အိမ်တွင်းမင်္ဂလာဂမုန်း
ပုံပန်းသွင်ပြင်
အိမ်တွင်းမင်္ဂလာဂမုန်း ကို ပြည်နယ်စော်ဘွားကြီးတစ်ဦး၏ အိပ်ယာဘေးမှ စိုက်ပျိုးထားသည်ကို မြန်မာရဲမင်းကြီးတစ်ဦးက တွေ့မြင်၍ အနည်းငယ်ပေးပါရန် တောင်းဆိုသောအခါ စော်ဘွားကြီးက "ကျွန်တော့်မယားကို လိုချင်ယူသွားပါ။ ဂမုန်းပင်ကိုတော့ မပေးနိုင်" ဟုပြောကြောင်းသိရပါသည်။ အချို့က၎င်းဂမုန်းပင်ကို ပြည်နယ်စော်ဘွား၏ ဟော်နန်းအတွင်းမှ စိုက်ပျိုးထားသော ဂမုန်းဖြစ်၍ "ဟော်နန်းစီးပွားတိုး " ဟုလည်း ခေါ်ကြ သည်။ ရိုးရိုးစီးပွားတိုးဂမုန်းမှာ အရွက်ပြောက်ကျားကလေးပင် ကွဲပြားသည်။ထိုဂမုန်းပင်သည် အကျိုးပေးသူ လက်ထဲတွင် စိုက်မိပါက အပင်မှာ သန်မာပွားများ၍ အကျိုးမပြုသူ စိုက် မိပါက သေဆုံးခြင်း သို့မဟုက် ပွားများ မှု မရှိပဲ ဖြစ်နေလိမ့်မည်။ထိုအပင် တိုးတက်ပွားများ လာသည်နှင့် အမျှ စိုက်ပျိုးသူ အပင်ရှင်သည် စီးပွားရေး တိုးတက် ခြင်း ကြုံရလိမ့်မည်။[၁]
| ဤ အပင် ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |
- ↑ ဆရာက ၊ တန်ခိုးကြီးသော ဂမုန်းပင်များ စာအုပ်မှ၊ စာ-၂၉၊ ၁၉၉၉-ခု၊ စက်တင်ဘာလ။