အိမ်သာသန့်ရှင်းခြင်း

ဝီကီပီးဒီးယား မှ

အိမ်သာသည် ယင်မလုံပဲ ယင်နှင့် မစင်ထိတွေ့နေပါက ယင်ကောင်မှ တစ်ဆင့် ဝမ်းနှင့် ပတ်သက်သည့် ရောဂါများ ကူးစက်ပြန့်ပွားနိုင်သည်။ အိမ်သာအသုံးပြုပြီးတိုင်း အိမ်သာခွက် ဇလားကို ရေဖြင့် စင်ကြယ်စွာ ဆေးကြောမှု မရှိလျှင် အိမ်သာ မသန့်ရှင်းပါ။ စနစ်မကျသော အိမ်သာများ၊ သန့်ရှင်းမှု မရှိသော အလေ့အကျင့်များကို ပြောင်းလဲပြင်ဆင်လေ့ကျင့်လျှင် ကျန်းမာရေးအတွက် အကျိုးရှိသည်။ ရပ်ရွာထဲတွင် ယင်မလုံအိမ်သာတစ်လုံးရှိရုံဖြင့် တစ်ရွာလုံးတွင် ယင်မှတစ်ဆင့် ဝမ်းနှင့် ပတ်သက်သော ရောဂါများ ကူးစက်ပြန့်ပွားနိုင်သဖြင့် ယင်မလုံသော အိမ်မှ အိမ်သာကို ယင်လုံအောင် ပြုပြင်ရန် ရပ်ရွာထဲမှ လူတိုင်းတွင် တာဝန်ရှိသည်။

ယင်မလုံသော အိမ်သာဖြစ်ရခြင်း၏ အကြောင်းအရင်းများ[ပြင်ဆင်ရန်]

မြေပေါ် အိမ်သာများတွင် မစင်ကို တွင်းထဲသို့ မစွန့်နိုင်သဖြင့် ယင်မလုံပါ။ တွင်းတည့်အိမ်သာဖြစ်သော်လည်း တွင်းနှင့် အိမ်သာကိုယ်ထည် အကြားတွင် လွတ်နေပါက ယင်မလုံပါ။ တွင်းလွှဲအိမ်သာများတွင် တွင်းအဖုံး မလုံပါက ယင်မလုံပါ။

တွင်းတည့်အိမ်သာကို ယင်လုံအောင်ပြုပြင်နည်း[ပြင်ဆင်ရန်]

တွင်းနှင့် အိမ်သာကိုယ်ထည်ကြားတွင် လွတ်နေပြီး ယင်မလုံပါက အောက်ပါနည်းအတိုင်းပြုပြင်နိုင်သည်။ - ပုံဝင်ရန် - သစ်သားခုံ၊ ဝါးခွေချပြီး ပြုပြင်ရန် မတတ်နိုင်ပါက တွင်းပက်လက်ကို ဖြေဖို့ ဘောင်ပြုလုပ်ကာ အိမ်သာကိုယ်ထည်နှင့် တစ်စပ်တည်းဖြစ်အောင် ဖို့နိုင်သည်။ အိမ်သာတွင်းထဲသို့ ယင်ဝင်နိုင်သည့်နေရာ လမ်းမရှိစေရန်သာဖြစ်သည်။

တွင်းလွှဲအိမ်သာတွင် မစင်သွားလမ်းဇလား သို့မဟုတ် ရေသွားလျှောက် ယင်မလုံလျှင်ပြုပြင်နည်း[ပြင်ဆင်ရန်]

တွင်းလွှဲအိမ်သာတွင် မစင် စွန့်ပစ်ရန် သစ်သားဇလားကို အသုံးပြုပြီး ပက်လက် ယင်မလုံ ဖြစ်နေပါက အောက်ပါအတိုင်းပြင်ဆင်နိုင်သည်။ image.jpg

တွင်းလွှဲအိမ်သာတွင် တွင်းအဖုံး လုံအောင်ပြုပြင်နည်း[ပြင်ဆင်ရန်]

တွင်းလွှဲအိမ်သာတွင် တွင်းရှိသော်လည်း အဖုံးမရှိ၊ အဖုံးမလုံပါက ယင်ကောင်များ မစင်တွင်းအထဲ ဝင်ရောက်ပေါက်ပွားခြင်းဖြင့် ရောဂါကူးစက် ပြန့်ပွားနိုင်သည်။ ယင်းကြောင့် တွင်းကို အဖုံးလုံအောင် ဖုံးရမည်။ ယင်ဝင်နိုင်လောက်သည့် အပေါက်မရှိအောင် အမြဲတမ်း စစ်ဆေးပြုပြင် ဖို့ထားရမည်။ ယခင်က ယင်လုံအိမ်သာဖြစ်သည့်တိုင် မိုးရာသီအတွင်း မိုးရေဒဏ်ကြောင့်ဖြစ်စေ၊ ရေတိုက်စားလို့ ဖြစ်စေ တွင်းပြိုခြင်း၊ တွင်းအဖုံးများကျွံကျခြင်း၊ တွင်းအဖုံးမလုံခြင်းကြောင့် ရေဝင်ခြင်းများ ဖြစ်ပေါ်နိုင်သည်။ သို့ဖြစ်သောကြောင့် မိုးကုန်သည်နှင့် အိမ်သာအတွင်းကို စစ်ဆေးပြီး ယင်မလုံပါက ယင်လုံအောင် ချက်ခြင်း ပြုပြင်ရန် လိုအပ်သည်။ တွင်းလွှဲအိမ်သာတွင် တွင်းအဖုံးမလုံပါက အောက်ပါနည်း အတိုင်းပြုပြင်နိုင်သည်။ image.jpg

အိမ်သာခွက်တွင် အဖုံးတပ်ခြင်းဖြင့် ယင်လုံအောင်ပြုပြင်ခြင်း[ပြင်ဆင်ရန်]

တွင်းတည့် အိမ်သာဖြစ်စေ၊ တွင်းလွှဲအိမ်သာဖြစ်စေ အိမ်သာခွက်တွင် အဖုံး မပါလျှင် ယင်နှင့် မစင်ထိတွေ့ နိုင်ပြီး ရောဂါကူးစက်ပြန့်ပွားနိုင်သည်။ အိမ်သာခွက်တွင် လက်ကိုင်ပါသော အဖုံးတပ်ဆင်ပါ။ လက်ကိုင်သည်လည်း အနည်းဆုံး ၂ ပေမှ ၃ ပေ အထိ လက်ကိုင်အရိုးကို တပ်ဆင်ခြင်းဖြင့် အန္တရာယ်ကင်း ပါသည်။ အရေးကြီးသည့်အချက်မှာ တပ်ဆင်လိုက်သော အိမ်သာခွက်အဖုံးသည် အိမ်သာအပေါက်ကို လုံခြုံစွာ ဖုံးအုပ်နိုင်ရမည်။ ယင်မဝင်နိုင်အောင် လုံရမည် ဖြစ်သည်။

ယင်လုံအောင် ပြုပြင်ထားခြင်းကြောင့် ရရှိနိုင်သည့် အကျိုးများ[ပြင်ဆင်ရန်]

ယင်ကောင်နှင့် မစင် ထိတွေ့နိုင်ခြင်း မရှိတော့ခြင်း၊ မစင်မှ ရောဂါပိုးများ ယင်ကောင်တွင် ကပ်ပါလာကာ ယင်နားသော အစာထဲသို့ ဝင်ရောက်နိုင်ခြင်း မရှိတော့ပါ။ အိမ်သာတွင်းထဲတွင် ယင်ပေါက်ပွားနိုင်ခြင်း မရှိတော့ပါ။ ယင်လုံသည်နှင့်အမျှ အနံ့လည်း လုံသွားမည် ဖြစ်သည်။

ယင်လုံအိမ်သာ ဆောက်လုပ်နည်းများ[ပြင်ဆင်ရန်]

အိမ်သာသည် အိမ်နှင့် နီးလေ အလွယ်တကူ သုံးနိုင်လေဖြစ်သည်။ ထို့အပြင် ရေထွက်ပင်ရင်းနှင့် အိမ်သာ ဝေလေ ရေညစ်ညမ်းမှုကို ကာကွယ်နိုင်လေဖြစ်သည်။

တွင်းတည့် အိမ်သာဆောက်လုပ်နည်း[ပြင်ဆင်ရန်]

တွင်းတည့်အိမ်သာဆိုလျှင် အိမ်သာကြမ်းခင်းစေ့အောင် ခင်းဖို့လိုသည်။ ယင်မဝင်နိုင်အောင် ပြုလုပ်ရန်လိုသည်။ ရေလောင်းစရာမလို၊ တုတ်၊ စက္ကူသုံးပြီး တွင်းထဲသို့ ပစ်ချလျှင်ရသည်။ သို့သော် အနံ့သည် မစင်စွန့်ပေါက်မှ ပြန်ထွက်လာနိုင်သဖြင့် အနံ့ဆိုးကို ရှုရှိုက်ရသည်။ အနံ့ဆိုးသက်သာစေရန် အနံ့ထွက်ပိုက်ကို တပ်ဆင်ရသည်။

တွင်းလွှဲ ရေလောင်းအိမ်သာဆောက်လုပ်နည်း[ပြင်ဆင်ရန်]

တွင်းလွှဲအိမ်သာတွင် ကြမ်းခင်းများကို ခပ်ကြဲကြဲ ခင်းနိုင်သည်။ အနံ့သက်သာပြီး သန့်ရှင်းသပ်ရပ်သည်။ သို့သော် ရေသုံးရန်လိုသည်။ ရေဖြင့် အိမ်သာဇလားကို ဆေးရမည်။ မစင်ဆေးမည့် ရေတံလေျှာက်(ပိုက်) ပျက်လျှင် ပြန်ပြီး ပြုပြင်ရန် လိုသည်။ အိမ်သာဇလားခွက်ကို အဖုံးဖုံးပါ။ သန့်ရှင်းစွာ အမြဲဆေးကြောပါ။ အိမ်သာအခင်းကို သစ်၊ ဝါးတို့ဖြင့် စေ့အောင်ခင်းပါ။ အခင်းကြဲနေလျှင် ယင်ဝင်နိုင်သည်။ ဝါးကပ်၊ ထန်းလက် စသည်ဖြင့် နှစ်သက်ရာ ရွေးချယ်ပြီး ကာရန်ပါ။ အိမ်သာပေါက်ကို လက်ကိုင် တပ်ထားသော အဖုံးဖုံးပါ။ အိမ်သာတွင်း ခိုင်ခန့်မှုရှိရန် ဝါးခွေနှစ်ထပ်ချပါ။ အိမ်သာတွင်း အကျယ်နှင့် အနက်ကို တစ်နိုင်တူးပါ။ သို့သော် မိသားစုတစ်စုသည် လေးနှစ်ခန့် လုံလောက်စွာ အသုံးပြုနိုင်သည့် အိမ်သာဖြစ်ရန်လိုအပ်သည်။ ထို့အပြင် အနံ့ထွက်ပိုက် တပ်ရန်လည်း လိုအပ်သည်။

ပလပ်စတစ် အိမ်သာခွက်ဖြင့် အိမ်သာဆောက်လုပ်နည်း[ပြင်ဆင်ရန်]

ပလစ်စတစ်အိမ်သာခွက်သည် ရေရှည်ခံသည်။ တပ်ဆင်ရ လွယ်ကူသည်။ သန့်ရှင်းရန် လွယ်ကူသည်။ ဆောက်လုပ်ရာတွင် အိမ်သာကျင်း အနက် ၈ ပေ၊ အကျယ် ၃ ပေ ရှိရန်လိုအပ်သည်။ အဝိုင်း သို့မဟုတ် လေးထောင့်ကျင်း တူးနိုင်သည်။ တူးပြီးသော ကျင်း မပြိုစေရန် ဒေသနည်းစနစ်ဖြင့် စီစဉ်ဆောင်ရွက်ပါ။ အုတ်၊ ဝါး၊ သစ်သား၊ ကျောက်တုံးများကို ကျင်းကာအဖြစ် သုံးစွဲနိုင်သည်။ အိမ်သာကျင်းကို လုံခြုံစွာဖုံးထားပါ။

ယင်လုံအိမ်သာအဖြစ် အဆင့်မြှင်ခြင်း ဆိုင်ရာအချက်အလက်များ[ပြင်ဆင်ရန်]

ယင်လုံအိမ်သာအဖြစ် အဆင့်မြှင့်ခြင်းလုပ်ငန်းများသည် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ၂၃ ရာခိုင်နှုန်းအထိ တိုးတက်မှု ရရှိနိုင်သည်။ ကျေးလက်ဒေသများတွင် ၂၅ ရာခိုင်နှုန်းအထိ တိုးတက်မှု ရရှိနိုင်သည်။ ပြည်နယ်နှင့် တိုင်းဒေသကြီး ၈ ခုတွင် ၉၀ ရာခိုင်နှုန်းကျော်ခန့် တိုးတက်မှု ရရှိနိုင်သည်။ အခြားပြည်နယ်နှင့် တိုင်းဒေသကြီး ၈ ခုတွင် ၈၀ ရာခိုင်နှုန်းကျော်ခန့် တိုးတက်မှု ရရှိနိုင်သည်။ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသများတွင်မှု အိမ်သာအသစ် တည်ဆောက်ရေးကို ပိုမိုပြီး အလေးထားသင့်သည်။ ယင်းမှသာ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ ယင်လုံအိမ်သာ အဆင့်မြှင့်တိုးတက်ရေး စီမံကိန်းစံနှုန်းများကို အမီလိုက်နိုင်မည်ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

ယူနီဆက်၏ ပံ့ပိုးမှုဖြင့် ဗဟိုကျန်းမာရေးပညာဌာန သန့်လေးသန့် စီမံချက်မှ ထုတ်ဝေသည့် လက်ကမ်းစာအုပ်ငယ်