အီဂျီမဲ (ကိုရီးယားရုပ်သံဇာတ်လမ်းတွဲ)
အီဂျီမဲ 일지매 | |
---|---|
အခြားအမည် | Iljimae: The Phantom Thief |
အမျိုးအစား | Historical, Action, Romance |
ဒါရိုက်တာ | Lee Yong-suk |
နိုင်ငံ | တောင် |
ဘာသာစကား | ကိုးရီးယား |
အပိုင်းပေါင်း | ၂၀ |
ထုတ်လုပ်မှု | |
ရိုက်ကူးသည့် နေရာ | ကိုရီးယား |
ထုတ်လုပ်သည့် ကုမ္ပဏီ | Chorokbaem Media |
ထုတ်လွှင့်မှု | |
မူရင်းရုပ်သံလိုင်း | SBS |
မူလပြသမှု | ၂၁ မေ ၂၀၀၈ | – ၂၄ ဇူလိုင် ၂၀၀၈
ဇာတ်လမ်းတွဲစဉ် | |
ဆက်စပ်မှုများ | The Return of Iljimae The Vigilantes in Masks |
ပြင်ပလင့်(ခ်)များ | |
ဝက်ဘ်ဆိုဒ် |
အီဂျီမဲ သည် ၂၀၀၈ခုနှစ်က ထွက်ရှိခဲ့သည့် တောင်ကိုရီးယားရုပ်သံဇာတ်လမ်းတွဲ ဖြစ်သည်။ ထိုကားသည် ၁၉၇၅ မှ ၁၉၇၇ အတွင်း ဂျိုဆွန်းခေတ် ရော်ဘင်ဟုအကြောင်းဖြစ်သောကာတွန်းကားကိုအခြေခံထားသည်။
အကျဉ်းချုပ်
[ပြင်ဆင်ရန်]၁၆၃၃ခုနှစ်ဝန်းကျင် ဂျိုဆွန်းခေတ် လီဂျီယွန်းသည် အမတ်လီဝန်းဟို၏သားဖြစ်သည်။ လီဝန်းဟိုသည် ဘုရင်၏စိတ်ချအားထားရသူဖြစ်ကာ ချင်ဝူးဟိုးလျှို့ဝှက်အဖွဲ့ဝင်ဖြစ်သည်။ မျက်မမြင်ရှေးဖြစ်ဟောဆရာ၏ပြောချက်အရ သူ့အိမ်တွင်အနာဂတ်ခေါင်းဆောင်ကိုတွေ့ရကြောင်းဘုရင်သိလျှင် သူ့ကိုသတ်စေခဲ့သည်။ သူ့သားကိုဘီရိုအတွင်းပုန်းနေစေရာ လီဂျီဟွန်းသည် ဘီရိုအပေါက်မှတစ်ဆင့်သူ့အဖေကိုသတ်သူ၏ဓားပေေါ်မှတံဆိပ်ကိုတွေ့လိုက်သည်။ သူ့အမေနှင့်အိမ်ရှိလူများဖမ်းခံရသော်လည်းသူမှာလွတ်မြောက်သွားသည်။ သူ့အမေမှာ သူ့သားအားလွတ်စေလို၍ သားမဟုတ်ကြောင်းသက်သေပြရန်သူ့အားခဲနှင့်ပေါက်ရာစေမှလီဂျီဟွန်းသည် အကြောင်းကြောင်းကြောင့် အတိတ်မေ့သွားသည်။ သူ့အားသူခိုးဟောင်း ဆိုးဒယ်မှ"ယန်း"ဟုအမည်ပေးကာမွေးစားခဲ့သည်။ ၁၃နှစ်အကြာတွင် မှတ်ဉာဏ်ပြန်ရလာပြီး သူ၏အမကို လိုက်ရှာသည်။
သူ့အမကို ထောင်ချ၍ သတ်လိုက်ခြင်းသည် သူ့အားဂလဲ့စားချေရန် တွန်းအားပေးလာသည်။ ဓားပေါ်မှတံဆိပ်ကို မှတ်မိ၍ပြန်ရှာကာ ဂလဲ့စားချေရန် လိုက်ရှာရင်း သူ့ကိုယ်သူ အနက်ရောင်ဝတ်စုံဖြင့် အီဂျီမဲအဖြစ်လှုပ်ရှားခဲ့သည်။ ထိုသို့လှုပ်ရှားရာတွင် ချင်ဝူးဟိုးလျှို့ဝှက်အဖွဲ့၏ အဖွဲ့ဝင်တစ်ယောက်ချင်းစီတိုင်း၏ အိမ်ကိုဝင်ဖောက်ခဲ့သည်။ မတရားမှုခံရသူများကို ကူညီခြင်းဖြင့်နာမည်ကြီးလာသည်။ လုယက်မှုတစ်ခုပြီးတိုင်း ချယ်ရီပန်းပွင့်ပုံ လက်ကိုင်ပုဝါကို ချန်ခဲ့သည်။ ထိုပုံမှာ ငယ်စဉ်ကနေခဲ့သော အိမ်တော်ရှိချယ်ရီပင်နှင့် သူ့အဖေရေးဆွဲခဲ့သောပန်းချီဖြစ်သည်။ အီဂျီမဲဆိုသည်မှာ တစ်ကိုင်းတည်းရှိသောချယ်ရီပင် ဖြစ်သည်။နောက်ပိုင်းတွင်သူ့အဖေကို သတ်သူမှာ ဘုရင်ကြီးဖြစ်ကြောင်း သိလိုက်ရသည်။
ရိုက်ကူးခြင်း
[ပြင်ဆင်ရန်]အဓိက
[ပြင်ဆင်ရန်]- လီဂျွန်ကီ -အီဂျီမဲ၊လီဂျီဟွန်း၊ယန်း
- ယိုဂျင်ဂူး-လီဂျီဟွန်း၏ကလေးဘဝ
- ဟန်ယိုဂျူး-ဘန်အွန်းချယ်
- ကန်ယိုးဂျူ-ဘန်အွန်းချယ်၏ကလေးဘဝ
- လီယောင်အ-ဘွန်ဆွန်း
- ဂျောင်ဒဘင်း-ဘွန်ဆွန်း၏ငယ်ဘဝ
- ပတ်ဆီဟူး-ဘန်ဆီဟူး
- လီဒဗစ်-ဘန်ဆီဟူး၏ကလေးဘဝ