အိခဲဒကန်

ဝီကီပီးဒီးယား မှ
အိခဲဒကန်
Lake Ikeda with Mount Kaimon
Location of Lake Ikeda in Japan.
Location of Lake Ikeda in Japan.
အိခဲဒကန်
တည်နေရာKyūshū island
ကိုဩဒိနိတ်31°14′N 130°34′E / 31.233°N 130.567°E / 31.233; 130.567ကိုဩဒိနိတ်: 31°14′N 130°34′E / 31.233°N 130.567°E / 31.233; 130.567
အမျိုးအစားcaldera lake
ရေစုဝေးရာ နေရာ၄၁ km2 (၁၆ sq mi)
ရေချိုင့်ဝှမ်းရှိရာ နိုင်ငံများJapan
မျက်နှာပြင် ဧရိယာ၁၁ km2 (၄.၂ sq mi)
ပျမ်းမျှအနက်၁၃၅ m (၄၄၃ ft)
အနက်ဆုံး အနက်အရှိုင်း၂၃၃ m (၇၆၄ ft)
ရေထုထည်၁.၄၇ km3 (၁,၁၉၀,၀၀၀ acre·ft)
Residence time1.7 years
ကမ်းခြေအလျား၁၅.၁ km (၉.၄ mi)
ကမ်းခြေအလျားသည် တိတိကျကျ တိုင်းတာထားခြင်း မဟုတ်ပေ။

အိခဲဒကန် (池田湖, Ikeda-ko) သည် ဂျပန်နိုင်ငံ၊ ကျူးရှူးကျွန်း (Kyūshū )၊ ခဂိုရှိမမြို့၏တောင်ဘက် ၄၀ ကီလိုမီတာအကွာတွင် တည်ရှိသည့် မီးတောင်ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသည့် ရေကန်တစ်ခု ဖြစ်သည်။ ကျူးရှူးကျွန်းတွင် အကြီးဆုံးကန်ဖြစ်သည်။ Issie ဟု အမည်ရသည့် မွန်းစတားတစ်ကောင်ကို ဤရေကန်တွင် မြင်တွေ့ရသည်ဟု ဒဏ္ဍာရီများ၌ဆိုကြသဖြင့် အထင်ရှားဆုံးကန်လည်း ဖြစ်သည်။ ရေကန်၏ မျက်နှာပြင်ဧရိယာသည် ၁၁ စတုရန်းကီလိုမီတာ ရှိပြီး ကမ်းခြေအလျားသည် ၁၅ ကီလိုမီတာ ရှိသည်။[၁][၂]

ယိုယွင်းလာခြင်း[ပြင်ဆင်ရန်]

ကန်ပတ်ဝန်းကျင်ဒေသသည် ဖွံ့ဖြိုးတိုးတက်လာမှုသည် ကန်၏ ရေအရည်အသွေး ကျဆင်းမှုအား ၁၉၅၅ ခုနှစ်ကတည်းက ဖြစ်ပေါ်စေခဲ့သည်။ အခြားသော အကြောင်းတရားများတွင်လည်း ၁၉၆၅ ခုနှစ်တွင် စတင်၍ ဖွံ့ဖြိုးတိုးတက်လာခဲ့သည့် စိုက်ပျိုးမြေလယ်ကွင်းများနှင့် အိမ်ထောင်စုများအတွက် ပြုလုပ်ခဲ့သည့် ဆည်မြောင်းစီမံကိန်းကြောင့် ဖြစ်သည်။ ဆည်မြောင်းပြုလုပ်ခြင်းကြောင့် ကန်၏ အနီးရှိ မြစ်သုံးခုရှိ ရေများကို ကန်အတွင်းသို့ စီးဝင်အောင် ဆောင်ရွက်ခဲ့သည်။ ဆည်မြောင်းစနစ်ကို ၁၉၈၂ ခုနှစ်ကတည်းက ကန်၏ရေအရည်အသွေးမြင့်မားတိုးတက်အောင် လုပ်ဆောင်ရန် ရည်ရွယ်ကာ လုပ်ဆောင်ခဲ့သည်။ ၁၉၅၀ ခုနှစ်များကတည်းကပင် ကန်၏ ဖောက်ထွင်းမြင်နိင်မှုသည် ကမ္ဘာပေါ်တွင် နံပါတ် ၇ အဆင့်ရှိခဲ့သည်။ ယခုအခါ ဖောက်ထွင်းမြင်နိုင်မှုသည် ၂၆.၈ မီတာမှ ခန့်မှန်းခြေ ၅ မီတာအထိ ကျဆင်းသွားပြီ ဖြစ်သည်။[၁][၂]

တိရစ္ဆာန်များ[ပြင်ဆင်ရန်]

Eel from Lake Ikeda

ဒဏ္ဍာရီ[ပြင်ဆင်ရန်]

အိခဲဒကန်သည် ပတ်ဝန်းကျင်ရှိဒေသများ၏ရှင်တိုဘာသာအတွက် အရေးပါသည့် နေရာတစ်ခု ဖြစ်သည်။ လူသားများ၏ မူလရင်းမြစ်နေရာတစ်ခုအဖြစ် ကန်တွင် ရိုးရာဘာသာရေးဆိုင်ရာများကို ကျင်းပကြသည်။

ပြင်ပလင့်များ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ Major Destinations in Japan - Kyushu Island။ www.jnto.go.jp။ 2008-01-08 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2008-05-21 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named ILEC