အိနဲမြို့၊ ကျိုတို
| အိနဲမြို့ 伊根町 | |||
|---|---|---|---|
| Town | |||
View of Ine | |||
| |||
Location of Ine in Kyoto Prefecture | |||
| Location in Japan | |||
| ကိုဩဒိနိတ်: 35°41′N 135°17′E / 35.683°N 135.283°Eကိုဩဒိနိတ်: 35°41′N 135°17′E / 35.683°N 135.283°E | |||
| Country | Japan | ||
| Region | Kansai | ||
| Prefecture | Kyoto | ||
| District | Yosa | ||
| အစိုးရ | |||
| • Mayor | Yoshimoto Hideki | ||
| ဧရိယာ | |||
| • စုစုပေါင်း | ၆၁.၉၅ စတုရန်းကီလိုမီတာ (၂၃.၉၂ စတုရန်းမိုင်) | ||
| လူဦးရေ (February 28, 2022) | |||
| • စုစုပေါင်း | ၁,၉၈၄ | ||
| • သိပ်သည်းမှု | ၃၂/km၂ (၈၃/sq mi) | ||
| အချိန်ဇုန် | JST (UTC+09:00) | ||
| City hall address | 651 Hide, Ine-cho, Yoza-gun, Kyoto-fu 626-0493 | ||
| ဝဘ်ဆိုက် | တရားဝင် ဝက်ဘ်ဆိုက်တ် | ||

အိနဲမြို့ (伊根町, Ine-chō) သည် ဂျပန်နိုင်ငံ၊ ကျိုတိုစီရင်စု၊ ယောဆဒေသတွင်ရှိသည့် မြို့တစ်ခု ဖြစ်သည်။ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် မြို့နေခန့်မှန်းလူဦးရေသည် ၁၉၈၄ ဦး၊ အိမ်ထောင်စု ၈၉၉ ခု ရှိသည်။ လူဦးရေသိပ်သည်းဆမှာ တစ်စတုရန်းကီလိုမီတာလျှင် ၃၂ ဦး နေထိုင်ကြသည်။[၁] မြို့၏ စုစုပေါင်းဧရိယာမှာ ၆၁.၉၅ စတုရန်းကီလိုမီတာ (၂၃.၉၂ စတုရန်းမိုင်) ရှိသည်။
ပထဝီသွင်ပြင်
[ပြင်ဆင်ရန်]အိနဲမြို့သည် ကျိုတိုစီရင်စု၏ မြောက်ဘက်ပိုင်း၊ တန်းဂေါ့ကျွန်းဆွယ်၏ အရှေ့မြောက်အဆုံးပိုင်းတွင် တည်ရှိသည်။ ဂျပန်ကမ်းရိုးတန်းတွင် တည်ရှိကာ မြို့သည် ဝဆခပင်လယ်အော်ကို အရှ့မြောက်ဘက်မှ အရှေ့တောင်ဘက်သို့ မျက်နှာမူလျက်ရှိသည်။
ဆက်စပ်နေသည့် မြို့ရွာများ
[ပြင်ဆင်ရန်]ရာသီဥတု
[ပြင်ဆင်ရန်]အိနဲမြို့သည် နွေရာသီတွင် နွေးထွေးသည်။ ဆောင်းရာသီတွင် အေးမြကာ နှင်းကျဆင်းမှုများပြားသည်။ နှစ်ပတ်လည်ပျမ်းမျှအပူချိန်သည် ၁၄.၄ ဒီဂရီစင်တီဂရိတ် ရှိသည်။ နှစ်ပတ်လည်ပျမ်းမျှမိုးရေချိန်သည် ၁၉၁၂ မီလီမီတာ ရှိသည်။ စက်တင်ဘာလသည် အစိုစွတ်ဆုံးလ ဖြစ်သည်။ ဩဂုတ်လသည် အပူချိန်အမြင့်ဆုံးဖြစ်ပြီး ၂၅.၇ ဒီဂရီစင်တီဂရိတ်ပတ်ဝန်းကျင်ရှိသည်။ ဇန်နဝါရီလသည် အပူချိန်အနိမ့်ဆုံးဖြစ်ပြီး ၄.၁ ဒီဂရီစင်တီဂရိတ်ပတ်ဝန်းကျင်ရှိသည်။[၂]
လူဦးရေဆိုင်ရာ
[ပြင်ဆင်ရန်]ဂျပန်နိုင်ငံ၏ လူဦးရေစာရင်းအရ အိနဲမြို့လူဦးရေသည် လွန်ခဲ့သည့် နှစ် ၇၀ ကာလကျော်မှစတင်ကာ ကျဆင်းလျက်ရှိသည်။[၃]
| သမိုင်းတစ်လျှောက် လူဦးရေများ | ||
|---|---|---|
| ခုနှစ် | လူဦးရေ | ±% |
| 1920 | ၇၅၇၉ | — |
| 1930 | ၇၅၂၃ | −0.7% |
| 1940 | ၇၁၅၁ | −4.9% |
| 1950 | ၇၇၈၆ | +8.9% |
| 1960 | ၆၉၅၈ | −10.6% |
| 1970 | ၄၇၇၉ | −31.3% |
| 1980 | ၄၀၂၁ | −15.9% |
| 1990 | ၃၅၈၆ | −10.8% |
| 2000 | ၃၁၁၂ | −13.2% |
| 2010 | ၂၄၁၂ | −22.5% |
| 2020 | ၁၉၂၈ | −20.1% |
သမိုင်းကြောင်း
[ပြင်ဆင်ရန်]လက်ရှိကာလ အိနဲမြို့ရှိရာ နေရာသည် ရှေးခေတ်တန်းဂေါ့တိုင်းပြည်အတွင်း တည်ရှိသည်။ ရှေးခေတ်ကာလအချိန်များက အိနဲမြို့တည်နေရာတွင် ရှိခဲ့သည့် ဆိပ်ကမ်းများသည် အာရှတိုက်ပင်မကျွန်းကြီးနှင့် ကုန်သွယ်မှုများ လုပ်ဆောင်ရာတွင် အဓိကကျခဲ့သည်။ အဲဒိုခေတ်ကာလတွင် အိနဲမြို့ရှိရာအရပ်သည် မိယဇုအုပ်ချုပ်မှုဒေသ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့သည်။ ၁၈၈၉ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် ခေတ်သစ်မြို့ပြစီမံကိန်းများ အကောင်အထည်ဖော်မှုနှင့်အတူ ယောဆဒေသတွင် အိနဲမြို့အဖြစ် တည်ထောင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း ကျေးရွာသည် အမေရိကန်ရေတပ်၏ ဗုံးကြဲခြင်း ခံခဲ့ရသည်။ ၁၉၅၄ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့တွင် အိနဲမြို့ကို အနီးအနားရှိ ရွာများဖြစ်ကြသည့် ဆွတ်ဆွတ်ခဝ၊ အဆဇွတ်မနှင့် ဟွန်းဂျော စသည့်ရွာများနှင့်ပေါင်းစပ်က "မြို့" အဖြစ် အဆင့်မြှင့်တင်သတ်မှတ်ပေးခဲ့သည်။ ၂၀၀၈ ခုနှစ်၊ အောက်တိုဘာလတွင် "ဂျပန်နိုင်ငံရှိ အလှပဆုံးရွာများစာရင်း" တွင် သတ်မှတ်ဖော်ပြခြင်းခံခဲ့ရသည်။
စီးပွားရေး
[ပြင်ဆင်ရန်]အိနဲမြို့၏ စီးပွားရေးသည် ကုန်သွယ်မှုနှင့် ခရီးသွားလုပ်ငန်း ဖြစ်သည်။ ဤမြို့သည် သစ်သားဖြင့်ဆောက်လုပ်ထားသည့် တံငါသည်အိမ်များ "ဖုနယ" များ ရှိသည့်အတွက် ထင်ရှားသည်။ ၎င်းအိမ်များကို နိုင်ငံတော်အဆင့် ထိန်းသိမ်းစောင့်ရှောက်ရမည့်အဆောက်အဦများအဖြစ် သတ်မှတ်ထားသည်။
ပညာရေး
[ပြင်ဆင်ရန်]အိနဲမြို့တွင် အစိုးရမူလတန်းကျောင်းနှစ်ခု၊ အစိုးရအလယ်တန်းကျောင်းတစ်ခု ရှိသည်။ မြို့ရှိ အထက်တန်းကျောင်းကို ၂၀၂၀ ခုနှစ်တွင် ပိတ်သိမ်းခဲ့သည်။
ပို့ဆောင်ဆက်သွယ်ရေး
[ပြင်ဆင်ရန်]ရထားလမ်း
[ပြင်ဆင်ရန်]အိနဲမြို့တွင် ရထားဝန်ဆောင်မှု မရှိပေ။ အနီးဆုံးဘူတာမှာ မိယဇုဘူတာ သို့မဟုတ် အမနိုဟရှိဒတဲဘူတာ ဖြစ်သည်။ ထိုရထားဘူတာများသည် ခယောတန်းဂေါ့ရထားလမ်ကြောင်းပေါ် မိယဇုမြို့တွင် ရှိသည်။
ကားလမ်း
[ပြင်ဆင်ရန်]- National Route 178
ထင်ရှားသည့် ဖော်ပြမှုများ
[ပြင်ဆင်ရန်]- 1982; Hearts and Flowers for Tora-san
- 1993; Eenyobo (ええにょぼ) (Asadora) TV drama was set in a Funaya in Ine.
ပြင်ပလင့်များ
[ပြင်ဆင်ရန်]
Wikimedia Commons ရှိ အိနဲမြို့၊ ကျိုတို နှင့်ပတ်သက်သော မီဒီယာများ
- Ine official website (in ဂျပန်)