တွင် ဆမ်နေ၌ ပြဇာတ်ကုမ္ပဏီတစ်ခုကို တည်ထောင်ခဲ့သေးသည်။[၃] ၁၉၁၁ တွင် ဗိုလိုဒီမျာလမ်း၌ ရုရှားသူတော်စင်တို့၏ စကျင်ရုပ်တုများ ထုလုပ်ခဲ့သေးသည်။ ၁၉၃၄ တွင် ၎င်းရုပ်တုများကို ကွန်မြူနစ်များက ဖျက်ဆီးခဲ့သော်လည်း ၁၉၃၆ တွင် ပြန်လည်ထုလုပ်ခဲ့သည်။[၄] ၁၉၁၈ မှ ၁၉၂၀ အတွင်း တာရာစ် ရှဗ်ချန်ကိုနှင့် ဂရေဂိုရီ ဆကိုဗိုရိုဒါတို့၏ အထိမ်းအမှတ်ရုပ်တုများ ထုလုပ်ခဲ့သည်။[၅] ကီးယက်တက္ကသိုလ်ရှေ့တွင် စိုက်ထူထားသော ရှဗ်ချန်ကိုရုပ်တုသည် ၁၉၆၀ နှင့် ၁၉၈၀ ပြည့်နှစ်များအတွင်း အမျိုးသားရေးလှုပ်ရှားမှုများ၏ အချက်အချာနေရာ ဖြစ်ခဲ့သည်။[၄] ၁၉၂၈ မှ ၁၉၃၃ ထိ အိုဒယ်ဆာရုပ်ရှင်စတူဒီယိုတွင်လည်းကောင်း၊ ၁၉၃၄ မှ ၁၉၄၁ ထိ ကီးယက်ရုပ်ရှင်စတူဒီယိုတွင်လည်းကောင်း စာရေးဆရာ၊ ဒါရိုက်တာအဖြစ် လုပ်ကိုင်ခဲ့သည်။ ၁၉၃၆ တွင် ဆိုဗီယက်ရုပ်ရှင်လောက၌ ပထမဆုံးရုပ်ရှင်ပြဇာတ်အဖြစ် မီခိုလာ လီဆန်ကို၏ နာတာလ်ကာ ပိုလ်တာဗ်ကာပြဇာတ်ကို ရုပ်ရှင်အဖြစ်အသက်သွင်းခဲ့သည်။[၆] ၁၉၅၇ မှ ၁၉၆၂ ထိ ဒိုဗ်ဇန်းကိုရုပ်ရှင်စတူဒီယို၌ ဒါရိုက်တာအဖြစ် လုပ်ကိုင်ခဲ့သည်။ ကာဗာလဲရစ်ဇာကိုသည် ၁၉၇၈ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့တွင် ကွယ်လွန်ပြီး၊ ၎င်း၏ရုပ်အလောင်းကို ဗိုက်ကိုဗာသုဿာန်၌ မြှုပ်နှံထားသည်။[၆]

ကိုးကား[ပြင်ဆင်ရန်]

  1. Кавалерідзе Іван Петрович - Енциклопедії-. сторінка:0။ 28 December 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 February 2022 တွင် ပြန်စစ်ပြီး။
  2. Кавалерідзе Іван Петрович — Енциклопедія Сучасної України။ 2021-02-24 တွင် ပြန်စစ်ပြီး။
  3. Rollberg၊ Peter (2016)။ Historical Dictionary of Russian and Soviet Cinema, Second Edition။ Lanham, MD: Rowman & Littlefield။ p. 672။ ISBN 978-1-4422-6841-8
  4. ၄.၀ ၄.၁ Wilson၊ Andrew (2015)။ The Ukrainians: Unexpected Nation, Fourth Edition။ New Haven: Yale University Press။ p. 224။ ISBN 978-0-300-21725-4
  5. Кавалерідзе Іван (in uk)။ 2021-02-24 တွင် ပြန်စစ်ပြီး။
  6. ၆.၀ ၆.၁ Egorova၊ Tatʹi︠a︡na K. (2013)။ Soviet Film Music: An Historical Survey။ New York: Routledge။ p. 59။ ISBN 3-7186-5911-5