အာနာ ဖရန့်

ဝီကီပီးဒီးယား မှ
(အာနယ်ဖရန့်ခ် မှ ပြန်ညွှန်းထားသည်)
အာနာ ဖရန့်
၁၉၄၁ တွင် ကျောင်းဓာတ်ပုံအတွက် ပြုံးနေသော အာနာ
မွေးဖွားAnnelies[၁] သို့ Anneliese[၂] Marie Frank
(1929-06-12)၁၂ ဇွန်၊ ၁၉၂၉
Frankfurt, Free State of Prussia, Weimar Republic
ကွယ်လွန်၁၉၄၅ ဖေဖော်ဝါရီ (အသက် ၁၅)
နာဇီဂျာမနီ၊ အရှေ့ဟန်နိုဗာ၊ ဘဲရာဂန် ဘဲလ်ဆန်
ထာဝရ အိပ်စက်ရာဂျာမနီ၊ ဘဲရာဂန် ဘဲလ်ဆန်
အလုပ်အကိုင်နေ့စဉ်မှတ်တမ်းရေးသူ
ဘာသာစကားဒတ်ချ်ဘာသာစကား
နိုင်ငံသား
  • ၁၉၄၁ အထိ ဂျာမန်
  • ၁၉၄၁ မှစ၍ နိုင်ငံမဲ့
ဆွေမျိုးသားချင်း
  • Otto Frank (ဖခင်)
  • Edith Frank (မိခင်)
  • Margot Frank (အမ)
  • Buddy Elias (ဝမ်းကွဲ)

လက်မှတ်

အာနာလိစ် မာရီး "အာနာ" ဖရန့်[မှတ်စု ၁] (အင်္ဂလိပ်: Annelies Marie "Anne" Frank) သည် ဂျူးသွေးပါသော ဂျာမန်-ဒတ်ချ် နေ့စဉ်မှတ်တမ်းရေးသူတစ်ဦးဖြစ်သည်။ ဂျူးလူမျိုးများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရခြင်းတွင် ပါဝင်ခဲ့ရသောသူတစ်ဦးဖြစ်သော အာနာသည် အမျိုးသမီးငယ်တစ်ဦး၏ နေ့စဉ်မှတ်တမ်း (သို့) အာနာဖရန့်၏ နေ့စဉ်မှတ်တမ်း (The Diary of a Young Girl) ကို သူမသေဆုံးပြီးမောက် ထုတ်ဝေခဲ့ရာမှ ကျော်ကြားထင်ရှားလာသူတစ်ဦးဖြစ်သည်။ မူရင်းစာအုပ်သည် ဒတ်ချ်ဘာသာဖြင့် Het Achterhuis ဖြစ်၍ အင်္ဂလိပ်ဘာသာဖြင့် Secret Annex (လျှို့ဝှက် ဖြည့်စွက်ပေါင်းစပ်ချက်) ဟူ၍ အနက်ရရှိသည်။ ယင်းစာအုပ်၌ သူမက ဒုတိယကမ္ဘာစစ်ကာလ ၁၉၄၂ မှ ၁၉၄၄ အတွင်း ဂျာမန်တို့ နယ်သာလန်ကို ကျူးကျော်သိမ်းပိုက်စဉ် သူမပုန်းအောင်းခဲ့ရသော နေစဉ်ဘဝအကြောင်းအရာများကို မှတ်တမ်းပြု ရေးသားထားသည်။ ကမ္ဘာ့လူသိအများဆုံးစာအုပ်များအနက် တစ်အုပ်ဖြစ်ကာ ပြဇာတ်၊ ရုပ်ရှင်အချို့တို့အတွက် အခြေပြုပုံဖော်တင်ဆက်ရာလည်း ဖြစ်ပေသည်။

ဂျာမနီနိုင်ငံ၊ ဖရန့်ဖာ့တ်မြို့တွင် ၁၉၂၉ ဇွန်လ၌ မွေးဖွားခဲ့၍ ဘဝသက်တမ်းတစ်လျှောက် အမ်စတာဒမ်မြို့ (သို့) ထိုမြို့အနီးတွင် နေထိုင်ခဲ့ကာ နာဇီများ ဂျာမနီတွင် အာဏာရရှိသည့်အချိန် အာနာ အသက်လေးနှစ်ခွဲအရွယ်၌ အမ်စတာဒမ်သို့ မိသားစုနှင့်အတူ ပြောင်းရွှေ့ခဲ့ကြသည်။ ဂျာမန်နိုင်ငံသားဖြစ်ခဲ့သော်လည်း ၁၉၄၁ တွင် နိုင်ငံသားအခွင့်အရေးဆုံးရှုံးခဲ့ရသောကြောင့် နိုင်ငံမဲ့အနေအထားသို့ ရောက်ရှိခဲ့ရသည်။ ၁၉၄၀ မေလ၌ ဖရန့်မိသားစုသည် ဂျာမန်တို့ နယ်သာလန်ကို သိမ်းပိုက်လိုက်သောအခါ အမ်စတာဒမ်တွင် ပိတ်မိနေခဲ့ကြသည်။ ၁၉၄၂ ဇူလိုင်၌ ဂျူးတို့အား နှိပ်စက်ညှင်းပမ်းမှုများ ပိုမိုများပြားလာသောကြောင့် ဖရန့်မိသားစုသည် အိမ်၌ အလုံပိတ်ထားသော အခန်းများ၌ ခိုဝင်ပုန်းအောင်းခဲ့ရသည်။ အဆောက်အဦး၏ စာအုပ်စဉ်၏ နောက်ဖက်အခန်းဖြစ်သည်။ ၁၉၄၄ ၌ ဖရန့်မိသားစုကို ဂက်စတာပို (ဂတ်ရှ်တားပို) တို့ ဖမ်းမိခဲ့ကြသည်အထိ ထို၌ ပုန်းခိုခဲ့ကြ၏ ။ ယင်းကာလအထိပင် အာနာသည် မွေးနေ့လက်ဆောင်အဖြစ်ရရှိခဲ့သော နေ့စဉ်မှတ်တမ်းစာအုပ် (ဒိုင်ယာရီ) ကို သိမ်းဆည်းထားပြီး နေ့စဉ်လိုလို စာများရေးသားခဲ့သည်။ အဖမ်းခံရပြီးနောက် ဖရန့်တို့ကို နာဇီစစ်အကျဉ်းစခန်းများသို့ ပို့ဆောင်ခဲ့သည်။ အာနာနှင့်အမဖြစ်သူ မာဂေါ့ တို့နှစ်ဦးကို အောက်ရှ်ဗစ် (Auschwitz) အကျဉ်းစခန်းမှ ဘဲရာဂန် ဘဲလ်ဆန် အကျဉ်းစခန်း (Bergen-Belsen) သို့ ပြန်ပြောင်းပို့ဆောင်ခဲ့ကြ၏ ။ ထိုစခန်း၌ပင် လအနည်းငယ်အကြာ၌ ထိုနှစ်ဦးသေဆုံး (အူရောင်ငန်းဖျားရောဂါ ဖြင့်ဖြစ်နိုင်ချေရှိ) ခဲ့သည်။ မူလက ထိုနှစ်ဦးသေဆုံးခဲ့သည့်အချိန်မှာ မတ်လဖြစ်သည်ဟု နိုင်ငံတကာကြက်ခြေနီအဖွဲ့က ခန့်မှန်းခဲ့ကြသော်လည်း ၂၀၁၅ Anne Frank House မှ ညွှန်းဆိုသည်မှာ ထိုနှစ်ဦးသည် ဖေဖော်ဝါရီတွင် သေဆုံးခြင်းမှာ ပို၍ ဖြစ်နိုင်ခြေရှိသည်။[၃]

ဖခင် အော်တို တစ်ဦးတည်းသာ အသက်ရှင်နိုင်ခဲ့ပြီး စစ်ကြီးပြီးသည့်နောက် အမ်စတာဒမ်သို့ ပြန်လာခဲ့၏ ။ ထို့နောက် အော်တို၏ အတွင်းရေးမှူး မစ်ပ် ဂစ် (Miep Gies) က အာနာ၏ ဒိုင်ယာရီစာအုပ်ကို ထိမ်းသိမ်းပေးထားခဲ့၍ မစ်ပ် ဂစ်၏ အားထုတ်မှုဖြင့်ပင် ၁၉၄၇ တွင် စာအုပ်အဖြစ် ထုတ်ဝေခဲ့သည်။ မူရင်းဒတ်ချ်ဘာသာမှ ၁၉၅၂ တွင် အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့ပြီး အမည်မှာ အမျိုးသမီးငယ်တစ်ဦး၏ နေ့စဉ်မှတ်တမ်း ဖြစ်ကာ ထိုအချိန်မှစ၍ ယနေ့အထိ ဘာသာစကားပေါင်း (၇၀) ကျော်သို့ ပြန်ဆိုထားပြီးဖြစ်သည်။

မှတ်စု[ပြင်ဆင်ရန်]

  1. Anna Frank ကို /ˈanə ˈfʁaŋk/ ဟူ၍ ထွက်ရှိနိုင်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Anne Frank Fonds.
  2. Barnouw & Van Der Stroom 2003, pp. 3, 17.
  3. Research by The Anne Frank House in 2015 revealed that Frank may have died in February 1945 rather than in March, as Dutch authorities had long assumed. "New research sheds new light on Anne Frank's last months". AnneFrank.org, 31 March 2015