မာတိကာသို့ ခုန်သွားရန်

အိမ်ရှေ့မင်း

ဝီကီပီးဒီးယား မှ

မြန်မာမင်းဧကရာဇ်များလက်ထက် နန်းလျာအဖြစ် တရားဝင်သတ်မှတ်ထားသူများကို ခေါ်ဝေါ်သည်။ အိမ်ရှေ့မင်းမှာ ရာဇာဘွဲ့ခံ ဘုရင်ခံမင်းသား၊ လွှတ်တက်(လွှတ်တော်တက်) မင်းသားကြီးများထက် မြင့်၍ အိမ်ရှေ့မင်းဟုသာခေါ်သည်၊ အိမ်ရှေ့မင်းသားဟု မခေါ်။ အိမ်ရှေ့မင်းအဖြစ် နာမည်အကျော်ကြားခဲ့ဆုံး ပုဂ္ဂိုလ်မှာ ကုန်းဘောင်ခေတ် ကနောင်မင်းသားဖြစ်သည်။ မြန်မာနန်းဓလေ့အရ နှစ်ဖက်နန်းသွေးပါသည့် မွေးဖွားလာသော သားတော်များအနက်မှ များသောအားဖြင့် အကြီးဆုံးသားတော်ကို အိမ်ရှေ့မင်းအဖြစ် သတ်မှတ်ပေးပြီး ထီးညွန့်နန်းလျာအဖြစ် သတ်မှတ်ကြသည်။ အလောင်းမင်းတရားက သားတော်လေးပါး အစဉ်အတိုင်း မြန်မာထီးနန်းဆက်ခံရန် ကြိုတင်ညွှန်ကြားခဲ့ရာ ၎င်းနောက်ဆက်ခံသော နောင်တော်ကြီးမင်းက ညီတော် မြေဒူးမင်းကို နန်းလျာသတ်မှတ်သည်။ ကနောင်မင်းသားကြီးမှာ မင်းတုန်းမင်း၏ ညီတော်ဖြစ်ခဲ့ပြီး အိမ်နိမ့်စံမှ ဘုရင်အဖြစ်သို့ ရရှိသည်အထိ ဆောင်ကျဉ်းပေးခဲ့သော အရည်အချင်းရှိသည့် အစွမ်းအစများကြောင့် အိမ်ရှေ့မင်းအရာ ခံယူရသည်။