မာတိကာသို့ ခုန်သွားရန်

အိုးတနိတက္ကသိုလ်

ဝီကီပီးဒီးယား မှ
အိုးတနိတက္ကသိုလ်
အိုးတနိတက္ကသိုလ်၏ အဓိကဝင်ပေါက်
ယခင်အမည်များ
Shinshū University
တည်ထောင်1901
နှီးနွယ်အဖွဲ့အစည်းBuddhist
တည်နေရာKyoto, Japan
ဝဘ်ဆိုဒ်http://www.otani.ac.jp/

အိုးတနိတက္ကသိုလ် (大谷大学, Ōtani Daigaku) သည် ဂျပန်နိုင်ငံ၊ ကျိုတိုမြို့၊ ခိတရပ်ကွက်တွင် တည်ရှိသည့် ပုဂ္ဂလိကတက္ကသိုလ်တစ်ခုဖြစ်သည်။ ဤတက္ကသိုလ်သည် ဗုဒ္ဓဘာသာလေ့လာမှုများကို အဓိကထားသည့် ကျားမအတူသင်ကြားသည့်အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ၂ နှစ်ကြာဂျူနီယာကောလိပ်သည် တက္ကသိုလ်နှင့် ချိတ်ဆက်ထားသည်။ တက္ကသိုလ်သည် ဂျောဒိုးရှင်းရှူး သို့မဟုတ် ရှင်းဗုဒ္ဓဘာသာကျောင်း၏ အိုးတနိကျောင်းနှင့် ချိတ်ဆက်ထားသည်။[၁][၂][၃]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

အိုးတနိတက္ကသိုလ်၏ သမိုင်းကြောင်းသည် အဲဒိုခေတ်ကာလ (၁၆၀၃-၁၈၆၈) အစောပိုင်းကာလတွင် စတင်ခဲ့သည်။ ထိုအချိန်က ဟိဂရှိဟွန်းဂန်းဂျိ၏ ဘာသာရေးကျောင်း ဖြစ်ခဲ့သည်။ ၁၆၀၂ ခုနှစ်တွင် ရှောဂွန်းဖြစ်သည့် တိုခုဂဝအိအဲယဆုသည် ရှင်းဗုဒ္ဓဘာသာ၏ ဩဇာသက်ရောက်မှုကို လျှော့ချရန် နိရှိဟွန်းဂန်းဂျိကို တည်ထောင်ခဲ့သည်။ ကျောင်းသည် ၁၇၅၅ ခုနှစ်တွင် ပြန်လည်အားကောင်းလာကာ အသက်ဝင်လာခဲ့သည်။ ၁၉ ရာစုတွင်တွင်မူ ပိုမိုကျယ်ပြန့်သော သင်ရိုးများကို ပြသပေးခဲ့သည်။[၃][၄]

၁၉၀၁ ခုနှစ်တွင် ခေတ်မီတက္ကသိုလ်ကို “ရှင်းရှူးတက္ကသိုလ်” ဟူသည့်အမည်ဖြင့် တိုကျိုမြို့ရှိ ဆုဂမိုဒေသတွင် တည်ထောင်ခဲ့သည်။ ရှင်းရှူးတက္ကသိုလ်သည် ခိယောဇဝမန်းရှိ (၁၈၆၃ - ၁၉၀၃) နှင့် နီးကပ်စွာ ပတ်သက်မှုရှိသည်။[၅] ခိယောဇဝမန်းရှိသည် အောက်ခြေအဆင့်ဆာမူရိုင်းနောက်ခံပတ်ဝန်းကျင်ရှိပြီး ရှင်းဗုဒ္ဓဘာသာ၏ ပြုပြင်သူတစ်ဦးလည်း ဖြစ်သည်။ သူသည် တိုကျိုတက္ကသိုလ်တွင် အမေရိကန် အတွေးအခေါ်ပညာရှင် Ernest Fenollosa (1853–1908)၏ လက်အောက်တွင် ပညာသင်ကြားခဲ့သည်။ ခိယောဇဝသည် တက္ကသိုလ်တွင် ပထမဆုံးဌာနမှူးအဖြစ်လည်း တာဝန်ထ်မးခဲ့သည်။[၁][၂][၆] ၁၉၀၄ ခုနှစ်တွင် တက္ကသိုလ်သည် တရားဝင် အတတ်သင်ကျောင်းအဖြစ် အသိအမှတ်ပြုခံရမှုကို ရရှိခဲ့သည်။

၁၉၁၁ ခုနှစ်တွင် ရှင်းရှူးတက္ကသိုလ်ကို တိုကျိုမြို့မှ ကျိုတိုမြို့သို့ ပြောင်းရွှေ့ခဲ့သည်။ ပုံမှန်စာသင်ကြားမှုအတွက် ပညာသင်ကာလသည် သုံးနှစ်ကြာမြင့်ပြီး ထပ်မံ၍ အထူးပြုလေ့လာမှုအတွက် ၂ နှစ်ကြာမြင့်မည် ဖြစ်သည်။ ဘွဲ့ရရှိရန်အတွက်မူ လေးနှစ်ကြာမြင့်မည် ဖြစ်သည်။၁၉၁၃ ခုနှစ်တွင် တက္ကသိုလ်ကို ခိတရပ်ကွက်ရှိ ခိုယမဟိဂရှိဖုဆချောအရပ်ရှိ အဆောက်အဦအသစ်သို့ ပြောင်းရွှေ့ခဲ့သည်။ ၁၉၂၂ ခုနှစ်တွင် တက္ကသိုလ်ဟူသည့် အဆင့်သတ်မှတ်မှုကို ရရှိခဲ့ပြီး အမည်ကိုလည်း ထိုနှစ်တွင်ပင် အိုးတနိတက္ကသိုလ်ဟု ပေးခဲ့သည်။ ၁၉၄၇ ခုနှစ် ပညာရေးဆိုင်ရာဥပဒေအရ အိုးတနိတက္ကသိုလ်သည် ဒုတိယကမ္ဘာစစ်အကြိုပညာရေးစနစ်သို့ ကူးပြောင်းခဲ့ပြီး တက္ကသိုလ်တစ်ခုအဖြစ် အမျိုးအစားခွဲခြားသတ်မှတ်ခြင်း ခံခဲ့ရသည်။[၂][၄] ၂၀၀၃ ခုနှစ်တွင် အိုးတနိတက္ကသိုလ်ပြတိုက်ကို ဖွင့်လှစ်ခဲ့သည်။[၇]

ထင်ရှားသည့် ကျောင်းသားဟောင်းများ[ပြင်ဆင်ရန်]

ပြင်ပလင့်များ[ပြင်ဆင်ရန်]

ကိုဩဒိနိတ်: 35°02′35″N 135°45′29″E / 35.042949°N 135.758124°E / 35.042949; 135.758124

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ "Ōtani University"Encyclopedia of Japan။ Tokyo: Shogakukan။ 2012။ OCLC 564310362012-09-04 တွင် ပြန်စစ်ပြီး
  2. ၂.၀ ၂.၁ ၂.၂ "大谷大学" [Ōtani University]။ Dijitaru Daijisen (Japaneseဘာသာစကားဖြင့်)။ Tokyo: Shogakukan။ 2012။ OCLC 564310362012-09-04 တွင် ပြန်စစ်ပြီးCS1 maint: အသိအမှတ်မပြုသော ဘာသာစကား (link)
  3. ၃.၀ ၃.၁ "大谷大学" [Ōtani Daigaku]။ Kokushi Daijiten (Japaneseဘာသာစကားဖြင့်)။ Tokyo: Shogakukan။ 2012။ OCLC 6832760332012-09-07 တွင် ပြန်စစ်ပြီးCS1 maint: အသိအမှတ်မပြုသော ဘာသာစကား (link)
  4. ၄.၀ ၄.၁ "大谷大学" [Ōtani Daigaku]။ Nihon Kokugo Daijiten (Japaneseဘာသာစကားဖြင့်)။ Tokyo: Shogakukan။ 2012။ OCLC 564310362012-09-07 တွင် ပြန်စစ်ပြီးCS1 maint: အသိအမှတ်မပြုသော ဘာသာစကား (link)
  5. "Kiyozawa Manshi"Encyclopedia of Japan။ Tokyo: Shogakukan။ 2012။ OCLC 564310362012-08-29 တွင် ပြန်စစ်ပြီး
  6. December Fan: The Buddhist Essays of Manshi Kiyozawa translated by Nobuo Haneda, pp. 86–87 (biography by Thomas Kirchner) / Kyoto: Higashi Honganji 1984, OCLC 20248970
  7. You must specify title = and url = when using {{cite web}}. (in Japanese)။ Agency for Cultural Affairs။ 24 October 2015 တွင် ပြန်စစ်ပြီး။
  8. "金子大栄" [Kaneko Daiei]။ Nihon Daihyakka Zensho (Nipponika) (Japaneseဘာသာစကားဖြင့်)။ Tokyo: Shogakukan။ 2012။ OCLC 1533015372012-09-12 တွင် ပြန်စစ်ပြီးCS1 maint: အသိအမှတ်မပြုသော ဘာသာစကား (link)
  9. "曽我 量深" [Soga Ryōjin]။ Nihon Daihyakka Zensho (Nipponika) (Japaneseဘာသာစကားဖြင့်)။ Tokyo: Shogakukan။ 2012။ OCLC 1533015372012-09-12 တွင် ပြန်စစ်ပြီးCS1 maint: အသိအမှတ်မပြုသော ဘာသာစကား (link)
  10. "鈴木大拙" [Daisetz Teitaro Suzuki]။ Nihon Jinmei Daijiten (日本人名大辞典) (Japaneseဘာသာစကားဖြင့်)။ Tokyo: Shogakukan။ 20122012-09-05 တွင် ပြန်စစ်ပြီးCS1 maint: အသိအမှတ်မပြုသော ဘာသာစကား (link)