အာရီစီဘို နက္ခတာရာကြည့်မျှော်စင်

ဝီကီပီးဒီးယား မှ
Arecibo Observatory
အခြားအမည်များNational Astronomy and Ionosphere Center ဝီကီဒေတာတွင် တည်းဖြတ်ရန်
အစွဲပြု၍မှည့်ခေါ်Arecibo Edit this on Wikidata
အဖွဲ့အစည်းUniversity of Central Florida Edit this on Wikidata
မျော်စင်ကုဒ် 251 Edit this on Wikidata
တည်နေရာArecibo, ပေါ်တိုရီကိုနိုင်ငံ, ကာရစ်ဘီယံဒေသ
ကိုဩဒိနိတ်18°20′48″N 66°45′12″W / 18.3467°N 66.7533°W / 18.3467; -66.7533ကိုဩဒိနိတ်: 18°20′48″N 66°45′12″W / 18.3467°N 66.7533°W / 18.3467; -66.7533
အမြင့်၄၉၈ m (၁,၆၃၄ ft) ဝီကီဒေတာတွင် တည်းဖြတ်ရန်
ဝဘ်ဆိုဒ်naic.edu ဝီကီဒေတာတွင် တည်းဖြတ်ရန်
တယ်လီစကုပ်များArecibo 12m radio telescope
Arecibo Radio Telescope Edit this on Wikidata
  Related media on Commons
National Astronomy and Ionosphere Center
Map
အနီးဆုံးမြို့Arecibo
ဧရိယာ၁၁၈ ဧက (၄၈ ဟက်တာ)
တည်ဆောက်1963
ဗိသုကာပညာရှင်Kavanaugh, T. C.
အင်ဂျင်နီယာvon Seb, Inc., T. C. Kavanaugh of Praeger-Kavanagh, and Severud-Elstad-Krueger Associates[၁]
NRHP reference No.07000525
Added to NRHPSeptember 23, 2008[၂]

အာရီစီဘို နက္ခတာရာကြည့်မျှော်စင်[၃] (အင်္ဂလိပ်ဘာသာ - Arecibo Observatory) သည် ရေဒီယိုတယ်လီစကုတ်တစ်ခုဖြစ်ပြီး ပေါ်တာရီကိုဒေသ အာရီစီဘိုတွင် ရှိပြီး အမျိုးသား နက္ခတ္တဗေဒနှင့် အိုင်ယွန်နိုစဖီယား လေ့လာရေးဗဟိုဌာန၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ယင်းသည် သဘာဝချိုင့်ဝှမ်းကြီးတခုပေါ်တွင် လုံးဝန်း၍ အရောင်ပြန်နိုင်သော စလောင်းအစိတ်အပိုင်းများဖြင့် တည်ဆောက်ထားပြီး ၃၀၅မီတာ(ပေ၁၀၀၀) ရှိသည်။ မီတာ၅၀၀အကျယ်အဝန်းရှိ လုံးဝန်းတယ်လီစကုတ်ကြီး တရုတ်နိုင်ငံ၌ မတည်ဆောက်သေးခင် အချိန် ၂၀၁၆ ခုနှစ်အထိ နှစ်ပေါင်း ၅၀တိုင်အောင် ကမ္ဘာ့အကြီးဆုံး နက္ခတာရာကြည့်မျှော်စင်ကြီးအဖြစ် ရပ်တည်ခဲ့သည်။ အဆိုပါ မျှော်စင်ကြီးသည် ၂၀၁၇ခုနှစ်တွင် ဟာရီကိန်း မာရီရာကြောင့် အပျက်အစီးများရှိခဲ့ရပြီး ၂၀၁၉ နှင့် ၂၀၂၀ ခုနှစ် များတွင်လှုပ်ခတ်ခဲ့သော ငလျင်များကြောင့်လည်း ထိခိုက်ခဲ့ရသေးသည်။ ၂၀၂၀ ခုနှစ် ဩဂုတ်လ တွင် ကေဘယ်လ်ကြီး ၂ ခု ပျက်စီးခဲ့ရပြီး နိုဝင်ဘာလတွင် ဒုတိယအကြိမ် စလောင်းအား ထိခိုက်စေခဲ့သည်။ ထိုအထိအခိုက်များသည် ယင်းတယ်လီစကုတ်ကြီး ပြိုလဲနိုင်လောက်သည့်အတွက် စိုးရိမ်စရာများဖြစ်ခဲ့ရသည်။

2015 TB145 အမည်ရှိ ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခု ဖြတ်သန်းသွားသည်ကို လေ့လာနိုင်ခဲ့ပြီး ထိုဂြိုဟ်သိမ်သည် အချင်း ပေ ၉၅၀ နှင့် ၂၁၃၀အကြားတွင် ရှိသည်ဟူ၍ နက္ခတ္တဗေဒပညာရှင်များက ခန့်မှန်းခဲ့ကြသည်။[၄] ၂၀၁၆ခုနှစ်အတွင်းကလည်း ကမ္ဘာမြေသို့ အလင်းနှစ် သန်းပေါင်း ၃၀၀၀ အကွာအဝေးတစ်နေရာမှ ဖြတ်သန်းရောက်ရှိလာသည့် ရေဒီယိုလှိုင်းများပို့လွှတ်မှုခြောက်ခုကို ဖမ်းယူရရှိနိုင်ခဲ့သည်ဟု သိရသည်။[၅]

၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၁၉တွင် အမျိုးသားသိပ္ပံဖောင်ဒေးရှင်းက ကြေညာသည်မှာ အဆိုပါ အာရီစီဘို နက္ခတာရာကြည့်မျှော်စင်အား တစ်စစီဖြိုချဖျက်သိမ်းမည်ဟု ဆိုသည်။ [၆][၇]

ကိုးကား[ပြင်ဆင်ရန်]

  1. "Radio-Radar Telescope Will Probe Solar System" (July 1961). Electrical Engineering 80 (7): 561. doi:10.1109/EE.1961.6433355. 
  2. National Park Service (October 3, 2008)။ Weekly List Actions။ March 29, 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ February 6, 2018 တွင် ပြန်စစ်ပြီး။
  3. https://burma.irrawaddy.com/news/2015/10/31/98369.html
  4. https://burma.irrawaddy.com/news/2015/10/31/98369.html
  5. မော်ကွန်းတင်ပြီးမိတ္တူ။ 29 November 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 November 2020 တွင် ပြန်စစ်ပြီး။
  6. Clery၊ Daniel (November 19, 2020)။ Famed Arecibo telescope, on the brink of collapse, will be dismantled (in en)။ November 19, 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ November 19, 2020 တွင် ပြန်စစ်ပြီး။
  7. Witze, Alexandra (November 19, 2020). "Legendary Arecibo telescope will close forever — scientists are reeling" (in en). Nature. doi:10.1038/d41586-020-03270-9.