အာ့ဗီလာမြို့ ၊ စပိန်

ဝီကီပီးဒီးယား မှ
အာ့ဗီလာ
Ávila
စည်ပင်သာယာနယ်နိမိတ်
Ávila with its town walls
Ávila with its town walls
အာ့ဗီလာ Ávila၏ အလံတော်
အလံတော်
အာ့ဗီလာ Ávila၏ တံဆိပ်အမှတ်အသား
တံဆိပ်အမှတ်အသား
နာမည်ပြောင်(များ): Ávila de los Caballeros, Ávila del Rey, Ávila de los Leales (Ávila of the Knights, Ávila of the King, Ávila of the Loyalists)
ဆောင်ပုဒ်: Una ciudad para todos... (A town for everyone...)
ကိုဩဒိနိတ်: 40°39′N 4°41′W / 40.650°N 4.683°W / 40.650; -4.683ကိုဩဒိနိတ်: 40°39′N 4°41′W / 40.650°N 4.683°W / 40.650; -4.683
နိုင်ငံစပိန်နိုင်ငံ
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကတ်စတိုင်း နှင့် လီယွန်
ခရိုင်အာ့ဗီလာ
အစိုးရ
 • မြို့တော်ဝန်Jesús Manuel Sánchez Cabrera (XAV)
ဧရိယာ
 • ကုန်းမြေ၂၃၁.၉ စတုရန်းကီလိုမီတာ (၈၉.၅ စတုရန်းမိုင်)
ပင်လယ်ရေ မျက်နှာပြင်အမြင့်၁၁၃၂ မီတာ (၃၇၁၄ ပေ)
အချိန်ဇုန်CET (UTC+1)
 • နွေရာသီ (DST)CEST (UTC+2)
Postal code05001 - 05006
ဧရိယာကုဒ်(များ)34 (Spain) + 920 (Ávila)
ဝက်ဘ်ဆိုဒ်http://www.avila.es (in စပိန်)
ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ
တရားဝင်အမည်အာ့ဗီလာမြို့ဟောင်း နှင့် မြို့တံတိုင်းပြင်ပရှိ ဘုရားရှိခိုးကျောင်းများ
ပါဝင်သည်များHermitage of San Segundo, Basilica of San Vicente, Church of San Andrés, Church of San Pedro, Church of San Nicolás, Church of Santa María de la Cabeza, Church of San Martín, Convent of La Encarnación, Convent of San José, Royal Monastery of Santo Tomás
ရွေးချယ်သည့် စံနှုန်းယဉ်ကျေးမှု: iii, iv
ရည်ညွှန်း348
စတင်သတ်မှတ်ခြင်း၁၉၈၅ (နဝမအကြိမ် အစည်းအဝေး)
ဧရိယာ၃၆.၄ ဟက်တာ

အာ့ဗီလာမြို့ သည် စပိန်နိုင်ငံ ရှိမြို့တော်တစ်ခု ဖြစ်ပြီး ကတ်စတိုင်းနှင့် လီယွန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် တည်ရှိသည်။ အာ့ဗီလာခရိုင်၏ မြို့တော်နှင့် လူဦးရေ အများဆုံးမြို့လည်း ဖြစ်သည်။

အာဒါဂျာမြစ်၏ ညာဘက်မြစ်ကမ်းတွင် တည်ရှိသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၁,၁၃၀ မီတာအမြင့်တွင် တည်ရှိသဖြင့် စပိန်နိုင်ငံရှိ ခရိုင်မြို့တော်များတွင် အမြင့်ဆုံး ဖြစ်သည်။[၁]

၎င်း၏ အလယ်ခေတ် တံတိုင်းများကြောင့် လူသိများပြီး အာ့ဗီလာအား တခါတရံတွင် ကျောက်တုံးနှင့် သူတော်စင်များ၏ မြို့ ဟု ခေါ်ကြသည်။ စပိန်နိုင်ငံတွင် လူဦးရေအလိုက် ရိုမက်နက်စ် နှင့် ဂေါသစ် ဘုရားကျောင်း အများဆုံးမြို့ဟုလည်း ဆိုကြသည်။ [၂] ၎င်းတွင် အပြည့်အစုံရှိပြီး ထင်ရှားသော အလယ်ခေတ် မြို့တော်ခန်းမရှိပြီး ရိုမက်နက်စ် စတိုင်ဖြင့် တည်ဆောက်ထားသည်။ စာရေးဆရာ ဂျိုဆေး မာတီနက်ဇ် ရူးရစ်ဇ် က သူ၏ "ကက်စတီလန် ဝိဉာဉ်" အမည်ရသည့် စာအုပ်တွင် "စပိန်နိုင်ငံတွင် ၁၆ ရာစု အဆန်ဆုံးမြို့"​ဟု ဖော်ပြထားသည်။ ထို့ပြင် အာ့ဗီလာ လော့စ် ကာဘာလဲယို (နိုက်သူရဲကောင်းတို့၏ အာ့ဗီလာ)​၊​ အာ့ဗီလာ ဒယ် ရေး (ဘုရင်၏ အာ့ဗီလာ) နှင့် အာ့ဗီလာ ဒီ လော့စ် လီလက်စ် (သစ္စာခံတို့၏ အာ့ဗီလာ) ဟုလည်း ခေါ်ကြပြီး ထိုအမည်များသည် မြို့၏ အလံတွင် ဖော်ကျူးထားသည်။

အမေရိကန် သရုပ်ဆောင် ဒါရိုက်တာအော်ဆန်ဝဲလ် က အာ့ဗီလာအား သူအနေချင်ဆုံးမြို့ဟု ဆိုခဲ့ဖူးပြီး "ထူးဆန်းသော ကြေကွဲဖွယ်နေရာ" ဟု ဆိုသည်။[၃] ၁၉၆၅ ခုနှစ်တွင် ထွက်ရှိသော "သန်းခေါင်ယံ အသံများ"​ရုပ်ရှင်၏ အခန်းများကို အာ့ဗီလာတွင် ရိုက်ကူးခဲ့သည်။

၁၉၈၅တွင် အာ့ဗီလာအား ယူနက်စကိုကမ္ဘာ့အမွေအနှစ်နေရာ စာရင်းတွင် ထည့်သွင်းခဲ့သည်။ မူလအစက တံတိုင်းခေတ်ထားသော မြို့တော်နှင့် ဘုရားကျောင်း ၄ ခု ပါဝင်သော်လည်း ကမ္ဘာ့အမွေအနှစ်နေရာစာရင်းတွင် ပါဝင်သော ဘုရားရှိခိုးကျောင်းများကို နောက်တွင် ထပ်မံတိုးချဲ့ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]