အိုမိုတဲနရှိ

ဝီကီပီးဒီးယား မှ

အိုမိုတဲနရှိ (お持て成し) သည် ရင်ထဲနှလုံးသားထဲမှ ဖော်ရွပျူငှာစွာ ဆက်ဆံမှု ဖြစ်သည်။ စားသုံးသူများကို ဖော်ရွေမှု၊ ဖျော်ဖြေမှုနှင့် ဝန်ဆောင်မှုများ ပေးရာတွင် လှိုက်လှဲစွာ ဆက်ဆံမှု ဖြစ်သည်။ "မိုတဲနရှိ" ဟူသည့် စကားတွင် ယဉ်ကျေးစေရန် "အို" ကို ထည့်ကာ သုံးစွဲခြင်း ဖြစ်သည်။ မိုတဲနရှိသည် "ဖော်ရွေပျူငှာမှု" ဖြစ်သည်။[၁]

အကြောင်းအရာ[ပြင်ဆင်ရန်]

၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့တွင် ကျင်းပသည့် ၁၂၅ ကြိမ်မြောက် IOC အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ အထွေထွေအစည်းအဝေးတွင် စတင်၍ "အိုမိုတဲနရှိ" ဟု သုံးစွဲခဲ့ရာမှ ဤစကားသည် ကမ္ဘာတစ်ဝန်းပျံ့နှံ့ခဲ့သည်။ ခရစ်စတယ် တခိကဝ သည် တိုကျိုမြို့တွင် ကျင်းပသည့် အိုလံပစ်ပြိုင်ပွဲသို့ သံအမတ်ကြီး အဖြစ် တက်ရောက်ခဲ့ပြီး ပြင်သစ်စကားဖြင့် "ဂျပန်တို့၏ ရင်းနှီးဖော်ရွေမှု" ဟူသည့် စကားကို မိတ်ဆက် ပြောကြားခဲ့သည်။ ထိုအခါမှ "အိုမိုတဲနရှိ" ဟူသည့် စကားသည် ၂၀၁၃ ခုနှစ်၏ ထင်ရှားသည့် စကားအဖြစ် ရွေးချယ်သတ်မှတ်ခြင်း ခံခဲ့ရသည်။

ကိုးကား[ပြင်ဆင်ရန်]