အိုမီဂါ-၃

ဝီကီပီးဒီးယား မှ

အိုမီဂါ-၃ သည် ပင်လယ်ငါးများတွင် ပါရှိသော ဖက်တီး အက်ဆစ်(fatty acid) တစ်မျိုး ဖြစ်သည်။ နှလုံး ၊ ဦးနှောက် ၊ ကြွက်သားများ ကိုကျန်းမာစေသည်။

နှစ်ပေါင်းများစွာကတည်းက သိပ္ပံပညာရှင်များက အိုမီဂါ-၃ ဟာ လူသားတို့ရဲ့ ကျန်းမာရေးကို အထောက်အကူပြုကြောင်း သိရှိလေ့လာ ဖော်ထုတ်ခဲ့ပြီး ဖြစ်သည်။

ကနေဒါ ၊ ဂရင်းလန်း ၊ ရုရှ နှင့် အမေရိကန်ပြည်ထောင်စု တို့တွင် နေထိုင်ကြသူများသည် ဥရောပတိုက်တွင် နေထိုင်သူများထက် နှလုံးကြွက်သား ဆိုင်ရာရောဂါ ဖြစ်ပွားမှုနှုန်း ပိုနည်းသည်။ အိုမီဂါ-၃ fatty acid ကြွယ်ဝနေသော ပင်လယ်ငါးများကို အဓိကထား စားသုံးသည့် ဂျပန်လူမျိုးများသည် ကမ္ဘာပေါ်တွင် အသက်ရှည်ရှည် အနေနိုင်ဆုံးသော လူမျိုးများ ဖြစ်ကြသည်။

အိုမီဂါဓာတ်သည် လူ့ခန္ဓာ ကိုယ်အတွက် မရှိမဖြစ်လိုအပ်သော fatty acid ဖြစ်သည်။ လူ့ ခန္ဓာ ကိုယ်မှ ဤ အိုမီဂါဓာတ်ကို မထုတ်လုပ်နိုင်ဘဲ စားသောက်သော အစားအစာများမှသာ ရရှိနိုင်သည်။ အိုမီဂါ- ၃ အပြင် အိုမီဂါ-၆ နှင့် အိုမီဂါ-၉ တို့လည်း ရှိပါသေးသည်။ ၃ ခုစလုံး လူ့ကျန်းမာရေးအတွက် အလွန်အရေးပါသည်။

ပင်လယ်ငါးများမှ ရရှိသော eicosapentaenoic acid ( EPA ) ၊ docosahexaenoic acid ( DHA ) နှင့် အပင်များမှ ရရှိသော alpha-linolenic acid ( ALA ) ဓာတ်များသည် လူသားတွေအတွက် အလွန်အရေးပါသော ဓာတ်များဖြစ်ကြ၏။ ၎င်း fatty acid တို့သည် လူ ကိုယ်ခန္ဓာရှီ ဆဲလ်များ၏ ပတ်ပတ်လည်တွင် ရှိသော အမြှေးပါးကို ဖြစ်တည်စေသည်။ ထို အမြှေးပါးများက ဆဲလ်များထဲသို့ မည်သည့်အရာမဆို ဝင်ရောက်ခြင်း၊ ထွက်သွားခြင်း ၊ ဆဲလ်တစ်ခုနဲ့ တစ်ခု ဆက်သွယ်ခြင်းတို့ကို ထိန်းချုပ်ပေးပါသည်။ အိုမီဂါ-၃ ကြွယ်ဝနေသော ဆဲလ်များသည် အရည်ဓာတ်ပိုများပြီး မှန်ကန်စွာအလုပ်လုပ်နိုင်စွမ်းပိုရှိသည်။

ဒါ့အပြင် အိုမီဂါ-၃ fatty acid က eicosanoid လို့ခေါ်တဲ့ ဟိုမုန်းများ ထုတ်လုပ်ခြင်းကို သင့်လျော်အောင် ထိန်းညှိပေးပါတယ်။ အဲဒီ eicosanoid တွေကို အိုမီဂါ-၆ ကထုတ်လုပ်ပြီး ဖူးရောင်ခြင်း ၊ သွေကြောပိတ်ခြင်း တို့ကို ဖြစ်စေပါတယ်။ အိုမီဂါ-၃ ကတော့ အိုမီဂါ-၆ နဲ့ ဆန့်ကျင်ဘက်ဖြစ်ပါတယ်။

အိုမီဂါ-၃ က ရောင်ကိုင်းခြင်း၊ သွေးကြောပိတ်ဆို့ခြင်းတို့ကို လျော့ကျစေပါတယ်။ သိပ္ပံပညာရှင်များက အိုမိဂါ-၃ ဟာ နှလုံးရောဂါ အတွက်များစွာ အရေးပါ လိုအပ်ကြောင်း လေ့လာသိရှိခဲ့ကြပါတယ်။ အိုမီဂါ-၃ က သွေးကြောတွေထဲမှာ သွေးကြောပိတ်ဆို့မှုကို လျော့နည်းစေပြီး နှလုံးရောဂါဖြစ်ပွားမှုကို လျော့ကျစေပါတယ်။ တကယ်လို့ attack ဖြစ်ခဲ့လျှင်တောင်မှ သေစေနိုင်ခြင်းကို နည်းပါးစေပါတယ်။ အိုမီဂါ-၃ က နှလုံးသွေးကြောတွေထဲမှာ သွေးကြောပိတ်ဆို့ မှုကို ဖြစ်စေတဲ့ အဆီဖြစ်စေခြင်းကို လျော့ကျစေပြီး မူမမှန်တဲ့ နှလုံးခုန်နှုန်းကို လျော့ကျစေပါတယ်။ ဒါ့အပြင် မြင့်နေတဲ့ သွေးပေါင်ချိန်ကိုလည်း လျော့ကျစေပါတယ်။

အိုမီဂါ-၃ ဟာ အဆစ်အမြစ် ရောင်ရမ်းကိုက်ခဲခြင်းရောဂါများကို သက်သာစေပါတယ်။ နို့စို့ကလေးငယ်များအတွက် DHA ဓာတ်အရင်း အမြစ်ဖြစ်တဲ့ မိခင်နို့ရည်မှ လွဲလို့ ဦးနှောက်ကို ဖွ့ံဖြိုးစေတဲ့ ဓာတ်ဟာ အိုမီဂါ-၃ ပဲဖြစ်ပါတယ်။

အခြားလေ့လာ စမ်းသပ်မှုတွေအရ အိုမီဂါ-၃ ဟာ စိတ်ကျခြင်း depression မျိုးနဲ့ disorder တွေကို လျော့နည်း သက်သာစေပြီး ဦးနှောက် ဖွံ့ဖြိုးမှု အတွက် အလွန်အရေးပါတဲ့ ဓာတ်ပဲဖြစ်ပါတယ်။ ကြွက်သားများ နွမ်းနယ် ညောင်းညာခြင်းကို သက်သာလျော့ပါး စေတယ်ဆိုတာကိုလည်း လေ့လာတွေ့ရှိခဲ့ကြပါတယ်။

ရှေးဦးလေ့လာ စမ်းသပ်မှုများအရ အစားအစာထဲမှာ အိုမီဂါ-၃ ဓာတ်ကြွယ်ဝနေခြင်းဟာ အင်္ဂါအစားထိုးကုသခံရတဲ့ လူနာများအတွက် အထောက်အကူပြုစေပြီး ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ ၊ ဆီးကျိတ်ကင်ဆာ ရောဂါများ ဖြစ်ပွားမှုကို နည်းပါးစေပါတယ်။ လက်ရှိကာလမှာ စမ်းသပ်လေ့လာနေဆဲဖြစ်ပြီး အကျိုးသက်ရောက်မှု ကောင်းစေမယ်လို့ ယူဆရတဲ့ ရောဂါများကတော့ ရင်ကြပ်ရောဂါ၊ lupus ၊ စိတ်ကျခြင်း၊ အမျိုးသမီးများ ရာသီင်္လာနေစဉ် ကိုက်ခဲခြင်း ၊ နှင်းခူ ၊ အတက်ရောဂါ ၊ nephtoric syndrome ၊ လေဖြတ်ခြင်း ၊ schizophrenia ၊ dementia နဲ့ အူမကြီးတွင် အနာဖြစ်ခြင်း တို့ဖြစ်ကြပေမယ့် ဘယ်လောက်အတိုင်းအတာထိ အကျိုးသက်ရောက်မှု ကောင်းစေမယ်ဆိုတာကတော့ ရှာဖွေလေ့လာနေဆဲ ဖြစ်ပါတယ်။ အဟာရပညာရှင်များက ကျွန်မတို့အားလုံး အိုမီဂါ-၃ ဓာတ်ကို လုံလောက်စွာ ရရှိနေကြပေမယ့် ကျန်းမာရေးအကောင်းဆုံးသော အနေအထားဖြစ်ဖို့ အတွက်တော့ လုံလောက်တဲ့ ပမာဏ မဟုတ်သေးဘူးလို့ဆိုပါတယ်။ မကြာသေးမီက စမ်းသပ်လေ့လာချက်များအရ ဩစတြေးလျ သုတေသနပညာရှင်များက ကျွန်မတို့ လူသားအားလုံးမှာ တဝက်လောက်က တစ်နေ့ကို EPA နဲ့ DHA ကို ၁၂၀ မီလီဂရမ် ( ကျန်းမာရေး အကောင်းဆုံး ဖြစ်စေဖို့ အတွက် လိုအပ်တဲ့ ပမာဏ၏ ၄ ပုံ ၁ ပုံ ) လျော့နည်းစွာ ရရှိနေကြတယ် လို့ဆိုပါတယ်။

ကျွမ်းကျင်သူ ပညာရှင်များက ယောက်ျားတစ်ဦးက EPA နဲ့ DHA တစ်နေ့လျှင် ၆၁၀ မီလီဂရမ် စားသုံးသင့်ပြီး အမျိုးသမီး တစ်ဉ်ီးက ၄၃၀ မီလီဂရမ် စားသုံးသင့်တယ်လို့ ဆိုပါတယ်။ အဲဒီ ပမာဏများက fatty acid ကြွယ်ဝနေတဲ့ ငါးများဖြစ်တဲ့ salmon ၊ herring ၊ mackerel ၊ sardine (ငါးသေတ္တာငါး) နဲ့ anchovies ငါးများကို တစ်ပတ်လျှင် ၂ ကြိမ် စားသုံးခြင်းဖြင့် ရရှိတဲ့ ပမာဏ နဲ့ ညီပါတယ်။

နှလုံးရောဂါရှင်များက ပင်လယ်ငါးမှ ရရှိတဲ့ အိုမီဂါ-၃ ဓာတ် ပိုမို လိုအပ်ပါတယ်။ နှလုံးရောဂါရှင်များက တစ်နေ့လျှင် အိုမီဂါ-၃ ဓာတ် ၁ ဂရမ် ပါရှိတဲ့ တစ်တောင့် နေ့စဉ်ပုံမှန် စားသုံးခြင်းဖြင့် နှလုံးရောဂါဖြင့် သေဆုံးခြင်းမှ ၂၅% လျော့နည်းနိုင်စေပါတယ်လို့ လေ့လာမှုတစ်ခုက ဆိုပါတယ်။

sardine ၊ herring ၊ mackerel ၊ salmon ငါးတို့ကဲ့သို့သော ပင်လယ်ငါးများ စားသုံးခြင်းမှ EPA နဲ့ DHA ဓာတ်များကို ရရှိစေပါတယ်။ အိုမီဂါ-၃ တခြား fatty acid ပုံသဏာန် တစ်မျိုးဖြစ်တဲ့ ALA ကို သံလွင်ဆီ၊ ပဲနို့ ၊ flaxseed (linseed) နဲ့ canola များစားသုံးခြင်းဖြင့် ရရှိစေပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးများ၊ ငယ်ရွယ်လွန်းတဲ့ ကလေးငယ်များ၊ နို့တိုက်မိခင်များကတော့ မာကျူရီဓာတ် ကြွယ်ဝနေတဲ့ ငါးမန်း၊ catfish ၊ sword-fish ၊ deep sea perch တို့ကဲသို့သော ပင်လယ်ငါးများကို မစားသုံးသင့်ဘူးလို့ ဆရာဝန်များက ဆိုပါတယ်။ အသား ၊ ငါး မစားတဲ့ သက်သတ်လွတ် စားသုံးသူများက ပဲနို့ ၊ သံလွင်ဆီ ၊ canola ၊ walnuts ၊ pecans များစားသုံးခြင်းဖြင့် လိုအပ်တဲ့ ALA ပမာဏ ကိုရရှိနိုင်ပါတယ်လို့ Sharon Natoli ကဆိုပါတယ်။

ဆီးချို သွေးချို ရောဂါဝေဒနာသည်များ နဲ့ သွေးထွက်လွန်တဲ့ ဝေဒနာရှင်များကတော့ အိုမီဂါ-၃ စားသုံးမှုကို ဆရာဝန်နှင့် တိုင်ပင် သင့်တယ်လို့ဆိုပါတယ်။ အိုမီဂါ-၃ ဓာတ်ဟာ သွေးထဲက သကြားဓာတ်ကို တိုးစေပြီး သွေးကြောပိတ်ဆို့ခြင်းကို လျော့နည်းစေပါတယ်။ ပင်လယ်ငါးနှင့် ဓာတ်မတည့်တဲ့သူများကတော့ ပင်လယ်ငါးမှ ရရှိတဲ့ အိုမီဂါ-၃ ကို ရှောင်ကျဉ်သင့်တယ်လို့ ဆိုပါတယ်။

အခြားဆေးဝါးများ သောက်သုံးနေသူများအနေနဲ့က အိုမီဂါ-၃ စားသုံးမှုကို ဆရာဝန်နှင့်သေချာ တိုင်ပင်သင့်ပါတယ်။ အိုမီဂါ-၃ ဟာ aspirin ၊ anticoagulants ( warfarin, heparin ) ၊ non-steroidal anti-inflammatories ( ibuprofen ) ကဲ့သို့သော ဆေးဝါးများနှင့် ဓာတ်ပြုပြီး သွေးထွက်နှုန်းကို မြင့်စေတဲ့ ဆိုးကျိုး ဖြစ်စေနိုင်တဲ့အတွက် ထိုဆေးဝါးများကို သုံးစွဲနေရသော လူနာများအဖို့ အိုမီဂါ-၃ သောက်သုံးခြင်းကို ဆရာဝန်နှင့် သေချာ တိုင်ပင်ဆွေးနွေးသင့်ကြောင်း Australian Medical Association’s Therapeutics Committee မှ Dr.John Gullotta က ညွှန်ကြားထားသည်။