အာလူးစားသူများ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
The Potato Eaters
ဒတ်ချ်: De Aardappeleters
Van-willem-vincent-gogh-die-kartoffelesser-03850.jpg
အနုပညာရှင် Vincent van Gogh
ခုနစ် ၁၈၈၅
ကတ်သလောက် F82 JH764
အမျိုးအစား Oil painting
ဒိုင်မင်းရှင်း 82 cm × 114 cm (32.3 in × 44.9 in)
တည်နေရာ Van Gogh Museum, Amsterdam

ထိုပန်းချီကားကို ၁၈၈၅ ဧပြီလမှာ ဒတ်ချ်လူမျိုးပန်းချီဆရာကြီးဗင်းဆင့်ဗန်ဂိုးလ်ကရေးဆွဲခဲ့တာပါ။ အခု လောလောဆယ်မှာတော့ ဒီပန်းချီကားဟာ နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့က ဗင်းဆင့်ဗန်ဂိုးလ်ပြတိုက်မှာ ရှိပါတယ်။ ဒီပန်းချီကားဟာ စားပွဲတစ်ခုရဲ့ပတ်လည်မှာ အာလူးစားနေကြတဲ့ တောင်သူလယ်သမားငါးယောက် ရဲ့ပုံကိုရေးဆွဲထားတဲ့ ဆီဆေးပန်ချီကားတစ်ချပ်ပါ။

ပန်းချီ၏ ဆိုလိုရင်း[ပြင်ဆင်ရန်]

သုံးယောက်က မိန်းကလေးတွေဖြစ်ပြီး ကျန်တဲ့နှစ်ယောက်ကတော့ ယောင်္ကျားလေးတွေပါ။ ဒီပန်းချီက တောင် သူလယ်သမားငါးယောက်ရဲ့ ညစာကို လက်တွေ့ဆန်ဆန် သဘာဝကျကျ ဖော်ပြချင်တာပါ။ သူတို့ငါးယောက်ထဲက အများစုက အာလူးစားနေကြတယ်။ ညာဘက်က အမျိုးသမီးကြီးက ကော်ဖီရောင်နဲ့ဆင်တဲ့ လက်ဖက်ရည်ကြမ်းတွေကို ငှဲ့နေတယ်။ သူတို့အားလုံး ဦးထုပ်တွေ၊ ခေါင်းစည်းတွေ၊ ထူပြီးရှည်တဲ့ အဝတ်အစားတွေ ဝတ်ဆင် ထားကြတယ်။ သူတို့တွေကအားလုံး အမှောင်ခန်းလေးထဲမှာရှိနကြေတယ်။တစ်ခုတည်းသောအလင်းရောင်က မျက်နှာကြက် ထုတ်တန်းမှာ တွဲလောင်းချထားတဲ့ မီးအိမ်လေးကနေ ဖြာကျနေတာပါ။ ဒီမီးအိမ်လေးက ပန်ချီကားရဲ့အလယ်တည့်တည့်လောက်မှာ ရှိနေပါတယ်။ ပြီးတော့ ဒီမီးအိမ်လေးကြောင့်ပဲ တစ်ခန်းလုံးလင်းနေတာပါ။

ပန်းချီကားက အမှောင်တွေဆန်တဲ့ အရောင်တွေသုံးထားပေမယ့် တောင်သူလယ်သမားတွေရဲ့မျက်နှာကတော့ တောက်ပနေပြီး သူတို့ရဲ့စိတ်ထဲက ရောယှက်နေတဲ့ အတွင်းစိတ်ခံစားမှုတွေကို ဖော်ပြနေပါတယ်။ သူတို့မျက်နှာ အမူအရာတွေဟာ တစ်ခုခုကိုအလေးအနက်ထားပြီး တည်ငြိမ်နေတာကို တွေ့ရတယ်။ နောက်တစ်ချက် အနေနဲ့ သူတို့တွေမပျော်ရွှင်ကြဘူးဆိုတာကိုလည်း သူတို့မျက်နှာတွေက ဖော်ပြနေတယ်။ သူတို့ရဲ့မျက်နှာပေါ်မှာ တစ်ခုခုကို စိတ်ထဲမှာ အကောင်းနဲ့အဆိုးဒွန်တွဲပြီး ဒွိဟဖြစ်နေပုံ၊တစ်ခုခုကိုမယုံကြည်တဲ့ပုံမျိုးတွေလည်း ပေါ်နေတယ်။သူတို့တွေအားလုံး တစ်ယောက်နဲ့တစ်ယောက် စကားပြောမနေကြဘူး။ သူတို့အတွေးကမ္ဘာလေးနဲ့သူတို့ တစ်ခုခုကိုတွေးနေကြတယ်။

သူတို့တွေမှာ ကြမ်းတမ်းတဲ့ပုံစံတွေရှိနေတယ်။ဒါကလည်း လယ်သမားတွေရဲ့အထင်ရှားဆုံးဝိသေသလက္ခဏာ တစ်ခုကို ပုံဖော်ထားတာပါ။ သူတို့ အာလူးစားဖို့ ဆန့်ထုတ်ထားတဲ့လက်တွေကို ကြည့်ခြင်းအားဖြင့် သူတို့အားလုံးဟာ ပိန်ပြီး အသားအရေတွေလည်း ကြမ်းတမ်းနေတာကို တွေ့ရပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ပုံစံတွေဟာ တမင်သက်သက် ပုံဖော်ယူထားတဲ့ပုံမပေါက်ပဲ အရမ်းကိုသဘာဝဆန်နေပါတယ်။ဗန်ဂိုးလ်ဟာ ဒီပန်းချီကားမှာ ဆင်းရဲသားတောင်သူတွေရဲ့ဆင်းရဲကြမ်းတမ်းတဲ့သာမန်ဘဝလေးကို ပုံဖော်ချင်တယ်ဆိုတာ သိသာပါတယ်။

အရောင်အသုံးပြုပုံ၊အထားအသိုအခင်းအကျင်းနဲ့ပန်းချီကားအပေါ်သက်ရောက်မှု[ပြင်ဆင်ရန်]

ပန်းချီကားတစ်ခုလုံးကို အဖြူအမည်းပဲအသုံးပြုထားပါတယ်။ အဓိကအသုံးပြုထားတဲ့အရောင်တွေကလည်း ငြိုးငယ်ခြင်း၊စိတ်ဓာတ်ကျခြင်းတွေကိုဖော်ပြတဲ့ အညိုရောင်၊အနက်ရောင်လိုမျိုးအရောင်မှိန်မှိန်တွေကိုအဓိက အသုံးပြုထားပါတယ်။ မြေကြီး အရောင်နဲ့ဆင်တဲ့အညိုရောင်တွေဟာလယ်သမားတွေနေလောင်တဲ့မျက်နှာနဲ့ ကြမ်းတမ်းမှုတွေကို အဓိကပုံဖော်ပေးပါတယ်။သူတို့တွေဟာတစ်နေ့တစ်နေ့ နေရာင်အောက်မှာ အလုပ်လုပ် ကြရတဲ့အတွက်အညိုရောင်ကိုအဓိကအသုံးပြုပြီး သူတို့ရဲ့ပုံကို ပုံဖော်ထားတာဖြစ်ပါတယ်။ဒီအရောင်တွေ ကြောင့်ပဲပန်းချီကားဟာလည်း အရမ်းကိုသဘာဝဆန်နေပါတယ်။

ဒီပန်းချီကားဟာလက်တွေ့ဆန်ပြီးနည်းနည်းလေးမှချဲ့ကားထားခြင်းမရှိတဲ့ပုံပေါက်နေပါတယ်။ လယ်သမား တွေရဲ့နေ့စဉ်ဘဝကိုလဲ ကွင်းကွင်းကွက်ကွက် ကိုမြင်စေပါတယ်။ သူတို့တွေရဲ့မျက်နှာတွေကိုလည်း အသေး စိတ်ကြည့်ကြည့်လိုက်ပါ။အပေါ်ကမီးအိမ်ရဲ့အလင်းရောင်အလိုက် မျက်နှာပေါ်မှာမှောင်တဲ့အခြမ်းက မှောင်နေပါတယ်။ အရမ်းကိုအသေးစိတ်ပါတယ်။

ဒီပန်းချီကားရဲ့ အထားအသိုအခင်းအကျင်းကလဲ လုံးဝကိုစနစ်ကြပါတယ်။သူတို့တွေနေရာယူထားတာကို ကြည့် ခြင်းအားဖြင့် ပန်းချီကားဟာနှစ်ဘက်မျှတာကိုတွေ့ရပါတယ်။ စားပွဲရဲ့တစ်ဘက်တစ်ချက်မှာမျက်နှာ ချင်းဆိုင် ထိုင်နေတဲ့ လူနှစ်ယောက်ဆီရှိတယ်။အလယ်ကကျောပေးထားတဲ့ ကောင်မလေးက ထိုနှစ်ဖွဲ့ကို အလယ်ကနေနှစ်ခြမ်းခွဲထားသယောင်ဖြစ်နေတယ်။ သူတို့အားလုံးဟာပေါင်းစည်းတဲ့ပုံလည်းပေါက်တယ်။ သူတို့အားလုံးဟာ အရမ်းကပ်ကပ်ကြီးလဲ ထိုင်မနေကြ ဘူး။သက်တောင့်သက်သာလဲဖြစ်တဲ့ပုံပေါ်တယ်။ ပန်းချီကားတစ်ခုလုံးမှာအလဟသနေရာမပါဘူး။ နေရာအားလုံးကို မျှတတဲ့ပုံစံဖြစ်အောင်ဆွဲထားတယ်။

မျက်နှာကျက်ကလဲလယ်သမားတွေနဲ့အရမ်းကိုနီးကပ်နေတယ်။ အခန်းကအရမ်းကိုသေးပြီးတော့ ဟောင်း နွမ်းစုတ်ပြတ်နေတယ်။ ထိုင်နေတဲ့သူတို့တွေကိုစာဖတ်သူစိတ်ထဲမှာမတ်တပ်တစ်ချက်လောက်ရပ် ခိုင်း ကြည့်လိုက်ပါ။ အမိုးကအရမ်းနိမ့်နေတော့သက်တောက်သက်သာတော့ရှိမှာမဟုတ်လောက်ဘူးနော်။ ဒီအမိုးနိမ့်နိမ့်လေးလုပ်ထားတဲ့အချက်ကပဲ ပန်းချီကားကိုတိတ်ဆိတ်ပြီးအေးအေးစက်ဖြစ်နေစေပါတယ်။

သဘာဝကျမှု[ပြင်ဆင်ရန်]

ဒီပန်းချီကားမှာပါဝင်တဲ့ လူတွေ၊နေရာတွေ၊ပစ္စည်းတွေအရာအားလုံးဟာတိကျပြီးမှန်ကန်တဲ့အပြင် အရမ်းကို သဘာဝဆန်ပါတယ်။လယ်သမားတွေရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတွေကအစ အပိုအလိုမရှိ ပီပြင်အောင် သေချာကို ရေးဆွဲထား တာကိုတွေ့ရပါတယ်။ လယ်သမားတွေရဲ့ပုံစံနဲ့အာလူးတွေ၊ ခွက်တွေ၊ စားပွဲ တွေကိုလည်း သုံးဖက်မြင် ပုံစံနဲ့ဆွဲထားတာကိုလည်းတွေ့ရပါတယ်။ ဒီလိုအချက်တွေကလည်းဒီပန်းချီကားကို ပြည့်စုံအောင်ထောက်ပံ့ ပေးနေပါတယ်။အသုံးပြုထားတဲ့ အရောင်တွေကလဲ နေရာအလိုက်မှန်ကန်မှုရှိပြီး လက်တွေ့ အရမ်းဆန်ပါတယ်။ အလုပ်ကြမ်းတွေကို နေရောင်အောက်မှာလုပ်ထားရတာကိုလဲသိသာအောင် မျက်နှာနဲ့လက်တွေကိုမြေကြီး ရောင်ဆန်တဲ့အညိုရောင်ကိုသုံးထားပါတယ်။

ပန်းချီကားရဲ့တစ်ခုတည်းသောအလင်းရောင်ကိုလည်းထုတ်တန်းမှာဆွဲထားတဲ့ မီးအိမ်လေးက နေယူထား ပါတယ်။ ဒါအပြင် အလင်းအမှောင်အသုံးပြုခြင်းကလည်း အထင်ကြီးလောက်ပါတယ်။လူတွေအပေါ်မှာ ထင်ရှားအောင်ရေးဆွဲထားခြင်းက နောက်ခံအရောင်တွေနဲ့လည်းကွဲပြားနေစေပါတယ်။ပြင်ပလက်တွေ့ ဘဝမှာ လယ်သမားမိသားစု ထမင်းဝိုင်းတစ်ခုကိုသွားလည်လို့ အပြင်မှာမြင်ရတဲ့အတိုင်းဖြစ်အောင် အပြစ်ရှာမရအောင်ရေးဆွဲထားတာပါ။

အရောင်မှိန်မှိန်တွေအသုံးပြုထားခြင်းကလဲ ဆင်းရဲသားမိသားစုရဲ့ဘဝကိုပီပီပြင်ပြင်ဖော်ပြနေပါတယ်။ ပတ်ဝန်းကျင်သွင်ပြင်အခြေအနေ၊သူတို့တွေရဲ့စိတ်ခံစားမှုတွေကိုလည်းအရောင်တွေနဲ့စနစ်တကျဖော် ပြခဲ့တာပါ။ဒါကြောင့်လည်းပဲဒီပန်းချီကားကြည့်လိုက်သူတိုင်းကို တကယ့်သဘာဝဆန်တဲ့လယ်သမား တွေရဲ့ နေ့တဒူဝဘဝကို မြင်သာစေတာပါ။ ဒီပန်းချီကားကအရမ်းကိုပြည့်စုံလွန်းလို့လည်း ကမ္ဘာကျော် ခဲ့တာပါ။ [၁]

ကိုးကား[ပြင်ဆင်ရန်]