အာမန်စီရို အော်တီဂါ ဂျော်နာ

ဝီကီပီးဒီးယား မှ
အာမန်စီရို အော်တီဂါ ဂျော်နာ
မွေးသက္ကရာဇ် ၂၈၊ ၃၊ ၁၉၃၆

လူမျိုး စပိန်
ကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၂၅.၀ ဘီလျံ
ကြင်ဖော် Rosalía Mera (ကွာရှင်းခဲ့), Flora Pérez Marcote (၂၀၀၁-)
သားသမီး Sandra Ortega Mera, Marcos Ortega Mera, Marta Ortega Pérez

အာမန်စီရို အော်တီဂါ ဂျော်နာ ၏ နာမည်တွင် စပိန် နာမည်ပေး ဓလေ့ထုံးစံကို အသုံးပြုထားပြီး၊ Ortega မှာ ပထမ (သို့) ဖခင်ဘက်က မိသားစုနာမည်ဖြစ်ပြီး Gaona မှာ ဒုတိယ (သို့) မိခင်ဘက်က မိသားစုနာမည် ဖြစ်သည်။ အာမန်စီရို အော်တီဂါ ဂျော်နာ အား ၁၉၃၆ခု မတ် လ ၂၈ တွင် စပိန်နိုင်ငံ လီယွန်၊ ဘက်စ်ဒွန်ဂို ဒီ အာဘက်စ် (Busdongo de Arbas, León) မြို့၌ မွေးဖွားခဲ့ပြီး၊၎င်းသည် စပိန် ဖက်ရှင်လောက၏ စွန့်ဦးတီထွင်သူ တစ်ဦးဖြစ်သည်။ ဖေး (Forbes) မဂ္ဂဇင်း၏ အဆင့်သတ်မှတ်ချက်အရ ၂၀၁၀ ခုနှစ်တွင် စပိန်နိုင်ငံ၏ အချမ်းသာဆုံး၊ ဥရောပတိုက်တွင် ဒုတိယ အချမ်းသာဆုံး နှင့် ကမ္ဘာ့တွင် ၉ ယောက်မြောက် အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်သည်။

သူသည် အင်ဒီတက်စ် အုပ်စု (Inditex Group) ကို ဇနီးဟောင်းဖြစ်သူ Rosalía Mera နှင့် အတူတွဲ၍ ထူထောင်ခဲ့ပြီး ၎င်းအုပ်စု၏ ဥက္ကဋ္ဌ လည်း ဖြစ်သည်။ ယခုလက်ရှိတွင် ဒုတိယဇနီးနှင့် အတူ A Coruña (Corunna) မြို့လယ်ရှိ မထင်မရှား တိုက်ခန်းတစ်ခုတွင် သိုသို သိပ်သိပ် နေထိုင်လျက်ရှိသည်။

အော်တီကာ Ortega သည် အသက် ၁၄ နှစ်အရွယ်တွင် A Coruña မြို့သို့ ဖခင်ဖြစ်သူ မီးရထားဝန်ထမ်း၏ အလုပ်ကြောင့် ရောက်ရှိခဲ့သည်။ Galicia ဒေသရှိ A Coruña မြို့ပေါ်မှ အမျိုးမျိုးသော ရှပ်အင်္ကျီအရောင်းဆိုင်များတွင် တောက်တိုမယ်ရ အလုပ်များဖြင့် စတင်လုပ်ကိုင်နေရင်း မှ သူ၏အစွမ်းအစများကို ၁၉၇၂ တွင် Confecciones Goa တံဆိပ်ဖြင့် ရေချိုးခန်းသုံးဝတ်ရုံများထုတ်လုပ်သည့် လုပ်ငန်း ကို စတင်ခဲ့သည်။ ၁၉၇၅ တွင် Zara အမည်ရှိ အလွန်တရာ ရေပန်းစားသော ဖက်ရှင်ဆိုင်ခွဲများ ဖြစ်လာမည့် ပထမဆုံး ဖက်ရှင်စတိုးကို ဖွင့် လှစ်ခဲ့သည်။ ဝန်ထမ်းပေါင်း တစ်သောင်းလေးထောင်ကျော် ရှိပြီး၊ Zara, Massimo Dutti, Oysho, Zara Home, Kiddy's Class, Tempe, Stradivarius, Pull and Bear/Often and Bershka စသည့် အမှတ်တံဆိပ်များ ပါဝင်သော Inditex group (Industrias de Diseño Textil Sociedad Anónima) ၏ ရှယ်ယာ ၅၉.၂၉ % ကို ပိုင်ဆိုင်နေပြီ ဖြစ်သည်။

Ortega သည် အလွန်လျှို့ဝှက်စွာ နေလေ့ရှိပြီး Inditex ၏ Website တွင် တင်ထားသော ဓာတ်ပုံတစ်ပုံ မှ လွဲ၍ ထင်ရှားသော သူ၏ ဓာတ်ပုံများ မရှိပေ။ သူသည် လည်စည်း ဝတ်ဆင်ရန် ငြင်းပယ်လေ့ရှိပြီး၊ ဂျင်းအပြာနှင့် တီရှပ်များကိုသာ ကြိုက်နှစ်သက်လေ့ရှိသည်။ Company ၏ ထုတ်လုပ်မှု ၏ အပိုင်း နှင့် ဒီဇိုင်း နည်းစနစ်ပိုင်း တို့တွင် တက်ကြွစွာ ပါဝင်ကွပ်ကဲလေ့ရှိသည်။

၂၀၀၁ ခုနှစ် အစုရှယ်ယာဈေးကွက်အတွက် သူ၏ Company ကို သက်ဝင်လှုပ်ရှားနေစေရန် လှုံ့ဆော်သည့် အနေဖြင့် ၂၀၀၀ ခုနှစ်တွင် အများပြည်သူ ရှေ့သို့ ထွက်လာခဲ့ရာ စပိန်နိုင်ငံ၏ ဘဏ္ဍာရေးဆိုင်ရာ သတင်းများတွင် ခေါင်းစီးသတင်းအဖြစ် ဖော်ပြခံခဲ့ရသည်။ သို့သော်လည်း Interview တစ်ခုကိုပင် လက်မခံခဲ့ဘဲ Amancio Ortega; DE CERO A ZARA (From Zero to Zara) ကဲ့သို့သော စာအုပ်များ ထုတ်ဝေခြင်းတို့ကို သူ၏ အတွင်းရေးမှူးကသာ ဦးစီးဆောင်ရွက်ခဲ့သည်။