အာယတိုလာ ခိုမေနီ
အာယတိုလာ ခိုမေနီ Ruhollah Khomeini روح الله خمینی | |
|---|---|
| ပထမမြောက် အီရန်နိုင်ငံ၏ အမြင့်ဆုံးခေါင်းဆောင် | |
| တာဝန်သက်တမ်း ၃ ဒီဇင်ဘာ ၁၉၇၉ – ၃ ဇွန် ၁၉၈၉ | |
| သမ္မတ | Abolhassan Banisadr Mohammad-Ali Rajai Ali Khamenei |
| ဝန်ကြီးချုပ် | Mehdi Bazargan Mohammad-Ali Rajai Mohammad-Javad Bahonar Mahdavi Kani Mir-Hossein Mousavi |
| ယခင်လူ | Mohammed Reza Pahlavi As Shah of Iran |
| ဆက်ခံသူ | အယာတိုလာ အလီ ခါမေနီ |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | ၂၄ စက်တင်ဘာ၊ ၁၉၀၂[၁][၂][၃][၄][၅] Khomeyn, Iran |
| ကွယ်လွန် | ၃ ဇွန်၊ ၁၉၈၉ (အသက် ၈၆) Tehran, Iran |
| လူမျိုး | အီရန်လူမျိုး |
| နိုင်ငံရေးပါတီ | Islamic Republican Party |
| ကြင်ဖော် | Khadijeh Saqafi (လက်ထပ် 1929–89) |
| သားသမီး | Mostafa Zahra Sadiqeh Farideh Ahmad |
| ကိုးကွယ်သည့်ဘာသာ | Usuli Twelver Shia Islam[၆][၇][၈] |
| လက်မှတ် | |
အယတိုလာ ခိုမေနီ ( ၂၄ စက်တင်ဘာ ၁၉၀၂ - ၃ ဇွန် ၁၉၈၉ ) သည် အီရန်နိုင်ငံ၏ ပထမမြောက် အမြင့်ဆုံးခေါင်းဆောင် ဖြစ်သည်။၁၉၇၉ ခုနှစ် အီရန်တော်လှန်ရေးအောင်မြင်သည့်အချိန်မှ အသက်သေဆုံးသည့် ၁၉၈၉ ခုနှစ်ထိ ထိုတာဝန်ကို တာဝန်ထမ်းဆောင်ခဲ့သည်။ သူသည် အီရန်တော်လှန်ရေး ၏ ဦးဆောင်သူဖြစ်ပြီး၊ ၁၉၇၉ ခုနှစ်တွင် အီရန်ဘုရင်စနစ်ကိုဖြုတ်ချပြီး အစ္စလာမ်သမ္မတနိုင်ငံအဖြစ် ပြောင်းလဲခဲ့သည်။[၉]
ခိုမေနီသည် ရှီအာမွတ်စလင်(မ်) သူရဲကောင်းဘာသာရေးဆရာတစ်ဦးအဖြစ် အမြင့်ဆုံးအဆင့် အယတိုလာ စံအမည်ကိုရရှိခဲ့ပြီး၊ နိုင်ငံ၏ အစိုးရနှင့် ဥပဒေစနစ်ကို ဘာသာရေးဖြင့် လမ်းညွှန်ထိန်းသိမ်းခြင်း ဆိုသည့် ဥပဒေ‑ဘာသာရေး အယူအဆကို တည်ဆောက်သူအဖြစ်လည်း နာမည်ကြီးသည်။
ဤအယူအဆဖြင့် သည် ခိုမေနီသည် အီရန်၏ နိုင်ငံရေးနှင့် ဘာသာရေး အာဏာအမြင့်ဆုံး ခေါင်းဆောင်အဖြစ် တည်ရှိခဲ့သည်။[၁၀]
ငယ်ဘဝနှင့်ပညာရေး
[ပြင်ဆင်ရန်]အီရန်အလယ်ပိုင်းဒေသ၌ ၁၉ဝ၂ ခုနှစ် တွင် မွေးဖွားခဲ့သည်။ သူ၏ဖခင်မှာ မွလ္လာခေါ်မွတ်စလင်ဘာသာရေးဆရာ ဖြစ်သည်။ ဘုရင့်အုပ်ချုပ်ရေးစနစ်ကို မနှစ်သက်သော ဖခင်ဖြစ်သူသည် ဘုရင့်လက်ပါးစေတို့၏သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ အီရတ်သို့ ဘုရားဖူးသွားစဉ် အသတ်ခံရခြင်းဖြစ်သည်။
အယတိုလာခိုမေနီသည် အီရန်အလယ်ပိုင်းရှိ သာသနာရေးမြို့တော်ကွမ်၌ စာပေသင်ကြားတတ်မြောက်ခဲ့သည်။မွလ္လာဘာသာရေးဆရာ ဘဝမှ မူဂျာဟစ်စသည်ဖြင့် ဂိုဏ်းချုပ်သဖွယ် မြင့်မြတ်သည့် အယတိုလာဘွဲ့ကို ရရှိသည်။
နိုင်ငံရေးဖြတ်သန်းမှု
[ပြင်ဆင်ရန်]အီရန်တွင် ဘုရင်စနစ်ကျင့်သုံးနေချိန် ရီဇာရှား၏ သားဖြစ်သူ ပါးလာဗီးရှားသည် အယတိုလခိုမေနီကို ပြည်နှင်ဒဏ်ပေးလိုက်ရာ အိမ်နီးချင်းနိုင်ငံဖြစ်သော အီရတ်တွင် သွားရောက်ခိုလှုံခဲ့ရသည်။
တမာန်တော်မိုဟာမက်၏ သားမက်ဖြစ်သူ အလီ၏သင်္ချိုင်းတော်ရှိရာ နာဂျတ်ဖ်မြို့၌ တိမ်းရှောင်နေထိုင်ကာ အီရန်ပြည်အတွင်းရှိ တော်လှန်ရေးအပေါင်းအသင်းတို့နှင့် အဆက်မပြတ် ဆက်သွယ်ခဲ့သည်။
အယတိုလာခိုမေနီ၏ ဆန္ဒမှာ အီရန်နိုင်ငံကို အစ္စလာမ်သမ္မတနိုင်ငံ ထူထောင်ရန်ဖြစ်သည်။ အာဏာရှင်သဖွယ်အုပ်ချုပ် စိုးစံသော ဘုရင်စနစ်ကို ဖျက်သိမ်းရမည်ဟု သူက အခိုင်အမာယုံကြည် ရပ်တည်သည်။
ပါးလားဗီရှား၏ အခြေအနေသည် ပို၍ဆိုးရွားလာသောအခါ ရှားသည် ရင်ခွင်ပိုက် အစိုးရဖွဲ့ရန်စီစဉ်ခဲ့သည်။
အမေရိကန်ပြည်ထောင်စု၌ ပညာသင်ကြားနေသော သားတော်အိမ်ရှေ့ မင်းသားမှာ အသက် ၂၁ နှစ် မပြည့်သေးသဖြင့် ရင်ခွင်ပိုက် အစိုးရဖွဲ့ခြင်းဖြစ်သည်။ ထိုရင်ခွင်ပိုက် အစိုးရကို ခိုမေနီက အသိအမှတ်မပြုခဲ့ပေ။
ထို့နောက် ရှားဘုရင်သည် ဘက်ခ်တီးယား ရုပ်သေးအစိုးရကို ဖွဲ့ပြန်သည်။ ဘက်ခ်တီးယား အစိုးရသည်တိုင်းပြည်မှထွက်ရမည့် ဘုရင်ကခန့်သူများ ဖြစ်သောကြောင့် တရားမဝင်ဟုဆိုကာ ခိုမေနီက လက်မခံချေ။
တိုင်းပြည်သို့ ပြန်လာရန် ဘုရင့်သားမက်တော်က သွေးဆောင်သော်လည်း ရှားဘုရင် ရှိနေသမျှ အီရန်ကို ငါမပြန် ဟုခေါင်းခါ ငြင်းပယ်ခဲ့လေသည်။
သူ့ထံလာရောက်သူ လူငယ်လူရွယ်များကို ဆီးရီးယားသို့ပို့ကာ ဒမတ်စကတ်မြို့အနီးရှိ ပါလက်စတိုင်းစခန်း၌နေစေသည်။ ထိုစခန်း၌ ပြည်သူ့လွတ်မြောက်ရေး အဖွဲ့ (ပီအယ်အို) ဝင်တို့က ထိုလူငယ်လူရွယ်တို့ကို စစ်သင်တန်း၊ နိုင်ငံရေးသင်တန်းများပို့ချသင်ပြသည်။ နာဂျတ်ဖ်၌ နေစဉ်သူ၏သား ဆာယိမူစတာဖာမှာ ဘုရင့်သူလျှိုများ၏ အသတ်ခံရပြန်သည်။
ခိုမေနီ၏သတင်းသည် ထင်ရှားကျော်ကြားလာသောအခါ အီရတ်တွင် မနေတော့ဘဲ ကာတာနိုင်ငံ ဘက်သို့ ထွက်ခွာလာခဲ့သည်။ကာတာနိုင်ငံအစိုးရလည်း လက်မခံသောကြောင့် ပြင်သစ်ပြည်သို့ သွားရောက်ကာ ပဲရစ်မြို့၌ ခိုလှုံနေထိုင်ခဲ့လေသည်။
ရှားဘုရင်သည် အီရန်တော်လှန်ရေးကြောင့် ၁၉၇၉ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် တီဟီရန်မှထွက်ခွာသွားခဲ့ရာ သူသည်အီရန်နိုင်ငံသို့ ပြန်ချိန်သင့်ပြီဟု ဆုံးဖြတ်သည်။
ပြင်သစ် ဂျမ်ဘိုဂျက်လေယာဉ်ကို စင်းလုံးငှားသည်။ သား၊ သားမက်များ၊ ကျန်းမာရေး ဆရာဝန်၊ နိုင်ငံရေးလက်ထောက်များခြံရံကာ သတင်းစာဆရာ ၁၅ဝ နှင့်အတူ အီရန်နိုင်ငံ တီဟီရန်မြို့သို့ ပြန်လာခဲ့သည်။
တီဟီရန်သို့ ၁၉၇၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၉ နာရီ ၄ဝ မိနစ်တွင် ရောက်ရှိသောအခါ အီရန် ပြည်သူတို့ကကြိတ်ကြိတ်တိုး ကြိုဆိုခဲ့ကြသည်။
ကြိုဆိုသူ လူလှိုင်းလုံးများ ကြားမှ ရှေ့မတိုးနိုင်၊နောက်မဆုတ်နိုင်သည့်အတွက် ထိုစဉ်တွင် အာယတိုလာခိုမေနီကို ရဟတ်ယာဉ်သို့ ပြောင်းရွှေ့ခေါ်ယူပြီးမှ တည်းခိုရာ ဗိမာန်သို့ ယူဆောင်ယူခဲ့ရသည်။[၁၁]
ဤသို့ဖြင့် အီရန်တော်လှန်ရေးခေါင်းဆောင်သည် အီရန်နိုင်ငံကို စတင်အုပ်ချုပ်ခဲ့သည်။
ဘဝနိဂုံး
[ပြင်ဆင်ရန်]ခိုမေနီ၏ ကျန်းမာရေးသည် သေဆုံးချိန်မတိုင်မီနှစ်အနည်းငယ်ကပင် စတင်ကျဆင်းလာခဲ့သည်။ သူသည် နှလုံးရောဂါဖြင့် ၁၉၈၉ ခုနှစ် ဇွန်လ ၃ ရက်တွင် ကွဘ်လွန်ခဲ့သည်။
စာပေရေးသားခြင်း
[ပြင်ဆင်ရန်]အယတိုလာခိုမေနီသည် 'လျှို့ဝှက်ချက်များကို တွေ့ရှိခြင်း' အမည်ပေးထားသည့် စာအုပ်ကို ရေးသားထုတ်ဝေခဲ့သည်။ ထိုစာအုပ်တွင် ပါးလာဗီရှား၏ဖခင် ရီဇာရှား၏လုပ်ရပ်မှားများကို ထုတ်ဖော်ရေးသားခဲ့သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ DeFronzo 2007, p. 286. "born 22 September 1902..."
- ↑ History Of Iran Ayatollah Khomeini - Iran Chamber Society။ Iranchamber.com။ 5 January 2013 တွင် ပြန်စစ်ပြီး။
- ↑ "Khomeini Life of the Ayatollah By BAQER MOIN"၊ The New York Times။ 19 January 2012 တွင် ပြန်စစ်ပြီး။
- ↑ Imam Khomeini Official Website | پرتال امام خمینی။ harammotahar.ir။ 3 May 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 March 2012 တွင် ပြန်စစ်ပြီး။
- ↑ Karsh 2007, p. 220. "Born on 22 September 1902
- ↑ Bowering၊ Gerhard; Crone၊ Patricia; Kadi၊ Wadad; Stewart၊ Devin J.; Zaman၊ Muhammad Qasim; Mirza၊ Mahan, eds. (28 November 2012)။ The Princeton Encyclopedia of Islamic Political Thought။ Princeton University Press။ p. 518။ ISBN 9781400838554။
- ↑ Malise Ruthven (8 April 2004)။ Fundamentalism: The Search For Meaning: The Search For Meaning (reprint ed.)။ Oxford University Press။ p. 29။ ISBN 9780191517389။
- ↑ Jebnoun၊ Noureddine; Kia၊ Mehrdad; Kirk၊ Mimi, eds. (31 July 2013)။ Modern Middle East Authoritarianism: Roots, Ramifications, and Crisis။ Routledge။ p. 168။ ISBN 9781135007317။
- ↑ Overton၊ Iain (13 April 2019)။ How a 13-year-old boy became the first modern suicide bomber (in en)။ 10 December 2024 တွင် ပြန်စစ်ပြီး။
- ↑ Iranian Revolution | Summary, Causes, Effects, & Facts (in en) (26 October 2024)။ 10 December 2024 တွင် ပြန်စစ်ပြီး။
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)