အာဖရိက အမေရိကန် လူမျိုးများ

ဝီကီပီးဒီးယား မှ
အာဖရိက အမေရိကန်
လူဦးရေ စုစုပေါင်း
၄၀,၆၁၀,၈၁၅[၁]
အမေရိကန် လူဦးရေ၏ ၁၂.၇% (၂၀၁၇)
39,445,495 non-Hispanic[၂]
12.3% of the total U.S. population (2017)[၂]
အများစု နေထိုင်သည့် နေရာ
အမေရိကန်ပြည်ထောင်စု တဝှမ်းလုံး အထူးသဖြင့် တောင်ဘက်ပိုင်း နှင့် မြို့ပြဒေသများ
ဘာသာစကား
အင်္ဂလိပ် (အမေရိကန် အင်္ဂလိပ်၊ အာဖရိကန်-အမေရိကန် အင်္ဂလိပ်)
လူဝီစီးယားနား ခရီရိုး ပြင်သစ်
ဂူးလာ ခရီရိုး အင်္ဂလိပ်
အာဖရိက ဘာသာစကားများ
ကိုးကွယ်မှု
များသောအားဖြင့် ပရိုတက်စတင့် ခရစ်ယာန်ဘာသာ (၇၁%)
လူနည်းစု။ ကက်သလစ် (၅%)၊ ယေဟိုးဝါး သက်သေ (၂%)၊ မွတ်စလင် (၂%); ဘာသာမဲ့ သို့မဟုတ် ကိုးကွယ်မှုမရှိ (၁၈%)
[၃]
ဆက်စပ် တိုင်းရင်းသား အုပ်စုများ
လူမည်း စပိန်နှင့် လက်တင် အမေရိကန်များ
Other အမေရိကားသို့ လွင့်စဉ်လာသော အာဖရိကများ
  • အာဖရို-ကာရစ်ဘီယံ
  • ကနေဒါ လူမည်းများ
  • ဆီယာလီယွန် ခရီရိုး လူမျိုးများ
  • အမေရိကို-လိုင်ဘေးရီးယန်း
  • အာဖရို-လက်တင်အမေရိကန်


အာဖရိက အမေရိကန်များ ('အမေရိကန် လူမည်းများ 'သို့မဟုတ် အာဖရို-အမေရိကန်များ ဟုလည်း ခေါ်ကြသည်။) [၄] သည် အမေရိကန် လူမျိုးစုအုပ်စု တစ်စု ဖြစ်ပြီး အာဖရိကရှိ လူမည်းတိုင်းရင်းသားအုပ်စုများမှ ဆင့်သက်လာကြသူများ ဖြစ်သည်။[၅] [၆] ယေဘုယျအားဖြင့် ဤစကားစုသည် အမေရိကန်ပြည်ထောင်စုမှ လူမည်းကျွန် မျိုးဆက်မှ ဆင်းသက်လာသူများ ကိုရည်ညွှန်းသည်။ [၇] [၈] [၉]

အာဖရိကန်အမေရိကန်များသည် လူဖြူ များ၊ ဟစ်စပန်းနစ်နှင့်လက်တင်အမေရိကန်များ ပြီးလျှင် တတိယအကြီးဆုံးလူမျိုးစုဖြစ်ပြီး အမေရိကန်တွင် ဒုတိယအကြီးဆုံး လူမျိုးအုပ်စု ဖြစ်သည်။ [၁၀] အများစုသော အာဖရိကန်အမေရိကန်များသည် လက်ရှိအမေရိကန်၏ နယ်နိမိတ်အတွင်းတွင် ကျွန်ဖြစ်ခဲ့သော လူမျိုးများ၏ မျိုးဆက်များဖြစ်သည်။ [၁၁] [၁၂] ပျမ်းမျှအားဖြင့် အာဖရိကန်အမေရိကန်များသည် အနောက်/အလယ်ပိုင်းအာဖရိက နှင့် ဥရောပ နွယ်ဖွားများ ဖြစ်ပြီး အချို့မှာမူ အမေရိကန် ဘိုးဘွားများမှ ဆင်းသက်လာခြင်း ဖြစ်သည်။ [၁၃] ယူအက်စ် သန်းခေါင်စာရင်းဗျူရို၏ အချက်အလက်များအရ အာဖရိကမှ ရွှေ့ပြောင်းနေထိုင်သူများသည် ယေဘုယျအားဖြင့် ၎င်းတို့ဘာသာ အာဖရိကန်အမေရိကန်ဟု မဖော်ပြကြပါ။ အာဖရိကမှ ပြောင်းရွှေ့လာသူ အများစု(≈95%)သည် ၎င်းတို့၏ သက်ဆိုင်သော လူမျိုးစုများအနေနှင့် သတ်မှတ်ဖော်ပြလေ့ ရှိကြသည်။ [၁၄] အချို့သော ကာရစ်ဘီယံ၊ အမေရိကအလယ်ပိုင်း နှင့် တောင်အမေရိက နိုင်ငံများမှ ပြောင်းရွှေ့လာသူများနှင့် ၎င်းတို့၏ သားစဉ်မြေးဆက်များသည် ထိုအသုံးအနှုန်းနှင့် မိမိကိုယ်ကို ဖော်ပြလေ့ မရှိပေ။ [၉]

အာဖရိကန် အမေရိကန်သမိုင်း သည် ၁၆ ရာစုတွင် စတင်ခဲ့သည်။ အနောက်အာဖရိကမှ လူများအား လက်တင် အမေရိကားသို့ ကျေးကျွန်အဖြစ် အတင်းအကြပ် ခေါ်ဆောင်သွားခဲ့ကြပြီး ၁၇ရာစုတွင် အနောက် အာဖရိကမှ ကျွန်များကို မြောက်အမေရိကရှိ အင်္ဂလိပ်တို့၏ ကိုလိုနီများသို့ ခေါ်ဆောင်သွားခဲ့ကြသည်။ အမေရိကန်ပြည်ထောင်စု တည်ထောင်ပြီးနောက် လူမည်းများအား ကျွန်အဖြစ် ဆက်လက်ထားရှိခဲ့ကြပြီး နောက်ဆုံးကျန်ရစ်သော ကျွန် ၄သန်းသည် ၁၈၆၅ ခုနှစ် ပြည်တွင်းစစ် အပြီးမှသာ ကျွန်အဖြစ်မှ လွတ်မြောက်ခဲ့သည်။ [၁၅] လူဖြူများသာလျှင် မြင့်မြင်သည် ဆိုသော အယူအဆများကြောင့် သူတို့ကို ဒုတိယတန်းစား နိုင်ငံသားများ အဖြစ် ဆက်ဆံခဲ့ကြသည်။ ၁၇၉၀ ခုနှစ် နိုင်ငံသားခံယူရေး အက်ဥပဒေသည် အမေရိကန်နိုင်ငံသား ခံယူရန် လူဖြူများကိုသာ ကန့်သတ်ထားပြီး အိမ်မြေ ပိုင်ဆိုင်သော လူဖြူအမျိုးသားများသာ မဲပေးနိုင်သည်။ [၁၆] [၁၇] ဤအခြေအနေများကို ပြန်လည်တည်ဆောက်ရေး၊ လူမည်းအသိုင်းအဝိုင်း ဖွံ့ဖြိုးလာခြင်း၊ အမေရိကန်၏ ကြီးမားသော စစ်ရေး ပဋိပက္ခ များတွင် ပါဝင်ခြင်း၊ လူမျိုးရေးခွဲခြားမှုကို ဖယ်ရှားခြင်းနှင့် နိုင်ငံရေးနှင့် လူမှုရေးလွတ်လပ်ခွင့်ကို ရှာဖွေသော လူထုအခွင့်အရေး လှုပ်ရှားမှုတို့ဖြင့် ပြောင်းလဲခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် ဘားရက်အိုဘားမား သည် အမေရိကန်ပြည်ထောင်စု၏ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရသည့် ပထမဆုံး အာဖရိကန်အမေရိကန် ဖြစ်သည် ။ [၁၈]

ကိုးကား[ပြင်ဆင်ရန်]

  1. ACS DEMOGRAPHIC AND HOUSING ESTIMATES: 2017 American Community Survey 1-Year Estimates။ United States Census Bureau။ 24 October 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ April 5, 2018 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ Bureau၊ U. S. Census။ American FactFinder - Results။ 14 July 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 March 2020 တွင် ပြန်စစ်ပြီး။
  3. Religious tradition by race/ethnicity (2014)။ The Pew Forum on Religion & Public Life။ April 5, 2019 တွင် ပြန်စစ်ပြီး။
  4. West၊ Cornel (1985)။ "The Paradox of Afro-American Rebellion"။ The 60s Without Apology။ University of Minnesota Press။ pp. 44–58ISBN 978-0-8166-1337-3
  5. "The Black Population: 2010" (PDF), Census.gov, September 2011. "Black or African Americans" refers to a person having origins in any of the Black racial groups of Africa. The Black racial category includes people who marked the "Black, African Am., or Negro" checkbox. It also includes respondents who reported entries such as African American; Sub-Saharan African entries, such as Kenyan and Nigerian; and Afro-Caribbean entries, such as Haitian and Jamaican."
  6. African Americans Law & Legal Definition: "African Americans are citizens or residents of the United States who have origins in any of the black populations of Africa. In the United States, the terms are generally used for Americans with at least partial Sub-Saharan African ancestry."
  7. Carol Lynn Martin၊ Richard Fabes။ Discovering Child Development။ Cengage Learning။ ISBN 978-1111808112
  8. Don C. Locke၊ Deryl F. Bailey (2013)။ Increasing Multicultural Understanding။ SAGE Publications။ ISBN 978-1483314211
  9. ၉.၀ ၉.၁ The size and regional distribution of the black population။ Lewis Mumford Center။
  10. American FactFinder, United States Census Bureau။ United States – QT-P4. Race, Combinations of Two Races, and Not Hispanic or Latino: 2000။ Factfinder.census.gov။
  11. Gomez, Michael A: Exchanging Our Country Marks: The Transformation of African Identities in the Colonial and Antebellum South, p. 29. Chapel Hill, NC: University of North Carolina, 1998.
  12. Rucker၊ Walter C. (2006)။ The River Flows On: Black resistance, culture, and identity formation in early America။ LSU Press။ ISBN 978-0-8071-3109-1
  13. Gates, Henry Louis Jr။ In Search of Our Roots: How 19 Extraordinary African Americans Reclaimed Their Past။ New York: Crown Publishing။ pp. 20–21။
  14. Kusow၊ AM။ African Immigrants in the United States: Implications for Affirmative Action။ Iowa State University။
  15. "How the end of slavery led to starvation and death for millions of black Americans"။ 
  16. Schultz၊ Jeffrey D. (2002)။ Encyclopedia of Minorities in American Politics: African Americans and Asian Americans။ p. 284။ ISBN 9781573561488October 8, 2015 တွင် ပြန်စစ်ပြီး
  17. Leland T. Saito (1998). "Race and Politics: Asian Americans, Latinos, and Whites in a Los Angeles Suburb". p. 154. University of Illinois Press
  18. MacAskill၊ Ewen။ "Barack Obama to be America's first black president"။ February 19, 2016 တွင် ပြန်စစ်ပြီး