အိုးမိဆိုခ

ဝီကီပီးဒီးယား မှ
အိုးမိဆိုခ
Ōmisoka
Shinto shrine on ōmisoka
တရားဝင်နာမည်大晦日
အခြားနာမည်New Year's Eve
ကျင်းပသည့်နိုင်ငံJapan
အမျိုးအစားCultural
သိသာထင်ရှားမှုPreparing for the new year
ပွဲတော်များKōhaku Uta Gassen
နေ့ရက်December 31
နောက်အကြိမ်ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၁"။
အကြိမ်annual
ဆက်နွယ်မှုJapanese New Year
New Year's Eve

အိုးမိဆိုခ (大晦日) သို့မဟုတ် အိုးဆုဂိုမိုရိ (大晦) သည် နှစ်တစ်နှစ်၏ နောက်ဆုံးနေ့တွင်ကျင်းပသည့် ဂျပန်ရိုးရာပွဲတော်တစ်ခု ဖြစ်သည်။ နှစ်တစ်နှစ်၏ ၁၂ လပိုင်း နောက်ဆုံးနေ့တွင် ကျင်းပသည့် ပွဲတော်ဖြစ်သည်။ မဲဂျိခေတ်ကာလတွင် ဂျပန်နိုင်ငံတွင် ဂရီဂေါရီးယန်း ပြက္ခဒိန်ကို အသုံးပြုမှုစတင်ခဲ့ခြင်းနှင့်အတူ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် (နှစ်သစ်ကူးပွဲတော်) နှင့်အတူ လက်ရှိအချိန်တွင် ကျင်းပလျက်ရှိသည်။

ရင်းမြစ်များ[ပြင်ဆင်ရန်]

ဝေါဟာရ[ပြင်ဆင်ရန်]

လနှင့်နေ၏ ရွေ့လျားပြောင်းလဲမှုကို အခြေခံထားသည့် ဂျပန်ပြက္ခဒိန်တွင် လတစ်ခုချင်းစီတိုင်း၏ နောက်ဆုံးနေ့ကို မိဆိုခ (晦日) ဟု ခေါ်သည်။ မူလအဓိပ္ပါယ်မှာ "မိဆို" ကို 三十 ဟု ရေးကြပြီး သုံးဆယ်ရက်မြောက်နေ့ကို ဆိုလိုသည်။ သို့သော်လည်း "မိဆိုခ" သည် လတစ်ခု၏ ကြာချိန်ကာလပေါ်မူတည်ကာ တစ်ခါတစ်ရံ ၂၉ ရက်မြောက်နေ့တွင် ကျရောက်သည်လည်း ရှိသည်။ ၁၂ လပါရှိသည့် နှစ်တစ်ခု၏ နောက်ဆုံးနေ့ကို "အိုးမိဆိုခ" (大晦日) ဟု ခေါ်ကြသည်။ 大 အက္ခရာသည် နှစ်တစ်နှစ်၏ နောက်ဆုံးနေ့ကို ရည်ညွန်းပြီး "ကြီးမြတ်သည့်သုံးဆယ်ရက်နေ့" ဟု အဓိပ္ပါယ်ရသည်။[၁][၂] မဲဂျိခေတ်ကာလ ပြုပြင်ပြောင်းလဲမှုများ၏ တစ်စိတ်တပိုင်းအနေဖြင့် ဂျပန်နိုင်ငံတွင် ဂရီဂေါရီးယန်း ပြက္ခဒိန်ကို ၁၈၇၃ ခုနှစ်တွင် ပြောင်းလဲအသုံးပြုခဲ့ကြသည်။ ထို့ကြောင့် အိုးမိဆိုခပွဲတော် (သို့) နှစ်သစ်ကူးပွဲတော်သည်လည်း ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ကျရောက်ခဲ့သည်။[၃] ထိုနေ့ကို ရှေးကျသည့်အသံထွက်ပုံထွက်နည်းဖြင့် "အိုးဆုဂိုမိုရိ" ōtsugomori (大晦) ဟု သိုကြသည်။[၁][၄] ထိုအသံထွက်သည်လည်း ဆုခိဂိုမိုရိ tsukigomori (月隠り)၏ အတိုကောက်ဖြစ်ပြီး "လတစ်လ၏ နောက်ဆုံးနေ့" ဟု အဓိပ္ပါယ်ရသည်။[၁]

လုပ်ဆောင်မှုများ[ပြင်ဆင်ရန်]

Otakiage (ja), a ritual bonfire in a shrine
Kitsune no Gyoretsu (Ōji 2010)
Kitsune no Gyoretsu (Ōji 2010)

ပုံမှန်အားဖြင့် အရေးပါသည့် လုပ်ဆောင်မှုများသည် နှစ်သစ်ကူးနေ့ကို လန်းဆန်းစွာ စတင်ရန်အတွက် ဖြစ်သည်။ အချို့သော လုပ်ဆောင်မှုများတွင် အိမ်သန့်ရှင်းခြင်း၊ အကြွေးများကို ပေးချေခြင်း၊ သန့်ရှင်းစင်ကြယ်အောင်လုပ်ခြင်း (မကောင်းသော ဝိဉာဉ်များနှင့် မကောင်းသောကံများကို မောင်းထုတ်ဖယ်ရှားခြင်းကဲ့သို့) နှင့် နှစ်တစ်ခု၏ ကုန်ခါနီးနာရီအချိန်များတွင် ရေချိုးကာ နားနားနေနေနေထိုင်ခြင်းဖြင့် အချိန်ကို ကုန်ဆုံးစေခြင်း စသည့်နည်းလမ်းများ ပါဝင်သည်။ မကြာသေးသောကလများတွင် မိသားစုဝင်များနှင့် သူငယ်များများ စုဝေးကြကာ ပါတီပြုလုပ်ခြင်းများနှင့် NHK တွင် ပြသသည့် Kōhaku Uta Gassen (紅白歌合戦, "Red/White Singing Battle") ကို လေးနာရီကြာကြည့်ရှုခြင်းများ ပြလုပ်လာခဲ့ကြသည်။ ထို့အပြင် ကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲများ ကြည့်ရှုခြင်းများလည်း လုပ်ဆောင်လာခဲ့ကြသည်။[၁] ထိုဓလေ့သည် ရှေးယခင်ကလည်းက ဂျပန်နိုင်ငံ၏ ယဉ်ကျေးမှုတွင် တည်ရှိလာခဲ့သည့် toshigamisama (歳神様) or toshitokusama (歳徳様) စသည်တို့နှင့် ဆက်စပ်မှု ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ Sosnoski၊ Daniel, ed. (August 5, 2014) [1996]။ "Omisoka"။ Introduction to Japanese CultureNorth Clarendon, Vermont: Tuttle Publishing။ p. 66။ ISBN 978-4-8053-1313-8LCCN 95062169
  2. Tanaka၊ Stefan (August 22, 2004)။ "Prelude: Times, Pasts, History"။ New Times in Modern JapanPrinceton, New Jersey: Princeton University Press။ p. 15ISBN 0-691-11774-8LCCN 2003066411
  3. 大晦日(おおみそか)と正月 Omisoka & Shogatsu။ Nihongo Instructor Club။ February 3, 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ February 2, 2017 တွင် ပြန်စစ်ပြီး။
  4. Nishitsunoi၊ Masayoshi (May 23, 1958)။ 年中行事事典 [Encyclopedia of Annual Events] (ဂျပန်ဘာသာစကားဖြင့်)။ Tōkyōdō Shuppan။ p. 123။