အာဝုကနဗုဒ္ဓရုပ်ပွားတော်
အဗုကာနဗုဒ္ဓရုပ်ပွားတော် | |
---|---|
ခုနစ် | 5th century |
အမျိုးအစား | Stone sculpture |
တည်နေရာ | Kekirawa, Sri Lanka |
8°0′39.1″N 80°30′45.6″E / 8.010861°N 80.512667°Eကိုဩဒိနိတ်: 8°0′39.1″N 80°30′45.6″E / 8.010861°N 80.512667°E | |
ဝဘ်ဆိုဒ် | Official website |
အဗုကာနဗုဒ္ဓရုပ်ပွားတော် သည် သီရိလင်္ကာနိုင်ငံမြောက်အလယ်ပိုင်း ကီကိရဝအနီးတွင် တည်ရှိသည့် ရပ်တော်မူနေဟန် ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ ဖြစ်သည်။ ရုပ်ပွားတော်၏ အမြင့်သည် ပေ ၄၀ ကျော် (၁၂ မီတာ) ရှိ၍ ကြီးမားသည့် ကျောက်သားမျက်နှာပြင်ကို ထွင်းထုကာထားသည့် ရုပ်ပွားတော်တစ်ဆူ ဖြစ်သည်။ ရုပ်ပွားတော်ကို ၅ ရာစု အချိန်ကာလအတွင်းက ပြုလုပ်ခဲ့သည်။ ရုပ်ပွားတော်ကို အဘယမုဒြာပုံစံ ထုလုပ်ထားပြီး သင်္ကန်းကို ရုံထားဟန် ဖြစ်သည်။ ဓာတုသေနမင်းလက်ထက် အတွင်းက တည်ဆောက်ခဲ့ပြီး ရုပ်ပွားတော်သည် ဆရာဖြစ်သူနှင့် တပည့်ဖြစ်သူတို့၏ ပြိုင်ဆိုင်ထုပ်လုပ်ကြရာမှ ပြီးစီးအောင်မြင်ခဲ့သည့် ရလဒ်တစ်ခု ဖြစ်သည်။ အဗုကာနရုပ်ပွားတော်သည် သီရိလင်္ကာနိုင်ငံတွင် တည်ထားခဲ့သည့် ရှေးကျသည့် ရပ်တော်မူနေဟန် ရုပ်ပွားတော်များထဲတွင် အကောင်းဆုံးတစ်ခုလည်း ဖြစ်သည်။ ယခုအခါ ရုပ်ပွားတော်သည် ခရီးသွားလည်ပတ်သူမျာအကြား ထင်ရှားလျက်ရှိသည်။
တည်နေရာနှင့် အသွင်အပြင်
[ပြင်ဆင်ရန်]အချက်အလက်များ
[ပြင်ဆင်ရန်]တည်ဆောက်မှု
[ပြင်ဆင်ရန်]လက်ရှိအခြေအနေ
[ပြင်ဆင်ရန်]ယနေ့အချိန်တွင် ရုပ်ပွားတော်ကြီးသို့ နိုင်ငံအဝှမ်းမှ ဘုရားဖူးလာရောက်ကြပြီး ခရီးသွားများအား ဆွဲဆောင်ထားနိုင်သည့် ထင်ရှားသည့်နေရာတစ်ခု ဖြစ်လာသည်။ [၁]သို့သော်လည်း အခြေခံအထောက်အပံ့များစွာ လိုအပ်လျက်ရှိနေသည်။ ရုပ်ပွားတော်ကြီးကို ဆောက်လုပ်ရေးနှင့် ရှေးဟောင်းသုတေသနကာကွယ်ရေးဌာနက တိုးတက်အောင် ယခုအချိန်တွင် လုပ်ဆောင်လျက်ရှိသည်။[၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Davidson၊ Linda Kay; Gitlitz, David Martin (2002)။ Pilgrimage: from the Ganges to Graceland : an encyclopedia။ 1။ ABC-CLIO။ p. 46။ ISBN 978-1-57607-004-8။
- ↑ ကိုးကား အမှား - Invalid
<ref>
tag; no text was provided for refs namedfacelift