အိုင်ဖုန်း ၆အက်စ်
နှင်းဆီရွှေရောင် အိုင်ဖုန်း ၆အက်စ် | |
| ဆော့ဝဲလ်ရေးသားသူ | Apple Inc. |
|---|---|
| ထုတ်လုပ်သူ | Foxconn |
| ဆောင်ပုဒ် | The only thing that's changed is everything. (စာသား အနက်. 'အရာအားလုံးကို ပြောင်းလဲနိုင်စွမ်းရှိသော တစ်ခုတည်းသောအရာ') |
| ပထမဆုံး ဖြန့်ချီခြင်း | စက်တင်ဘာ ၂၅၊ ၂၀၁၅ |
| ရပ်နားခြင်း | စက်တင်ဘာ ၁၂၊ ၂၀၁၈ |
| ရောင်းချရသည့် အရေအတွက် | ပထမဆုံးဖြန့်ချိမှု သီတင်းပတ်အကုန်တွင် အလုံးရေ ၁၃ သန်း |
| ယခင် | အိုင်ဖုန်း ၆ နှင့် ၆ ပလက်စ် |
| နောက်ထွက် | အိုင်ဖုန်း ၇ နှင့် ၇ ပလက်စ် |
| အမျိုးအစား | စမတ်ဖုန်း |
| Form factor | Slate |
| အတိုင်းအတာ |
|
| အလေးချိန် | 6s: ၁၄၃ g (၅.၀ oz) 6s Plus: ၁၉၂ g (၆.၈ oz) |
| မောင်းနှင်စနစ် | Original: iOS 9.0 Current: iOS 15.8.4, မတ်လ ၃၁၊ ၂၀၂၅ ဖြန့်ဝေ |
| ချပ်ပြားရှိစနစ် | Apple A9 |
| မှတ်ဉာဏ်စွမ်းအား | 2 GB LPDDR4 RAM[၁][၂] |
| သိုမှီးနိုင်မှု | 16, 32, 64 or 128 GB TLC NAND connected via NVMe[၃] |
| ဘက်ထရီ | |
| ဖန်သားပြင် | 6s: ၄.၇ in (၁၂၀ mm) Retina HD, LED-backlit IPS LCD, 1334 × 750 pixel resolution (326 ppi) 6s Plus: ၅.၅ in (၁၄၀ mm) Retina HD, LED-backlit IPS LCD, 1920 × 1080 pixel resolution (401 ppi), 500 cd/m2 max brightness (typical) |
| အနောက် ကင်မရာ | Sony Exmor RS IMX315 12 MP (1.22 μm), true-tone flash, autofocus, IR filter, burst mode, တမ်းပလိတ်:F/, 4K video recording at 30 fps or 1080p at 30 or 60 fps, slow-motion video (1080p at 120 fps and 720p at 240 fps), timelapse with stabilization, panorama (up to 63 megapixels), face detection, digital image stabilization, optical image stabilization (6s Plus only) |
| ရှေ့ကင်မရာ | 5 MP, burst mode, ƒ/2.2, exposure control, face detection, auto-HDR, 720p HD video recording, Retina flash |
| အသံ | Mono speaker, 3.5 mm stereo audio jack |
| ချိတ်ဆက်နိုင်မှု | All models:
Models A1633 and A1634:
|
| နားကြား အကူအညီ | M3, T4[၈] |
| ဝက်ဘ်ဆိုဒ် | iPhone 6s – Apple မော်ကွန်းပြန်ကြည့်စက် (archived December 1, 2015) |
အိုင်ဖုန်း ၆အက်စ် နှင့် အိုင်ဖုန်း ၆အက်စ်ပလပ်စ် တို့သည် အက်ပဲ ကုမ္ပဏီမှ ထုတ်လုပ်သော စမတ်ဖုန်းများ ဖြစ်ကြသည်။ အဆိုပါ အိုင်ဖုန်းမော်ဒယ်အသစ် (၂) မျိုးကို အက်ပဲ၏ အမှုဆောင် အရာရှိချုပ် တင်ကွက်က ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့ ဆန်ဖရန်စစ်စကိုမြို့တွင် မိတ်ဆက်ပြသခဲ့သည်။ အိုင်ဖုန်း ၆ အက်စ် နှင့် အိုင်ဖုန်း ၆အက်စ်ပလပ်စ် တို့သည် ယခင် ၂၀၁၄ ခုနှစ်က ထွက်ရှိပြီးသော အိုင်ဖုန်း ၆ နှင့် အိုင်ဖုန်း ၆ပလပ်စ် တို့၏ အသစ်ထွက် မော်ဒယ်ဖြစ်သည်။ [၉]
အိုင်ဖုန်း ၆အက်စ် နှင့် အိုင်ဖုန်း ၆အက်စ်ပလပ်စ် တို့သည် ၎င်းတို့၏ ယခင်မော်ဒယ်တွေထက် အမာထည်ပစ္စည်းများ ပိုမိုကောင်းမွန်အောင် ပြုလုပ်ထားရှိသည်။ ဖိအား အာရုံခံနိုင်စွမ်း ဖန်သားပြင်၊ 3D ထိတွေ့မှု၊ အနောက်ဘက် နှင့် အရှေ့ဘက် ကင်မရာ အဆင်မြှင့်တင်မှု၊ ပရောဆက်ဆာ ပိုမိုမြန်ဆန်လာမှု တို့ဖြင့် အဆင်မြှင့်တင်ခဲ့သည်။ ယခင်ရှိပြီးသား အနက်ရောင်၊ ငွေရောင်၊ ရွှေရောင်တို့အပြင် နှင်းဆီရွှေရောင်ကိုပါ အသစ် ထပ်မံထုတ်လုပ်ခဲ့သည်။ အိုင်ဖုန်း ၆အက်စ် နှင့် အိုင်ဖုန်း ၆အက်စ်ပလပ်စ်တို့ကို အသစ်ထုတ်လုပ်လိုက်သော လည်ပတ်မှုစနစ် အိုင်အိုအက် ၉.၀ ဖြင့် စတင်ရောင်းချခဲ့သည်။
ပထမဆုံး ရောင်းချခဲ့ရသည့် ပိတ်ရက်အတွင်းမှာကို အိုင်ဖုန်း ၆အက်စ် နှင့် ၆အက်စ်ပလပ်စ် စုစုပေါင်း (၁၃) သန်း ရောင်းချခဲ့ရသည်။ ပြီးခဲ့သော နှစ်က အိုင်ဖုန်း ၆ နှင့် အိုင်ဖုန်း ၆ ပလပ်စ် မှာ (၁၀) သန်းသာ ရောင်းချခဲ့ရသည်။[၁၀]
သမိုင်း
[ပြင်ဆင်ရန်]တရားဝင် မိတ်ဆက်ပွဲမတိုင်ခင် အိုင်ဖုန်း ၆ အက်စ် ၏ ဓာတ်ပုံများမှာ အင်တနက်တွင် ပေါက်ကြားခဲ့သည်။ တရားဝင် မဟုတ်သော်လည်း ပေါက်ကြားလာသော အချက်အလက်များမှာ အမှန်တကယ်ဖြစ်သည်ဟု အသိအမှတ် ပြုခဲ့ကြသည်။
အိုင်ဖုန်း ၆ အက်စ် နှင့် အိုင်ဖုန်း ၆အက်စ်ပလပ်စ် တို့ကို ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် တရားဝင် မိတ်ဆက်ခဲ့သည်။ အဆိုပါ မိတ်ဆက်ပွဲ အခမ်းအနားကို "Hey Siri, give us a hint" "ဟေး ဆီရီ၊ ငါတို့ကို အရိပ်အမြွတ်ပေးပါ" ဆိုပြီး နာမည်ပေးခဲ့သည်။ ပွဲကို ဆန်ဖရန်စစ်စကိုမြို့ ဘေဂရေဟမ် အမျိုးသား ပြဇာတ်ရုံတွင် ပြုလုပ်ခဲ့သည်။[၁၁] ကြိုတင်မှာယူမှုကို ၂၀၁၅ ခုနှစ် စက်တင်ဘာ ၁၂ ရက်နေ့ စတင်ခဲ့ပြီး စတိုးဆိုင်များမှာ ရောင်းချမှုကိုတော့ ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့တွင် စတင်ခဲ့သည်။
ဈေးနှုန်းအနေနဲ့ ၂ နှစ်စာချုပ် ဖြင့် ၁၉၉ ဒေါ်လာ နှင့် ၂၉၉ ဒေါ်လာ မှ စ၍ စာချုပ်မပါလျှင် ၆၄၉ ဒေါ်လာ နှင့် ၇၄၉ ဒေါ်လာ ဖြင့် စသည်။ [၁၂] ပထမဦးဆုံး ရောင်းချသည့် စနေ၊ တနင်္ဂနွေမှာပင် အလုံးရေ ၁၃ သန်း ရောင်းချခဲ့ရသည်။
အချက်အလက်
[ပြင်ဆင်ရန်]အိုင်ဖုန်း ၆ အက်စ်၏ ပုံစံ ဒီဇိုင်းမှာ အိုင်ဖုန်း ၆ နီးပါး ဆင်တူသည်။ သို့သော် ကိုယ်ထည် အလူမီနီယံကိုတော့ ပိုမိုမာကျောအောင် ပြုလုပ်ထားသည်။ ထို့ပြင် အရောင်အသစ်ဖြစ်တဲ့ နှင်းဆီရွှေရောင် ကိုပါ အသစ်ထုတ်လုပ်ခဲ့သည်။ အိုင်ဖုန်း ၆အက်စ်ကို အက်ပဲမှ ထုတ်လုပ်သော A9 Chip-set ကို အသုံးပြုထားပြီး ယခင် A8 ထက် အလုပ်လုပ်နိုင်စွမ်း ၇၀ ရာခိုင်နှုန်း နှင့် ရုပ်ထွက်မှာ ၉၀ ရာခိုင်နှုန်း ပိုမို ကောင်းမွန်သည်။ [၁၃] RAM မှတ်ဉာဏ်ကိုလည်း 2GB ထိ မြှင့်တင်ပေးခဲ့သည်။ ထွက်ရှိပြီးသမျှ အိုင်ဖုန်းများ အားလုံးတွင် RAM အများဆုံးဖြစ်သည်။ ဘတ္ထရီ သိုလှောင်နိုင်စွမ်းအားသည် အနည်းငယ် လျော့ကျသွားသည်။ သို့သော် အိုင်ဖုန်း ၆အက်စ် နှင့် အိုင်ဖုန်း ၆အက်စ်ပလပ်စ် တို့မှာ ၎င်းတို့၏ အရင် အိုင်ဖုန်း ၆ နှင့် အိုင်ဖုန်း ၆ပလပ်စ် တို့၏ ဘတ္ထရီ အသုံးပြုနိုင်စွမ်း အတူတူပင်ဖြစ်သည်ဟု အက်ပဲမှ ကြေညာထားသည်။ [၁၄] တရားဝင် ကြေညာခြင်း မရှိပေမယ့် အိုင်ဖုန်းကို ရေစို ခံနိုင်စွမ်းရှိအောင် တည်ဆောက်ထားရှိသည်။ [၁၅]
အိုင်ဖုန်းထွက်ရှိမှု အချိန်မှတ်တမ်း
[ပြင်ဆင်ရန်]| အိုင်ဖုန်းမော်ဒယ်များ၏ အချိန်မျဉ်း |
|---|
![]() |
ကိုးကား
[ပြင်ဆင်ရန်]- ↑ Cunningham၊ Andrew။ "Xcode's iOS simulator reports 2 GB RAM for iPhone 6s, 4 GB for iPad Pro"၊ Condé Nast၊ September 14, 2015။
- 1 2 iPhone 6s Teardown (September 25, 2015)။ January 10, 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ September 25, 2015 တွင် ပြန်စစ်ပြီး။
- ↑ Tokar၊ Les။ "iPhone 6s Uses NVMe Storage – Performance Determined By Capacity"၊ October 4, 2015၊ စာ- 1။
- ↑ Sumram၊ Husain (September 9, 2015)။ Apple's 3D Touch Video Confirms 1715 mAh iPhone 6s Battery။ July 30, 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ September 11, 2015 တွင် ပြန်စစ်ပြီး။
- ↑ Apple iPhone 6s Teardown။ January 3, 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ September 26, 2016 တွင် ပြန်စစ်ပြီး။
- ↑ Clover၊ Juli (September 21, 2015)။ iPhone 6s Plus Has Smaller 2750mAh Battery။ September 23, 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ September 21, 2015 တွင် ပြန်စစ်ပြီး။
- 1 2 iPhone 6s specs။ October 22, 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ September 12, 2015 တွင် ပြန်စစ်ပြီး။
- ↑ Apple (September 12, 2018)။ About Hearing Aid Compatibility (HAC) requirements for iPhone – Apple Support။ Apple Support။ December 2, 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ February 28, 2019 တွင် ပြန်စစ်ပြီး။
- ↑ Apple unveils iPhone 6S, 6S Plus, aiming to tighten grip on high-end smartphones - CNET
- ↑ Apple iPhone 6s Breaks First-Weekend Sales Record - The New York Times
- ↑ Apple will host next iPhone launch Sept. 9 - CNET
- ↑ How and where to buy the iPhone 6S and iPhone 6S Plus - CNET
- ↑ Apple’s iPhone 6S vs iPhone 6: The Key Differences - Personal Tech News - WSJ
- ↑ One spec Apple didn't improve in iPhone 6S: Battery life - CNET
- ↑ http://www.wired.com/2015/10/waterproof-iphone-6s/
- ↑ Apple Inc. (2007–2021). iPhone News - Newsroom Archive. Retrieved July 23, 2020.
