အိမ်တွင်းမှုလုပ်ငန်းသုံး စက်ရုပ်

ဝီကီပီးဒီးယား မှ
First generation Roomba Vacuum cleaner the carpets in a domestic environment

အိမ်တွင်းမှုလုပ်ငန်းသုံး စက်ရုပ်(Home Service Robot) (သို့) ဝန်ဆောင်မှုပေးသော စက်ရုပ်များသည် အလိုအလျောက်ထိန်းချုပ်မှုစနစ်ပါ စက်ရုပ်များဖြစ်ပြီး အိမ်တွင်းမှုလုပ်ငန်းများတွင် အသုံးပြုကြသည်။ များလှစွာသော အိမ်တွင်းမှုလုပ်ငန်းသုံး စက်ရုပ်များကို အခြေခံ အိမ်သန့်ရှင်းရေးလုပ်ငန်းများအတွက် အသုံးပြုကြပြီး အချို့ကိုတော့ သင်ကြားရေးနှင့် ဖျော်ဖြေရေးလုပ်ငန်းများအတွက် အသုံးပြုကြသည်။ (ဥပမာ - ၁၉၈၀ မှစတင်ထုတ်ဝေခဲ့သော HERO (Heathkit Educational RObot) စီရီးစက်ရုပ်များ) အချို့ အိမ်တွင်းမှုဝန်ဆောင်မှုပေး စက်ရုပ်များမှာ အလွန်ပင်ရိုးရှင်းနေသောလည်း အချို့ကတော့ အိမ်ရဲ့ ဝိုင်ဖိုင်ကွန်ယက်နှင့် ချိတ်ဆက်၍ သော်လည်းကောင်း၊ စံပတ်ဝန်ကျင်စနစ်နှင့် ချိတ်ဆက်၍ သော်လည်းကောင်း သူတို့ရဲ့ အလိုအလျောက်ထိန်းချုပ်နိုင်မှုစနစ်ဟာ အလွန်ပင်မြင့်မားနေပီ ဖြစ်သည်။ ၂၀၀၆ ခုနှစ်တွင် အိမ်တွင်းမှုလုပ်ငန်းသုံး စက်ရုပ် ၃,၅၄၀,၀၀၀ ကိုအသုံးပြုနေပြီး စက်မှုလုပ်ငန်းသုံး စက်ရုပ်များမှာ ၉၅၀,၀၀၀ ရှိသည်ဟု နှိုင်းယှဉ်ချက်အရ သိရသည်။ [၁]

အိမ်တွင်းမှုလုပ်ငန်းသုံး စက်ရုပ်အမျိုးအစားများ[ပြင်ဆင်ရန်]

အိမ်အတွင်းတွင်သုံးသော စက်ရုပ်များ[ပြင်ဆင်ရန်]

Robotic vacuum cleaner နှင့် Floor-scrubbing robots များသည် အိမ်ကြမ်းပြင် သန့်ရှင်းရေးအတွက်သုံးသည်။
Dressman ကဲ့သို့သော စက်ရုပ်များသည် မီးပူတိုက်ရန်အတွက်ပြုလုပ်ထားသော စက်ရုပ်များဖြစ်သည်။
မီးဖိုခေျာင်သုံးစက်ရုပ်များအဖြစ် Kickstarter ကုမ္ပဏီမှ ထုတ်သော Somabar စက်ရုပ်များမှာ နာမည်ကြီးသည်။

အိမ်အပြင်တွင်သုံးသော စက်ရုပ်များ[ပြင်ဆင်ရန်]

မြတ်ရိတ်ရာ၌ အသုံးပြုသော မြတ်ရိတ်စက်စက်ရုပ် အမျိုးအစားများသည် မောင်းနှင်သူမလိုအပ်ပဲ မိမိဘာသာ မြတ်ရိတ်ခြင်းကို လုပ်ဆောင်နိုင်သည်။ အချို့စက်ရုပ်အမျိုးအစားများသည် မညီညာသော၊ ရှုပ်ထွေးနေသော ပတ်ဝန်းကျင်မှာပင် လုပ်ဆောင်နိုင်စွမ်းရှိကြသည်။ အချို့သည် တစ်ဧက၏ လေးပုံပုံတစ်ပုံထိ လုပ်နိုင်စွမ်းရှိပြီး အချို့သည် ၃၇၀၀ စတုရန်းကီလိုမီတာ အကျယ်အဝန်းထိ လုပ်ကိုင်နိုင်ကြသည်။ ထို့ပြင် ၂၇ ဒီဂရီ အမြင့်စောင်းနေသော တောင်ကုန်းများကိုလည်း တက်ရောက်နိုင်စွမ်းရှိကြသည်။
ရေကူးကန်ထိန်းသိမ်းရေး စက်ရုပ်များသည်လည်း အလိုအလျောက်ရေကူးကန်များကို ထိန်းသိမ်းခြင်း၊ သန့်ရှင်းခြင်းများ ပြုလုပ်နိုင်သည်။ Looj ကဲ့သို့သော စက်ရုပ်များသည် အိမ်၏ ရေတံလျှောက်ကို သန့်ရှင်းပေးပြီး အသုံးပြုသူမှ ရိမုကွန်ထရိုးဖြင့် ခိုင်းစေနိုင်သည်။

ကစားစရာ စက်ရုပ်များ[ပြင်ဆင်ရန်]

ကစားစရာစက်ရုပ်များဟုဆိုလျှင် Furby ကဲ့သို့သော စက်ရုပ်များကို လူသိများကြသည်။ ထို Furby ကစားစရာ စက်ရုပ်ကို ၁၉၉၈ ခုနှစ်မှ စတင်ဖြန်ချီခဲ့သည်။ ကစားစရာစက်ရုပ်များသည် လူနှင့်တူသော အဝေးထိန်းစနစ်ဖြင့် ထိန်းချုပ်ရသော စက်ရုပ်အမျိုးအစားများ ဖြစ်ကြသည်။ ထို စက်ရုပ်များသည် အီလက်ထရောနစ် အိမ်မွေးတိရစ္ဆာန်များ ဖြစ်ကြပြီး ကလေးများအတွက် အဖော်မွန်များလည်း ဖြစ်ကြသည်။ ထိုကဲ့သို့သော စက်ရုပ်များကို RoboCup ကဲ့သို့သော ပြိုင်ပွဲများတွင် တက္ကသိုလ်များစွာမှ နှစ်စဉ် ယှဉ်ပြိုင်လေ့ရှိကြသည်။ မြောက်မြားစွာ ရောင်းချခဲ့ရသော စက်ရုပ်ကစားစရာများထဲမှ တစ်ခုကို ပြောပါဆိုလျှင် ဆိုနီကုမ္ပဏီမှ ထုတ်သော AIBO ခွေးစက်ရုပ်ဟု ဆိုရပေမည်။

Social robots[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Guizzo၊ Erico (2008-03-21)။ 10 stats you should know about robots but never bothered googling up။ 28 February 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2010-09-19 တွင် ပြန်စစ်ပြီး။