အိနုယာရှ

ဝီကီပီးဒီးယား မှ

အီနုယာရှာ ကာတွန်းဇာတ်လမ်းကို ရူမိကို တာကာဟရှိ ဖန်တီးရေးဆွဲသည်။ Inuyasha ဇာတ်အိမ်ကို တခြား manga များနှင့်မတူတမူထူးခြားစွာ fedural lord တို့ခေတ်မှာ အဓိက ဇာတ်အိမ်တည်ထားပြီး ဒီဘက်ခေတ်က japan ကျောင်းသူလေးတစ်ဦးဖြစ်သည့် Kagome က အဓိကမင်းသမီးနေရာက သရုပ်ဆောင်ထားသည်။

ဇာတ်လမ်းအကျဉ်းချုပ်[ပြင်ဆင်ရန်]

ဇာတ်လမ်းအစမှာ Kagome တို့ မိသားစု အစဉ်အဆက်သည် သူတို့နားက ရိုးရာနတ်ကွန်းတစ်ခုကို စောင့်ရှောက်ရသည့် အမျိုးအနွယ်ဖြစ်သည်။ Kagome မှာ ခေတ်လူငယ်ကျောင်းသူတစ်ယောက် ပီပီ ယင်းတို့ကိုအယုံအကြည်မရှိသလောက် သူ့အဖိုးဖြစ်သူမှာ ယုံကြည်မှုလွန်ကဲနေသည်။ တစ်နေ့တွင် သူအဖိုးဖြစ်သူက scared jewel ဆိုသည်တစ်ခုကို အဆောင်တခုအနေနှင့်ပေးလိုက်သော်လည်း Kagome မှာ အမှုမဲ့အမှတ်မဲ့သဘောနှင့် ယူလိုက်သည်။ တစ်နေ့တွင် သူ နတ်ကွန်းထဲမှာ Buyo ဆိုသည့် သူ ကြောင်လေးပျောက်သည့်အတွက် Kagome နှင့် သူ့မောင်လေး ဝင်အရှာမှာ ထူးဆန်းစွာနှင့် လက်ခြောက်ဖက်ရှိသည့် အမျိုးအမည်မသိ သတ္တဝါကြီးက နတ်ကွင်းထဲက ရေတွင်းဟောင်းတစ်ခုထဲကထွက်လာပြီး Kagome ကိုဆွဲခေါ်သွားသည်။

Kagome သည် သူ၏ အမျိုးအမည်မသိ ထူးဆန်းသည့်အစွမ်းကြောင့် ထိုသတ္တဝါကြီးသည် လက်နှစ်ဖက်ပြတ်ပြီးပျောက်ကွယ်သွားသည်။ သူလည်း ရေတွင်းထဲကနေပြန်တက်လာသည့်အခါတွင် တောကြီးတစ်ခုကိုရောက်သွားသည်။ ထိုတောစပ်လေးနား အနီးအနားလျှောက်သွားရင်းနှင့် သူတို့ခြံထဲက သစ်ပင်ကြီးနှင့်ချွတ်စွပ်တူသည့်တစ်နေရာတွင် သူ့အိမ်ကအနီးအနားမှာပဲဆိုပြီး အားတက်သွားသည်။ သို့သော် အနီးရောက်မှ သူအိမ်နှင့် တူသည်မှာ အိမ်ခြေတစ်ခုမှ ထိုတောနားမှာမရှိတာကိုတွေ့ရသည်။ ထိုသစ်ပင်ကြီးရှေ့တွင် ခွေးတစ်ကောင်နွားရွက်နှင့် ကီမိုနိုအနီရောင်ဝတ်ထားသည့် ကောင်လေးတစ်ယောက် သစ်ပင်ပေါ်မှာ နွယ်ပင်များနှင့် ချုပ်မိနေပြီး အိပ်မောကျနေတာကိုတို့ရသည်။ ထိုကောင်လေးတွင် မြားတစ်စင်းစိုက်ထားတာကိုလည်းတွေ့ရသည်။ Kagome လည်း ကောင်လေးကိုသနားသွားပြီး မြားကိုလှုပ်ပေးမည်အလုပ်မှာ အနီးအနားက ရွာကလူတွေရောက်လာပြီး kagome ကိုဖမ်းခေါ်သွားသည်။

Kagome တစ်ယောက် ဘာဖြစ်မှန်းမသိပဲ ရွာကိုရောက်သွားတွင်မှ fedural lord ခေတ်ကို ရောက်သွားမှန်းသတိထားမိသွားသည်။ ထိုခေတ်က အနီးနားကရွာလေးတစ်ရွာက Demon တွေကိုနှိမ်နှင်းသည့် အဘွားအိုကြီးတစ်ဦးဖြစ်သည့် priestess Kaede ဆီကိုရောက်သွားသည်။ Kaede သတိထားမိတာ Kagome သည် လွန်ခဲ့သည့် နှစ်ငါးဆယ်က ကွယ်လွန်သွားပြီဖြစ်သည့် သူအမ Kikyo နှင့် ရုပ်ချင်းဆင်တူနေတာကိုပါပဲ။ သူ၏ပြောပြချက်အရ scared jewel သည် Demon တွေ့သာမက လူသားတွေကပါ အသည်းအသန်လိုချင်နေကြသည့် Holy jewel တစ်ခုဖြစ်တာကို သိရသည့်အခါ Kagome တစ်ယောက်တော်တော်အံ့ဩသွားသည်။ ကလည်း scared jewel ကိုထိန်းသိမ်းဖို့ ပြောသော်လည်းလည်း Kagome တစ်ယောက်မှာ အိမ်ပြန်ချင်တာကလွဲပြီး ဘာမှနားမဝင်ပေ။ ထိုနေညပိုင်းမှာပဲ ယင်းအပြင် အစောပိုင်းက လက်ပြတ်သည့်အတွက်သေသွားပြီထင်သည့် Demon ကြီးသည်လည်း ရွာထဲကိုဝင် လာပြီး Kikyo လက်ထဲက သူအဖိုးပေးခဲ့သည့် scared jewel ကို အသည်းအသန်လိုက်လုနေသည်။ Kikyo လည်းပြေးရင်းလွားရင်းနှင့်မှ သူတိုအိမ်နားက Inuyasha ကိုချုပ်ထားသည့် သစ်ပင်ကြီးကိုရောက်သွားခဲ့သည်။ ထိုမှာ Inuyasha က သူကိုစိုက်ထားသည့်မြားကိုနှုတ်ပေးလျင် ထို demon ကိုတိုက်ပေးမည်ပြောရာတွင် Kagome ကလွှတ်ပေးမယ့်အလုပ်မှာ Kaede ကလည်း အသည်းအသန် Inuyasha ကိုမလွတ်ပေးဖို့ပြောသည်။ သို့သော် အစောပိုင်းက လက်ခြောက်ဖက်နှင့် Demon သည်မှီလာပြီး Kagome ကိုအသက်အန္တရာယ်ပြုမည်အလုပ်မှာ သူလည်းဘယ်လိုမှစဉ်းစားမရတာနှင့် မြားကိုဆွဲနှုတ်လိုက်သည်။

တိုတောင်းလှသည့်အချိန်အတောအတွင်းမှာပဲ Inuyasha သည် လက်ခြောက်ဖက်နှင့်Demon ကို တစ်စစီဆွဲဖြဲလိုက်သည်။ Kagome တစ်ယောက် ဝမ်းသာသည့်အတွက်ပင်မဝသေးခင်မှာ Inuyasha က ထို scared jewel ကိုမပေးရင် သတ်ပစ်မည်ဟုပြောသည်။ ထိုအချိန်မှာပဲ pistree ကြီးသည်ရောက်ရှိလာပြီး inuyasha ကို kikyo ပေးထားဖူးသည့်လည်ဆွဲနှင့် seal လုပ်လိုက်သည်။ ထို seal ကို kikyo ဝင်စားသည့် kagome တစ်ယောက်သာထိန်းချုပ်သည့်အတွက်ရသည်။ ယင်းကြောင့်ပဲ inuyasha တစ်ယောက် kagome ၏အမိန့်ကိုမကျေမနပ်နှင့်ပဲနာခံနေရသည်။ ထိုအချိန်မှာပဲ Kaede က scared jewel ကိုဖျက်ဆီးဖို့ kagome ကိုတိုက်တွန်းသည်။ kagome စဉ်းစားနေသည့်အတောအတွင်းမှာပဲ ကျီးကန်းမိစ္ဆာတစ်ကောင်က scared jewel ကိုခိုးယူသွားသည်။ kagome လည်း ကျီးကန်းကိုလေးနှင့်လှမ်းပစ်လိုက်ချိန်မှာ scared jewel ကိုထိသွားပြီး အစိတ်စိတ်အမွာမွာကွဲကာ တကမ္ဘာလုံးကိုပျံနှံသွားသည်။ ယင်းကြောင့် scared jewel တွေ့ကိုပြန်လည်စုစည်းပြီး ဖျက်ဆီးဖို့ inuyasha နှင့် kagome တွေ့နှစ်ယောက် ခရီးထွက်ခဲ့ရသည်။ ကံကောင်းစွာပဲ kagome တစ်ယောက်သာ scared jewel အပိုင်းအစတွေကိုဘယ်မှာတည်ရှိသလဲ ဆိုသည် ခံစားသိမြင်နိုင်သည်။

ခရီးလမ်းတစ်ယောက်မှာ မြေခွေး demon လေး shippo ၊ မိန်ကလေးများမှန်သမျှ လက်ထပ်ခွင့်တောင်းတက်သည့် miroku ဆိုသည့် ပယောဂဆရာ ၊ Sango ဆိုသည့် Demon တွေ့ကိုလိုက်လံနှိမ်နှင်းသည့်ကောင်မလေး တွေ့နှင့်အတူတွေ့ဆုံမိပြီး ခရီးအတူထွက်ခဲ့ကြသည်။ သူတွေ့၏ရည်ရွယ်ချက်မှာ scared jewel ကိုဖျက်ဆီးဖို့ပါပဲ။ ထိုအချိန်မှာပဲ naraku ဆိုသည့် half-blood demon တစ်ယောက်သည်လည်း scared jewel နောက်ကိုလိုက်နေတာကိုသိရသည်။ ယင်းကြောင့် naraku နှင့်လည်းယှဉ်ပြိုင်တိုက်ခိုက်နေရသလို တစ်ဖက်မှာလည်း scared jewel တွေ့ကိုလိုက်လံစုဆောင်းရသည်။ နောက်ပိုင်းမှာတွင် naraku သည် kikyo ကို သေအောင်လုပ်ကြံသည့်သူ ဖြစ်သည့်အပြင် kikyo နှင့် inuyasha တွေ့ကြားမှာ ကုန်းချောသည့်သူမှန်း inuyasha တစ်ယောက်သိသည့်အခါမှာတွင် တိုက်ပွဲကပိုမိုပြင်းထန်လာသည်။