အိုင်းပက် (တတိယမျိုးဆက်)
တပ်ချ်စကရင်ကို ပြထားသော အိုင်းပတ်သစ် | |
ဖန်တီးသူ | အက်ပဲလ် |
---|---|
ထုတ်လုပ်သူ | ဖောက်စ်ကွန်း |
ပစ္စည်းအုပ်စု | အိုင်းပက် |
ပစ္စည်းအမျိုးအစား | တက်ဘလတ် ကွန်ပျူတာ |
ဖြန့်ချီသည့်နေ့ | ၁၆ မတ်၊၂၀၁၂ (10 နိုင်ငံ)
၂၃ မတ်၊ ၂၀၁၂ (၂၅ နိုင်ငံ)
|
စတင်ရောင်းချသည့်စျေးနှုန်း | မြောက်အမေရိက
ဥရောပ
ဂျပန်
ဟောင်ကောင်
|
စက်မောင်းစနစ် | iOS 5.1 ၇ရက်၊ မတ်လ၊ ၂၀၁၂ခုနှစ်တွင် ထွက်ရှိခဲ့ |
ပါဝါ | Internal rechargeable non-removable lithium-ion polymer battery |
စီပီယူ | 32bit ARM-based Apple A5X 1200MHz |
သိုလှောင်နိုင်မှုစွမ်းအား | ၁၆ဂစ်ဘ်၊ ၃၂ဂစ်ဘ် သို့ ၆၄ဂစ်ဘ် |
ပြသပေးနိုင်မှု | ၉.၇လက်မ၊ 2048×1536 px color IPS TFT resolution ၄:၃ အချိုး |
ဂရပ်ဖစ်အမျိုးအစား | PowerVR SGX543MP4 |
အသံ | Frequency response: 20 Hz to 20,000 Hz Audio Formats: HE-AAC (V1 နှင့် V2)၊ AAC (8 မှ 320 Kbps အထိ)၊ Protected AAC ( iTunes Store မှ), MP3 (8 မှ 320 Kbps အထိ)၊ MP3 VBR၊ Audible (ဖော်မတ် 2၊ 3 & 4၊ AEA၊ AAX၊ နှင့် AAX+)၊Apple Lossless၊ AIFF၊ နှင့် WAV |
Input | Multi-touch တပ်ချ်စကရင်၊ အသံတိုးကျယ်ခလုတ်၊ proximity နှင့် ambient မီးဆင်ဆာများ၊ မိုက်၊ ဆယ်လူလာ + ဂျီပီအက်စ် (4G Model အတွက်သာ)၊ Micro-SIMCard ထည့်ရန်အပေါက် (4G Model only) |
ကင်မရာ | ဖေ့စ်တိုင်း 0.3-megapixel ကင်မရာ |
ဆက်သွယ်နိုင်မှု | Wi-Fi (802.11a/b/g/n) Bluetooth 4.0 |
အွန်လိုင်းဝန်ဆောင်မှု | အိုင်တျူးန်စတိုး၊ အက်ပ်စတိုး၊ မိုလ်ဘိုင်းမီ၊ အိုင်ဘွတ်ခ်စတိုး၊ ဂိမ်းစင်တာ၊ ဖိုတိုဘုသ်၊ အိုင်ကလောက် |
အလေးချိန် | Wi-Fi model: ၁.၄၄ ပေါင် Wi-Fi + 4G LTE model: ၁.၄၆ ပေါင် |
ယခင်အမျိုးအစား | အိုင်းပက် ၂ |
ဝက်ဘ်ဆိုဒ် | apple.com/ipad/ |
အိုင်းပတ် (The new iPad ဟု ကြေညာခဲ့၍ လူအများမှ iPad 3 သို့ iPad HD ဟု သိကြသည်။) [၁][၂] သည် အိုင်ပတ်၏ တတိယမြောက်နှင့် လက်ရှိမျိုးဆက်ဖြစ်ပြီး အက်ပဲလ်မှ ရေးဆွဲ၊ ထုတ်လုပ်ရောင်းချသော တက်ဘလတ်ကွန်ပျူတာ အမျိုးအစားဖြစ်သည်။ ၎င်းသည် မီဒီယာ၊ စာအုပ်၊ ရုပ်ရှင်၊ သီချင်း၊ ဂိမ်း၊ အစီအစဉ်တင်ဆက်မှုများနှင့် ဝက်ဘ်များကို အသုံးပြုနိုင်သည်။ ၎င်းသည် အဖြူ၊ အနက်နှစ်မျိုးစလုံးဖြင့် ထွက်ရှိမည်ဖြစ်ပြီး အိုင်းပက် ၂ အတွက် စမတ်အဖုံးနှင့် ကိုက်ညီမည်ဖြစ်သည်။
အက်ပဲလ်သည် ကွန်ပျူတာများကို အစားထိုးရန်အတွက် ပုံနှင့် ဗီဒီယို အဲဒစ်တင်း နှင့် ဂိမ်းများ အတွက် ဂရပ်ဖ်ဖစ်များ ပါဝင်သော အိုင်းပတ်ကို ထုတ်လုပ်ရန် ရည်ရွယ်ခဲ့သည်။[၃]
သမိုင်း
[ပြင်ဆင်ရန်]၂၀၁၂ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ရက်နေ့တွင် အက်ပဲလ်သည် မတ်လ ၇ရက်နေ့အတွက် မီဒီယာပွဲတစ်ခုကို ဖိတ်ကြားမှုများ ပြုလုပ်ခဲ့သည်။ [၄] ဖိတ်ကြားချက်သည် ‘‘ကျွန်ုပ်တို့တွင် သင်တို့ကြည့်ရ ထိရမည့်အရာတစ်ခုရှိသည်။’’ ဖြစ်သည်။ [၅] အက်ပဲလ် စီအီးအို တင်မ်ကွတ်ခ်သည် စက်ကို မတ်လ ၇ရက်၊ ၂၀၁၂ခုနှစ်တွင် ယာဘား ဘူနာ အနုပညာစင်တာ၌ စတင် မိတ်ဆက်ခဲ့သည်။[၆][၇]
အက်ပဲလ်သည် စက်များကို မတ်လ ၁၆ရက်နေ့၊ ၂၀၁၂ခုနှစ်တွင် စတင်ရောင်းချမည်ဖြစ်သည်။ [၈] သို့သော် အချို့နိုင်ငံများတွင်မူ မတ်လ ၂၃၊ ၂၀၁၂ရောက်သည်အထိ ထွက်ရှိဦးမည် မဟုတ်ပေ။
ဆော့ဖ်ဝဲလ်
[ပြင်ဆင်ရန်]အိုင်းပက်အသစ်သည် မတ်လ ၇ရက်၊ ၂၀၁၂ခုနှစ်တွင် ဖြန့်ချိခဲ့သော အိုင်အိုအက်စ် ၅.၁ ကို အသုံးပြုမည်ဖြစ်သည်။ [၉]
ဟက်ဒ်ဝဲလ်
[ပြင်ဆင်ရန်]အိုင်ပက်အသစ်၏ မော်ဒယ်များသည် ဆယ်လူလာ နက်ဝေါ့ခ်နှင့် ကိုက်ညီမှုရှိသောနှင့်၊ မရှိသောဟူ၍ နှစ်မျိုး ထုတ်လုပ်ထားသည်။ မော်ဒယ်အားလုံးသည် ဝိုင်ယာလက်စ် အယ်လ်အေအန်နှင့် ချိတ်ဆက်နိုင်မည်ဖြစ်သည်။
အိုင်ပတ်သစ်တွင် ၁၀နာရီအထိခံသော lithium-ion polymer ဓာတ်ခဲ၊ Apple A5X ဒူရယ်ကော ပရိုဆက်ဆာ၊ PowerVR SGX543MP4 ဂရပ်ဖစ် ပရိုဆက်ဆာ၊ ၅ megapixel နှင့် ၁၀၈၀p ဗီဒီယို ရိုက်ကူးနိုင်သော အနောက်ကင်မရာ နှင့် ဖေ့စ်တိုင်းအတွက် VGA အရှေ့ဗီဒီယိုဖုန်းကင်မရာ တို့ပါဝင်သည်။ ပုံထွက်သည် 2048×1536 (QXGA)&mdash ရှိ၍ အိုင်းပက် ၂ တွင်ရှိသော pixels ထက် လေးဆပိုများသည်။ အိုင်းပက်သစ်သည် အိုင်းပတ်၂ ထက် အနည်းငယ် (၀.၆မီလီမီတာ) ပိုထူလာ၍ ၄၉ ဂရမ်ပိုလေးသွားသည်။
References
[ပြင်ဆင်ရန်]- ↑ "iPad 3: the tablet that will give mobile operators a headache"၊ The Guardian၊ The Guardian၊ 7 March 2012။ 8 March 2012 တွင် ပြန်စစ်ပြီး။
- ↑ "New iPad / iPad 3: all the latest details"၊ Techradar၊ Techradar၊ 7 March 2012။ 8 March 2012 တွင် ပြန်စစ်ပြီး။
- ↑ Sarno၊ David။ "Apple's new iPad takes aim at the PC"၊ March 7, 2012။ March 8, 2012 တွင် ပြန်စစ်ပြီး။
- ↑ Pepitone၊ Julianne။ "Apple likely to unveil iPad 3 on March 7"၊ February 28, 2012။ March 8, 2012 တွင် ပြန်စစ်ပြီး။
- ↑ Topolsky၊ Joshua (February 28, 2012)။ Official: Apple iPad 3 event slated for March 7th in San Francisco။ The Verge။ March 1, 2012. တွင် ပြန်စစ်ပြီး။
- ↑ "Apple unveils new iPad with high-definition screen"၊ BBC News၊ BBC၊ March 7, 2012။ March 7, 2012 တွင် ပြန်စစ်ပြီး။
- ↑ "A new, high-definition iPad from Apple"၊ March 7, 2012။ March 7, 2012 တွင် ပြန်စစ်ပြီး။
- ↑ Associated Press။ "At a Glance: Apple’s iPad vs. older model"၊ March 8, 2012။ March 8, 2012 တွင် ပြန်စစ်ပြီး။ Archived from the original on 13 March 2012။
- ↑ Wagstaff၊ Keith။ "Apple Announces iOS 5.1, iPhoto App, and Updates to GarageBand and iMovie Apps"၊ March 7, 2012။ March 8, 2012 တွင် ပြန်စစ်ပြီး။
External links
[ပြင်ဆင်ရန်]- iPad subsite at Apple
- iPad Archived 6 March 2013 at the Wayback Machine. launch event video at Yerba Buena Center for the Arts.