အိုခိုဘို

ဝီကီပီးဒီးယား မှ

အိုခိုဘို (お こ ぼ) သည် ပေါ့ခုရိ၊ ဘော့ခုရိ သို့မဟုတ် ခေါ့ပိုရိဂဲတ စသည်ဖြင့်လည်း ခေါ်ဆိုကြပြီး လမ်းလျှောက်သည့်အခါတွင် ဖြစ်ပေါ်လာသည့် အသံကို ရည်ညွှန်းထားခြင်း ဖြစ်သည်။ ၎င်းတို့သည် သစ်သားဖြင့် ပြုလုပ်ထားသည့် ခြေညှပ်ဖိနပ်ဖြစ်ပြီး မိုင်းခို(maiko) တို့ ဝတ်ဆင်ကြသည်။ (maiko ဆိုသည်မှာ ကပြသည့် အမျိုးသမီးများကို ဆိုလိုသည်။ နိမ့်သည့် အိုခိုဘိုများကို ငယ်ရွယ်သည့် အမျိုးသမီးများ ဝတ်ဆင်လေ့ရှိပြီး အရောင်တင်ဆီဖြင့် အရောင်တင်ခြင်း၊ ဘေးနားတွင် ပန်းပွင့်များ ကဲ့သို့သော အရာများဖြင့် ဒီဇိုင်းဆင်ထားကြသည်။

မိုင်းခိုများ ဝတ်ဆင်သည့် အိုခိုဘိုသည် များသောအားဖြင့် ငါးလက်မမှ ခြောက်မအထိ အရှည်ရှိကြသည်။[၁] အိုခိုဘိုကို မိုးမခပင် (Willow) မှ ပြုလုပ်ထားကြပြီး ၎င်းသည် သဘာဝအားဖြင့် ပြုလုပ်မှု ပြီးစီးပြီးဖြစ်သော်လည်း အလုံးစုံပြီးမြောက်မှု မရှိသေးပေ။ နွေရာသီအတောအတွင်းတွင် မိုင်းခိုများသည် အနက်ရောက် အစေးတင်ထားသည့် အိုခိုဘိုများကို ဝတ်ဆင်ကြသည်။ အိုခိုဘိုများတွင် အောက်ခြေ၌ သားရေကြိုးအဝတ်ပတ် အသုံးပြုထားပြီး ၎င်း၏ အရောင်သည် မိုင်းခို၏ အချက်အလက်များကို ကိုယ်စားပြုသည်။ အနီရောင်အဝတ်ပတ်သည် မိုင်းခိုအသစ်များ ဝတ်ဆင်ကြပြီး အဝါရောင်ကို ဝတ်ဆင်ကြသူများသည် သင်ယူမှုကာလ ပြီးဆုံးခါနီးကြောင်း ဖော်ပြသည်။ အိုခိုဘိုကို ကီမိုနိုဝတ်ဆင်ရာတွင် မြေကြီးအား ထိမနေစေရန်အတွက် ဝတ်ဆင်ကြသည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. Dalby၊ Liza (2000)။ Geisha (3 ed.)။ London: Vintage Random House။ p. 325ISBN 0-09-928638-6
  2. 京都祇園観光案内: おこぼ။ 24 July 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 July 2019 တွင် ပြန်စစ်ပြီး။