အိုဝဂိရိယ

ဝီကီပီးဒီးယား မှ
အိုဝဂိရိယ
Ovagiriya Archaeological Site
ඔවාගිරිය පුරාවිද්‍යා භූමිය
The pagoda with unusual octagonal platform
အချက်အလက်များ
တည်နေရာOvagiriya, Sri Lanka
ကိုဩဒိနိတ်07°13′26.6″N 81°33′45.8″E / 7.224056°N 81.562722°E / 7.224056; 81.562722ကိုဩဒိနိတ်: 07°13′26.6″N 81°33′45.8″E / 7.224056°N 81.562722°E / 7.224056; 81.562722
ဘာသာရေး နှီးနွယ်မှုBuddhism
ခရိုင်Ampara
စီရင်စုEastern Province
နိုင်ငံသီရိလင်္ကာနိုင်ငံ
အမွေအနှစ် သတ်မှတ်ခြင်းArchaeological protected monument
ဗိသုကာ
ဗိသုကာ အမျိုးအစားBuddhist Temple

အိုဝဂိရိယ သည် သီရိလင်္ကာနိုင်ငံ၊ အမ်ပါရာခရိုင်၊ Polwatta မြို့တွင် တည်ရှိသည့် ရှေးဟောင်းသုတေသနနယ်မြေတစ်ခု ဖြစ်သည်။ အမ်ပါရာမြို့မှ ၁၉ ကီလိုမီတာ (၁၂ မိုင်) အကွာ Ampara-Inginiyagala လမ်းတွင် တည်ရှိသည်။

သမိုင်း[ပြင်ဆင်ရန်]

The granite Buddha statue

အိုဝဂိရိယရှိ အပျက်အစီးအကြွင်းအကျန်များသည် ၎င်းသည် ၅ ရာစု သို့မဟုတ် ထိုမတိုင်မီက ဖြစ်သည်ဟု ဖော်ပြနေသည်။[၁] ၎င်းသည် Ruhuna ကို အုပ်ချုပ်ခဲ့သည့် ဘုရင် Kavantissa တည်ဆောက်ခဲ့သည့် ရှေးဟောင်းကျောင်းတော်တစ်ခုဖြစ်သည်ဟု ယုံကြည်ကြသည်။ ထိုယူဆချက်ကို အတည်ပြုနိုင်မည့် ရှေးဟောင်းသုတေသနအချက်အလက်များကိုမူ မတွေ့ရှိရပေ။[၂]

Gal Oya ဖွံ့ဖြိုးရေးအဖွဲ့၏ တောင်းဆိုချက်အရ ၁၉၅၆ ခုနှစ်တွင် သီရိလင်္ကာနိုင်ငံ ရှေးဟောင်းသုတေသနဌာနသည် ထိုနေရာကို ရှာဖွေလေ့လာမှုများ ပြုလုပ်ခဲ့ကြသည်။ ထိုသို့ရှာဖွေချိန်တွင် Gal Oya ဖွံ့ဖြိုးရေးအဖွဲ့၏ လုပ်ဆောင်မှုများကြောင့် အကြွင်းအကျန်အများအစုသည် ပျက်စီးသွားခဲ့ရသည်။

အပျက်အစီးများ[ပြင်ဆင်ရန်]

အပျက်အစီးများတွင် စေတီတော်တစ်ဆူ၊ ရုပ်ပွားတော်တစ်ခုပါဝင်သည့် ကျောင်းတော်တစ်ခု၊ အကာအကွယ်ကျောက်တုံးများ၊ ကျောက်တိုင်များ၊ Balustrades (Korawak gal), အမိုးအတွက် အသုံးပြုခဲ့သည့် ရွံ့စေးအုပ်ကြွပ်ပြားများကို တွေ့မြင်ရသည်။[၃] စေတီတော်သည် ပုံမှန်မဟုတ်သည့် အဋ္ဌဂံပုံစံ တည်ဆောက်ထားသည်။ ထိုသို့ တည်ဆောက်ထားခြင်းသည်ပင် စေတီတော်သည့် ထူးခြားသည့် လက္ခဏာတစ်ရပ် ဖြစ်သည်။

၂၀၀၈ ခုနှစ်တွင် ရှေးဟောင်းသုတေသနဌာန၏ ထိန်းသိမ်းစောင့်ရှောက်ရေးဌာနစိတ်က ကျောင်းတော်တွင် တည်ရှိနေသည့် လက်မပါရှိတော့သည့် ၁၁.၅ ပေ အမြင့်ရှိ ကျောက်ဆင်းတုတစ်ဆူကို ပြုပြင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။ ထိုသို့ ပြင်ဆင်မှုများ ပြုလုပ်နေစဉ်ပင် ရုပ်ပွားတော်၏ ပခုံးရှိ အစိတ်အပိုင်းများသည် ကျိုးပဲ့ကာ မြေပြင်သို့ ပြုတ်ကျခဲ့သည်။ ယနေအချိန်တွင် ရုပ်ပွားတော်သည် မတ်တပ်ရပ်လျက်အနေအထားဖြင့် ထားရှိထားသည်။[၄]

အိုဝဂိရိယရှိ အပျက်အစီးအကြွင်းအကျန်များသည် ဧရိယာ ၇ - ၈ ဧကကျော်နေရာတွင် ပြန့်ကြဲကာ တည်ရှိနေကြသည်။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. Conservation work of the Ovagiriya dagoba in AmparaITN (20 April 2013)။ 15 August 2015 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  2. Ampara >Owagiriya Ancient Monastery > Information။ srilanka.travel။ 5 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 August 2015 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ Ruins at Inginiyagala Ovagiriya။ amazinglanka.com။ 15 August 2015 တွင် ပြန်စစ်ပြီး။
  4. Conservation of Buddha Statue at Ovagiriya။ archaeology.gov.lk။ 6 September 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 August 2015 တွင် ပြန်စစ်ပြီး။