အိုးခုရရွာ

ဝီကီပီးဒီးယား မှ
အိုးခုရရွာ
大蔵村
Village
Ōkura Village Hall
Ōkura Village Hall
အိုးခုရရွာ၏ အလံတော်
အလံတော်
အိုးခုရရွာ၏ တံဆိပ်တုံး
စည်းတံဆိပ်
Location of Ōkura in Yamagata Prefecture
Location of Ōkura in Yamagata Prefecture
အိုးခုရရွာ သည် ဂျပန်နိုင်ငံ တွင် တည်ရှိသည်
အိုးခုရရွာ
အိုးခုရရွာ
 
ကိုဩဒိနိတ်: 38°42′14.8″N 140°13′49.3″E / 38.704111°N 140.230361°E / 38.704111; 140.230361ကိုဩဒိနိတ်: 38°42′14.8″N 140°13′49.3″E / 38.704111°N 140.230361°E / 38.704111; 140.230361
CountryJapan
RegionTōhoku
PrefectureYamagata
DistrictMogami
ဧရိယာ
 • စုစုပေါင်း၂၁၁.၅၉ စတုရန်းကီလိုမီတာ (၈၁.၇၀ စတုရန်းမိုင်)
လူဦးရေ (January 2020)
 • စုစုပေါင်း၃၀၄၄
 • သိပ်သည်းမှု၁၄/km (၃၇/sq mi)
အချိန်ဇုန်Japan Standard Time (UTC+9)
City symbols 
• TreeJapanese beech
• FlowerJapanese gentian
• BirdCopper pheasant
Phone number0233-75-2111  
Address2528 Kiyomizu, Ōkura-mura, Mogami-gun, Yamagata-ken 999-0212
ဝက်ဘ်ဆိုဒ်တရားဝင် ဝက်ဘ်ဆိုဒ်
Hijiri onsen in Ōkura

အိုးခုရရွာ (大蔵村, အိုးခုရ-မုရ)သည် ဂျပန်နိုင်ငံ, ယာမဂတစီရင်စုတွင် တည်ရှိသည့် ကျေးရွာတစ်ရွာ ဖြစ်သည်။ ၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် ကျေးရွာရှိ ခန့်မှန်းလူဦးရေသည် ၃၀၄၄ ဦးရှိပြီး လူဦးရေသိပ်သည်းဆသည် တစ်စတုရန်းကီလိုမီတာလျှင် ၁၄ ဦးရှိသည်။ စုစုပေါင်းဧရိယာသည် ၂၁၁.၅၉ စတုရန်းကီလိုမီတာ (၈၂ စတုရန်းမိုင်) ရှိသည်။

ပထဝီသွင်ပြင်[ပြင်ဆင်ရန်]

အနီးရှိ မြို့များ[ပြင်ဆင်ရန်]

လူမှုပထဝီ[ပြင်ဆင်ရန်]

ဂျပန်နိုင်ငံ၏ လူဦးရေအချက်အလက်များအရ ၁၉၅၀ ခုနှစ်တွင် အိုးခုရရွာတွင် လူဦးရေသည် အများဆုံး ဖြစ်ခဲ့သည်။ ယခုအချိန်တွင် လူဦးရေသည် ဆယ်စုနှစ်တစ်ခုအချိန်ကာလ လျော့နည်းလျက်ရှိသည်။[၁]

သမိုင်းတစ်လျှောက် လူဦးရေများ
ခုနှစ်လူဦးရေ±%
1920 ၈၁၅၆—    
1930 ၇၄၈၆−8.2%
1940 ၇၇၉၇+4.2%
1950 ၉၀၁၅+15.6%
1960 ၈၄၃၄−6.4%
1970 ၆၀၈၀−27.9%
1980 ၅၃၀၁−12.8%
1990 ၄၉၈၂−6.0%
2000 ၄၅၂၈−9.1%
2010 ၃၇၆၂−16.9%

ရာသီဥတု[ပြင်ဆင်ရန်]

အိုးခုရရွာသည် စိုစွတ်သည့်ရာသီဥတု ရှိသည်။ ရာသီအလိုက် အပူချိန်ခြားနားမှု များပြားသည်။ နွေရာသီတွင် ရာသီဥတုသည် နွေးရာမှ ပူ (တစ်ခါတရံ အလွန်စိုထိုင်း) ခြင်းများ ရှိသည်။ ဆောင်းရာသီတွင် အေးမြသည်။ (တစ်ခါတရံ အလွန်အေးသည်)။ မိုးရွာသွန်းမှုသည် တစ်နှစ်ပတ်လုံး ရှိပြီး မိုးအများဆုံးရွာသွန်းသည့် လများမှာ ဩဂုတ်မှ အောက်တိုဘာလအထိ ဖြစ်သည်။ တစ်နှစ်ပတ်လုံးပျှမ်းမျှအပူချိန်သည်၉.၉ ဒီဂရီစင်တီဂရိတ် ရှိသည်။ နှစ်ပတ်လည် မိုးရွာသွန်းမှုသည် ၁၇၉၅ မီလီမီတာရှီကာ စက်တင်ဘာလသည် ရွာသွန်းမှုအများဆုံးလ ဖြစ်သည်။ အပူချိန်သည် ဩဂုတ်လတွင် အမြင့်ဆုံးဖြစ်ပြီး ၂၃.၇ ဒီဂရီစင်တီဂရိတ်ပတ်ဝန်းကျင်ရှိသည်။ အနိမ့်ဆုံးအပူချိန်သည် ဇန်နဝါရီလတွင် ဖြစ်ပြီး အနှုတ် ၂.၇ ဒီဂရီစင်တီဂရိတ် ပတ်ဝန်းကျင်ရှိသည်။[၂]

သမိုင်း[ပြင်ဆင်ရန်]

ယခုလက်ရှိအချိန် အိုးခရရွာ၏ ဧရိယာသည် ရှေးခေတ် ဒဲဝစီရင်စု၏ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့သည်။ ဆင်းဂိုခုခေတ်ကာလတွင် မိုဂမိမျိုးနွယ်စုလက်အောင်သို့ ကျရောက်ခဲ့ရသည်။ အဲဒိုခေတ်တွင် မိုဂမိမြစ်ပေါ်ရှိ ဆိပ်ကမ်းရွာတစ်ရွာ ဖြစ်ခဲ့ပြီး ဂန်ဆန် (Gassan) တောင်သို့ သွားလာရာလမ်းပေါ်ရှိ စာတိုက်ဌာန ဖြစ်ခဲ့သည်။ မဲအိဂျိခေတ်ကာလတွင် အိုးခုရရွာဧရိယာသည် ယာမဂတစီရင်စု၊ မိုဂမိခရိုင်၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာသည်။ အိုးခုရရွာကို ၁၈၈၉ ခုနှစ်၊ ဧပြီ ၁ ရက်နေ့တွင် ခေတ်သစ်မြို့ပြစနစ်တည်ဆောင်သည့် ပုံစံအတိုင်း တည်ထောင်ခဲ့သည်။[ကိုးကားချက်လိုသည်]

စီးပွားရေး[ပြင်ဆင်ရန်]

အဓိကစီးပွားရေးလုပ်ငန်းအနေဖြင့် စိုက်ပျိုးရေး (ခရမ်းချဉ်သီးနှင့် buckwheat)၊ ဆာကေးအရက်ထုတ်လုပ်ခြင်းနှင့် ရေပူစမ်းအပန်းဖြေစခန်းများသို့ ရာသီအလိုက်ခရီးသွားလုပ်ငန်းများ ဖြစ်ကြသည်။ ခိုခဲရှိအရုပ်များသည် ဒေသဖြစ် လက်မှုပစ္စည်းအဖြစ် လူသိများသည်။

ပညာရေး[ပြင်ဆင်ရန်]

အိုးခုရရွာတွင် အများပြည်သူဆိုင်ရာ မူလတန်းကျောင်းတစ်ကျောင်းနှင့် အလယ်တန်းကျောင်းတစ်ကျောင်း တည်ရှိသည်။ ထိုကျောင်းများကို ကျေးရွာအုပ်ချုပ်ရေးက စီမံခန့်ခွဲလျက်ရှိသည်။ အထက်တန်းကျောင်းမူ မရှိပေ။

ပို့ဆောင်ဆက်သွယ်ရေး[ပြင်ဆင်ရန်]

ရထားလမ်း[ပြင်ဆင်ရန်]

  • အိုးခုရရွာတွင် ခရီးသွားများအတွက် ရထားပို့ဆောင်ရေးဝန်ဆောင်မှု မရှိပေ။

ကားလမ်း[ပြင်ဆင်ရန်]

  • National Route 458

ဒေသတွင်း ဆွဲဆောင်ရာနေရာများ[ပြင်ဆင်ရန်]

  • ရှိမိဇုရဲတိုက်၏ အပျက်အစီးများ
  • ဟိဂျိအိုရိရေပူစမ်း

ပြင်ပလင့်များ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]