အိမ်ရှေ့ဘဏ္ဍာဝန်

ဝီကီပီးဒီးယား မှ

အိမ်ရှေ့ဝန်ရာထူးကို ညောင်ရမ်းခေတ်ဦးကာလကပင် အထင်အရှားတွေ့ရှိရသော်လည်း အိမ်ရှေ့ဘဏ္ဍာဝန်ဟူသော ရာထူးကိုမူ တစ်ကြိမ်သာတွေ့ရှိရဖူး ပါသည်။ အိမ်ရှေ့ဥပရာဇခန့်အပ်လျှင် အိမ်ရှေ့ဝန် ၊ အိမ်ရှေ့အတွင်းဝန် ၊ အိမ်ရှေ့ဝင်းမှူး ၊ အိမ်ရှေ့ အနောက်ဝန် စသည်ဖြင့် ခန့်အပ်တတ်သည်။ သို့သော် အိမ်ရှေ့မင်း၏ သီးခြားဘဏ္ဍာတော်ကို ထိန်းသိမ်းစောင့်ရှောက်ရသည့် ဘဏ္ဍာဝန်ဟူ၍ မတွေ့ရပါ။ ညောင်ရမ်းခေတ် တနင်္ဂနွေမင်းလက်ထက်၌ တစ်ကြိမ်သာတွေ့ရဖူး ပါသည်။ ယင်းရာထူးသည် နောင်ကုန်းဘောင်ခေတ်သို့ ရောက်သောအခါ အိမ်ရှေ့ဘဏ္ဍာစိုးအဖြစ် ပြောင်းလဲသွားဟန်ရှိသည်။

အိမ်ရှေ့ဘဏ္ဍာဝန် တုရင်ရာဇာ[ပြင်ဆင်ရန်]

တနင်္ဂနွေမင်း (၁၇၁၄-၁၇၃၃)လက်ထက် ဧပြီ ၁၇၃၀ ပြည့်နှစ်တွင် သားတော် စဉ့်ကူးမင်းမြို့စားမင်းသား မောင်ဖြူအား အိမ်ရှေ့ဥပရာဇာအဖြစ် ခန့်အပ်ခဲ့သည်။ (စဉ့်ကူးမင်းသားမှာ နောင်ညောင်ရမ်းမင်းဆက်၏ နောက်ဆုံးဘုရင် မဟာဓမ္မရာဇာဓိပတိဖြစ်လာသူပင် ဖြစ်သည်။) အိမ်ရှေ့မင်း ဥပရာဇာအဖြစ် ခန့်အပ်စဉ် တုရင်ရာဇာကိုလည်း အိမ်ရှေ့ဘဏ္ဍာဝန်အဖြစ် ခန့်အပ်လိုက်ပါသည်။ တုရင်ရာဇာမှာ အင်ရုံရွာစားဖြစ်ပြီး နောင်ဝန်ကြီးရာထူးတိုးမြှင့်ခန့်အပ်ခံရသူ ဖြစ်ရာ အင်ရုံဝန်ကြီးဟူ၍ အမည်တွင်ပါသည်။ မြန်မာစာပေလောကတွင် ထင်ရှားလှသည့် အင်ရုံစာတမ်းကို ရေးဖွဲ့ခဲ့သူ ဖြစ်၏။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. တင်နိုင်တိုး၏ ဝန်တစ်ရာ စာအုပ် ၂၇-၅-၂၀⁠၀၉