အာပေါဓာတ် ၁၂-ပါး
ပုံပန်းသွင်ပြင်
အာပေါဓာတ် ၁၂-ပါး။ စိမ့်ဝင် စေးကပ် အဝိနိဗေ္ဘာဂရုပ် တို့ကို ဖွဲ့စပ်ပေါင်းစည်းတတ်ခြင်း သဘောရှိသော (သတ္တဝါတို့သန္တန်၌ ငါ့ဟာငါ့ဥစ္စာဟု စွဲလမ်းတတ်သော) ဝတ္ထုအရည်ဓာတ် ၁၂-ပါး ဟူလို။
- (၁) ပိတ္တံ - သည်းခြေ၊
- (၂)သေမှံ - သလိပ်၊
- (၃) ပုဗ္ဗော - ပြည်၊
- (၄) လောဟိတံ - သွေး၊
- (၅) သေဒေါ - ချွေး၊
- (၆) မေဒေါ - အဆီခဲ၊
- (၇) အသု - မျက်ရည်၊
- (၈) ဝသာ - ဆီကြည်၊
- (၉) ခေဠော - တံတွေး၊
- (၁၀)သိင်္ဃာဏိကာ - နှပ်၊
- (၁၁) လသိကာ - အစေး၊
- (၁၂) မုတ္တံ - ကျင်ငယ်။ [၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ဖျာပုံတိုက်သစ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အရှင်ဩဘာသာဘိဝံသ ရေးသားသော သုတေသန သရုပ်ပြအဘိဓာန်ကျမ်း