မာတိကာသို့ ခုန်သွားရန်

အာတာလွတ်

ဝီကီပီးဒီးယား မှ

အာတာလွတ် သည် အပူပိုင်းဒေသပင်များမှထွက်သော သစ်ဥသစ်ဖု ဖြစ်သည်။ ၎င်းကို ကြိတ်၍ ပုံမှန်စာ (stable food) အဖြစ် စားကြ၏။ အသုံးအစားများသည်မှာ မိုးသစ်တောတို့တွင်ပေါက်သော မရန်တာအရန်ဒီနေးစီးယား (Maranta arundinacea) ခေါ် ချုံပင်တမျိုးမှ ထွက်သောဥ ဖြစ်၏။ တောင်/မြောက်အမေရိကတိုက်များ၌ ဇာမီယာအင်တီဂရီဖိုလီယာ (Zamia integrifolia) ခေါ် မြေကပ်ပင်တမျိုးမှ အလားတူဥမျိုးကို ရသည်။ ပိုလီနီးရှန်းသားတို့ကမူ တက္ကာလီယွန်တိုပီတလွိုက်ဒက် (Tacca leontopetaloides) ခေါ် ပန်းပွင့်ပင်တမျိုးမှထွက်သော ဥကို သုံးစားသည်။ ဤအပင်မှာ ပိုလီနီးရှန်းသားတို့သာမက ရေကြောဆက်သည့် အိန္ဒိယသမုဒ္ဒရာရှိ ကမ်းရိုးတန်းနိုင်ငံများတွင်ပင် အလားတူ သုံးစားကြောင်း တွေ့ရ၏။ ဂျပန်တို့ကမူ ပူရာရီယာလိုဘာတာ (Pueraria lobata) ခေါ် နွယ်ပင်တမျိုးမှထွက်သော ဥကို စားသည်။ အာဒါလွတ်ပင်သည် အစာကြေလွယ်သော စတာ့(ကစီ)ဖြစ်သဖြင့် ယင်းကိုကလေးနှင့် နာမကျန်းဖြစ်နေသူ များအဖို့ အစားအစာအဖြစ် အသုံးပြုလေ့ရှိကြသည်။ သို့သော် လောဘကြီးသော စီးပွား ရေးသမားများက ထိုအာဒါလွတ်မှုန့် များတွင် အာလူးမှုန့်၊ ဆန်မှုန့်၊ သို့မဟုတ် ရိုးရိုးဂျုံမှုန့်များကို ရော၍ အာဒါလွတ်မှုန့်အဖြစ် ရောင်းလေ့ရှိကြသည်။ ကစီကဲ့သို့သော ပစ္စည်းမျိုးရနိုင်သည့် အာဒါလွတ်ပင်နှင့် နီးစပ်သော အပင်များ၏ အမြစ်များနှင့် ရိုင်ဇုမ် အတက်များကို အာဒါလွတ်ဟု ခေါ်သည်။ သို့သော် အနောက်အိန္ဒိယကျွန်းစုမှ အာဒါလွတ်ကိုသာ အာဒါလွတ်ဟုခေါ်လေ့ရှိကြသည်။ ထိုအပင် ကို ရုက္ခဗေဒ အလိုအားဖြင့် မာရန်တာ အရန်ဒီနေးစီး ဟုခေါ် သည်။ တစ်နှစ်မကျော်သေးသည့် ရိုင်ဇုမ်အတက်များမှ ကစီကို ထုတ်ယူကြသည်။ ထိုအတက်များကို ရေဆေး၍ အခွံကိုခွာပြီး လျှင် ပျော့ဖတ်ဖြစ်အောင်လုပ်ယူ၍ ကြိမ်ဖန်များစွာ ရေခါဆေး ပစ်ရသည်။ ထိုသို့ ရေဆေးစဉ် အမျှင်များကိုတွေ့လျှင် ဖယ်ပစ် ရသည်။ ထိုနောက် စစ်ပြီးလျှင် အခြောက်ခံရသည်။ ထိုအာဒါ လွတ်မှုန့် အခြောက်များကို ရေနွေးနှင့် ရောမွှေပေးလျှင် ယိုကဲ့ သို့ ဖြစ်လာလေသည်။ အာဒါလွတ်ပင်သည် မာရန်တာမျိုးစုဝင်နှင့် မာရန်တေးစီး မျိုးရင်းဝင်ဖြစ်ပြီးလျှင် နှစ်ကြာခံ ပင်ပျော့မျိုး ဖြစ်သည်။ အကောင်းဆုံး အာဒါလွတ်ကို ဗာမျူးဒါးနှင့် ဂျမေးကားတို့မှ ရရှိသော်လည်း အာဒါလွတ်ပင် အမျိုးမျိုး ကို အရှေ့အိန္ဒိယ ကျွန်းစု၊ အနောက်အိန္ဒိယကျွန်းစု၊ ဩစတြေးလီးယားတိုက်နှင့် တောင်အာဖရိကတိုက်တို့တွင် လည်း စိုက်ပျိုးကြသေးသည်။ မြောက်အမေရိကတိုက်တွင်မူ မြောက်ဘက်သို့ ဖလော်ရီဒါအထိ စိုက်ပျိုးကြလေ သည်။ အာဒါလွတ်ဟူသော စကားသည် အဲရိုးရုဆိုသည့် အဂ‡လိပ် စကားမှ ဖြစ်လာဟန်ရိသည်။ ထိုစကားလုံး၏ အဓိပ္ပာယ်မှာ မြားမြစ်ဖြစ်သည်။ တောင်အမေရိကတိုက်မှ ရှေးတိုင်းရင်းသား များသည် အဆိပ်လူးမြားဖြင့် အပစ်ခံရသောအခါတွင် ထိုအပင် ၏ အမြစ်ကိုဖြတ်၍ ကုသလေ့ရှိကြရာမှ ထိုစကားဖြစ်လာပုံရ လေသည်။[]

နောက်ခံသမိုင်း

[ပြင်ဆင်ရန်]

ရှေးဟောင်းသုတေသီတို့ လေ့လာချက်များအရ အမေရိကတို့ အာတာလွတ်ကို စိုက်ပျိုးစားသုံးသည်မှာ လွန်ခဲ့သော နှစ် ၇,၀၀၀ ကျော်ကပင် ဖြစ်၏။ [] ကာရေဘီယံပင်လယ်နေ အရာဝက်လူမျိုးတို့က ယင်းကို အာရူအာရူ ခေါ်၏။ အဓိပ္ပာယ်မှာ ရိုးရိုးစင်းစင်းပင် စားစရာ ဟူသော အနက်တည်း။ ထိုကပင် အနောက်တိုင်းသားတို့ ခေါ်သောအမည် အဲရိုးရု (arrowroot) ဟူသောအမည် လာကြောင်း ယုံကြည်ကြသည်။ တချို့လည်း မြားဒဏ်ထိလျှင် အာတာလွတ်မှုန့်ကို သိပ်တတ်သဖြင့် မြားဆိပ်ပျောက်မြစ် ဟူသော အနက်ဖြင့် အဲရိုးရု အမည်ဖြစ်ကြောင်း ဆို၏။

အစောပိုင်းကာလတွင် အမှုန့်ညက်သည့် အာတာလွတ်မှုန့်ကို မင်ခံစက္ကူအဖြစ် သုံးခဲ့သည်။ နောက် ဂျုံမှုန့်ကို ပိုကောင်းအောင်လုပ်နိုင်သောနည်း သိလာသည်နောက် စက္ကူလုပ်ရာတွင် အာတာလွတ်၏ အခန်းကဏ္ဍ ပျောက်သွား၏။ []

ချက်ပြုတ်ရာတွင် သုံးပုံ

[ပြင်ဆင်ရန်]

ဗစ်တိုးရီးယားခေတ်က ဗြိတိသျှတို့က အာတာလွတ်ကို အမျိုးမျိုးအဖုံဖုံ သုံးစားခဲ့သည်။ [] ဘီစကစ်၊ ပူတင်း၊ ဂျယ်လီတို့အပင် အနှစ်ရည်ပူပူလုပ်ကာ သောက်၏။ ယိုထိုးကာ စား၏။ နာမကျန်းသော သူများ၊ ကလေးများကို အရသာအနည်းငယ်ထည့်ကာ ယာဂုကြို၍လည်း ကျွေးတတ်သည်။

ဂျပန်တို့ စားသည့် ကူဇူ ခေါ် နွယ်ပင်ထွက် အာတာလွတ်မှာ ခေါက်ဆွဲအဖြစ်လုပ်၍ စားခြင်းဖြစ်ပြီး ကိုရီးယား၊ ဗီယက်နမ်တို့တွင်လည်း အလားတူ သုံးသည်။

မြန်မာတို့က သစ်ဥအတိုင်းကိုပင် ပြုတ်ကာ ဆီ၊ ဆား အနည်းငယ်ဖြင့် စား၏။ []

ဟာတာလွတ်ပင်
ဟာတာလွတ်ပင် 
အပွင့်တက်နေသော အာတာလွတ်ပင်
အပွင့်တက်နေသော အာတာလွတ်ပင် 
နှုတ်ထားသော အာတာလွတ်ဥ
နှုတ်ထားသော အာတာလွတ်ဥ 
အာတာလွတ်ဥအား အမြစ်သင်နေပုံ
အာတာလွတ်ဥအား အမြစ်သင်နေပုံ 
အာတာလွတ်ဥအား ရေဆေးပုံ
အာတာလွတ်ဥအား ရေဆေးပုံ 
အာတာလွတ်ဥအား ထောင်းထားပြီးမြင်ကွင်း
အာတာလွတ်ဥအား ထောင်းထားပြီးမြင်ကွင်း 
အာတာလွတ်ဥအား ကြိတ်ဆုံ၌ ကြိတ်ပုံ
အာတာလွတ်ဥအား ကြိတ်ဆုံ၌ ကြိတ်ပုံ 
အာတာလွတ်မှုန့်
အာတာလွတ်မှုန့် 

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)
  2. Piperno, D., Ranere, A., Holst, I. et al. Starch grains reveal early root crop horticulture in the Panamanian tropical forest. Nature 407, 894–897 (2000). https://doi.org/10.1038/35038055
  3. "Papermaking". About Book Binding.
  4. Bee Wilson (29 October 2001). "Thick and thin". New Statesman.
  5. "အာဟာရနဲ့ ဆေးဖက်ဝင်အာနိသင်များတဲ့ အာတာလွတ် 23 February 2021 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .". မြန်မာတိုင်းမ်. 2019-06-17.