အာဏာဖီဆန်ရေး ပြည်သူ့လှုပ်ရှားမှု ဥပမာများ

ဝီကီပီးဒီးယား မှ

အာဏာဖီဆန်ရေး ပြည်သူ့လှုပ်ရှားမှု ဥပမာများကို ဤဆောင်းပါးတွင် ဖော်ပြထားသည်။

ကျူးဘားနိုင်ငံ[ပြင်ဆင်ရန်]

"ငါအာဏာရှင်စနစ်နှင့်အတူ ပူးပေါင်းဆောင်ရွက်ခြင်း မပြုပါ" ("Yo No Coopero Con La Dictadura")၊ အတိုကောက် အများအားဖြင့် "ငါမပါ" ("Yo No" သို့မဟုတ် "Not I" သို့မဟုတ် "I not") ဟုခေါ်သည့် လှုပ်ရှားမှုသည် ကျူးဘားအစိုးရအပေါ် အာဏာဖီဆန်ရေး ပြည်သူ့လှုပ်ရှားမှုတစ်ခုဖြစ်သည်။[၁][၂] ဤပြည်သူ့လှုပ်ရှားမှုတွင် "ငါပြောင်းလဲမှုကို လုံးဝလိုချင်တယ်" ("I do want change") ဆိုသော ဆောင်ပုဒ်ကိုအသုံးချပြီး၊ "ငါမငြင်းဘူး၊ ငါမကူညီဘူး၊ ငါသတင်းမပေးဘူး၊ ငါမလိုက်နာဘူး၊ ငါမပူးပေါင်းဘူး၊ ငါဖိနှိပ်ချုပ်ခြယ်မှုမလုပ်ဘူး။" ("I do not repudiate, I do not assist, I do not snitch, I do not follow, I do not cooperate, and I do not repress.") ဟူသော အခြေခံအချက် ခြောက်ခုဖြင့် ရှင်းလင်းထုတ်ဖော်သည်။[၃] ထို့အပြင် ကျူးဘားအစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှုမရှိခြင်း၏ သင်္ကေတအမူအရာတစ်ခုအနေဖြင့် အဖွဲ့ဝင်များသည် သူတို့၏ ရင်ဘတ်ပေါ်၌ လက်ပိုက်ထားသည့် အမူအရာဖြင့် ထုတ်ဖော်ပြကြသည်။[၄]

Lissette ÁlvarezAmaury GutiérrezWilly ChirinoJon SecadaPaquito D'Rivera၊ Boncó Quiñongo စသည့် အနုပညာရှင်များစွာက ထိုလှုပ်ရှားမှုကို ထောက်ခံကြောင်း ကြေညာခဲ့သည်။[၅]

အဖြူရောင်အမျိုးသမီးများအဖွဲ့ (Ladies in White) သည် ထောင်ကျခံနေရသော ကျူးဘားအာဏာရှင်အစိုး​ရဆန့်​ကျင်သူတို့၏ ဇနီးများ၊ မိခင်များနှင့် ညီမများဖြစ်ကြပြီး၊ သူတို့သည် ငြိမ်းချမ်းသော အာဏာဖီဆန်ရေး ပြည်သူ့လှုပ်ရှားမှုကို အသုံးပြုကာ အဆိုပါ ဖမ်းဆီးခံရသူများ လွတ်မြောက်ရေးအတွက် ကြိုးပမ်းကြသည်။[၆] ၎င်းအဖွဲ့သည် ဥရောပသမဂ္ဂ၏ လွတ်လပ်စွာတွေးခေါ်မှုအတွက် စက်ခါရော့ဗ်ဆု (Sakharov Prize for Freedom of Thought) ဆုကို ၂၀၀၅-ခုနှစ်တွင် ရရှိခဲ့သည်။[၇] (ဒေါ်အောင်ဆန်းစုကြည်က ဤဆုကို ၁၉၉၀-ခုနှစ်တွင် ရရှိခဲ့သည်။ [၈])

အက်စ်တိုးနီးယားနိုင်ငံ[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - :en:Singing Revolution

အမျိုးမျိုးသော ဆန္ဒပြပွဲများနှင့် အာဏာဖီဆန်ရေး ဆန့်ကျင်လုပ်ရပ်များပါဝင်သော သီချင်းဆိုတော်လှန်ရေး (Singing Revolution)ကို အက်စ်တိုးနီးယားနိုင်ငံတွင် လေးနှစ်တိုင်တိုင် ပြုလုပ်ခဲ့သည်။ (အဆိုပါ "သီချင်းဆိုတော်လှန်ရေး"ဟူသော အသုံးအနှုန်းကို အက်စ်တိုးနီးယားတက်ကြွလှုပ်ရှားသူနှင့် အနုပညာရှင် Heinz Valk မှ ၁၉၈၈-ခုနှစ် ဇွန် ၁၀–၁၁ မှ ဆောင်းပါးတစ်ခုတွင် Tallinn Song Festival Groundsတွင် လူထုမှ အလိုအလျောက်သံပြိုင် သီချင်းသီဆို ဆန္ဒပြမှုများကို ရည်ညွှန်းကာ တီထွင်သုံးနှုန်းခဲ့ခြင်း ဖြစ်သည်။[၉]) ၁၉၉၁-ခုနှစ်တွင် ဆိုဗီယက်တင့်ကားများသည် လွတ်လပ်ရေးဆီသို့ တိုးတက်မှုကို ရပ်တန့်ရန် ကြိုးပမ်းသည့်အခါ အက်စ်တိုးနီးယားမဟာကောင်စီ (Supreme Council of Estonia)နှင့် အက်စ်တိုးနီးယား ကွန်ဂရက် ( Congress of Estonia) တို့က လွတ်လပ်သော အက်စ်တိုးနီးယားပြည်နယ် ပြန်လည်တည်ထောင်ခြင်းကို ကြေညာပြီး ဆိုဗီယက်ဥပဒေကို ငြင်းပယ်ခဲ့သည်။ ပြည်သူလူထုသည် ရေဒီယိုနှင့် ရုပ်မြင်သံကြားစက်ရုံများကို ဆိုဗီယက်တင့်ကားများမှ ကာကွယ်ရန် လူ့ဒိုင်းများအဖြစ် ဆောင်ရွက်ခဲ့ကြသည်။ ဤလုပ်ဆောင်မှုများမှတစ်ဆင့် သွေးထွက်သံယိုမှုမရှိဘဲ လွတ်လပ်ရေး အောင်မြင်စွာရယူနိုင်ခဲ့သည်။[၁၀]

အီဂျစ်နိုင်ငံ[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - :en:Egyptian Revolution of 1919

ခေတ်သစ်အီဂျစ်၏ သမိုင်းတစ်လျှောက် ဖြစ်ပွားခဲ့သော (အများစုမှာ ကျယ်ကျယ်ပြန့်ပြန့် မသိသေးသော) အာဏာဖီဆန်ရေး ပြည်သူ့လှုပ်ရှားမှုများအနက် ၁၉၁၉-ခုနှစ် အီဂျစ်တော်လှန်ရေးကို ကမ္ဘာအတိုင်းအတာအရ အစောဆုံး အောင်မြင်မှုရရှိခဲ့သော အကြမ်းမဖက်သော လှုပ်ရှားမှုတစ်ရပ်အဖြစ် မှတ်ယူကြသည်။ ၎င်းသည် အီဂျစ်နှင့်ဆူဒန်ကို ဗြိတိသျှကိုလိုနီနယ်ချဲ့အုပ်ချုပ်မှုကို တစ်နိုင်ငံလုံးအတိုင်းအတာအဖြစ် ဆန့်ကျင်သော တော်လှန်ရေး ဖြစ်ခဲ့သည်။ ၁၉၁၉-ခုနှစ်တွင် ဗြိတိသျှကိုလိုနီအုပ်ချုပ်ရေးမှ တော်လှန်ရေးခေါင်းဆောင် Saad Zaghlul နှင့် Wafd ပါတီမှ အခြားအဖွဲ့ဝင်များအား ပြည်နှင်ဒဏ်ပေးခြင်းကို ကန့်ကွက်သည့်အနေဖြင့် အီဂျစ်နှင့် ဆူဒန်လူမျိုး အလွှာပေါင်းစုံမှ လူတန်းစားပေါင်းစုံက စတင်ခဲ့ခြင်း ဖြစ်သည်။

ကျောင်းသားများနှင့် ရှေ့နေများတို့၏ သပိတ်များ ၊ စာတိုက်၊ ကြေးနန်းဆက်သွယ်ရေး၊ လျှပ်စစ်ရထားနှင့် မီးရထားလုပ်သားများ၏ သပိတ်များနှင့် နောက်ဆုံးတွင် အီဂျစ်အစိုးရ ဝန်ထမ်းများ၏ သပိတ်များဖြင့် ၁၉၁၉ အီဂျစ်တော်လှန်ရေးသည် လပေါင်းများစွာ ဆက်လက်ဖြစ်ပွားခဲ့သည်။ ထိုအဖြစ်အပျက်က ၁၉၂၂-ခုနှစ်တွင် အီဂျစ်လွတ်လပ်ရေးကို ဗြိတိန်မှ အသိအမှတ်ပြုခြင်းနှင့် ၁၉၂၃ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ကို အကောင်အထည်ဖော်ခြင်းတို့ကို ဖြစ်မြောက်လာစေခဲ့သည်။

ပြင်သစ်နိုင်ငံ[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - :en:Fight for the Larzac

၁၉၇၂-ခုနှစ်တွင် တောင်သူလယ်သမား ၁၀၃-ဦးသည် လာဇက်(Larzac )ကုန်းပြင်မြင့်ရှိ လက်ရှိ စစ်ရေးလေ့ကျင့်ရေးစခန်း နယ်မြေတိုးချဲ့ခြင်းကို ခုခံတွန်းလှန်ရန် ကျိန်ဆိုခဲ့ကြသည်။ ဂန္ဒီ၏တပည့်ဖြစ်သူ လန်ဇာဒယ်ဗက်စတို (Lanza del Vasto)က အစာအငတ်ခံဆန္ဒပြမှု အပါအဝင် လူထုအာဏာဖီဆန်ရေး နည်းဗျူဟာများကိုအကြံပေးခဲ့ပြီး၊ ပါဝင်လှုပ်ရှားသူများသည် ၎င်းတို့ကို အောင်မြင်စွာ အသုံးချနိုင်ခဲ့သည်။ ထိုကြောင့်လည်း ၁၉၈၄-ခုနှစ်တွင် ရွေးကောက်တင်မြှောက်ခံရပြီးပြီးချင်း ပြင်သစ်သမ္မတ ဖွန်ဆွာ မီးထရွန်း (François Mitterrand) က အဆိုပါ စစ်ရေးလေ့ကျင့်ရေးစခန်း နယ်မြေတိုးချဲ့ခြင်းကို ဖျက်သိမ်းလိုက်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Yo No Coopero Con La Dictadura website
  2. Inician una campaña de apoyo a la resistencia cívica en Cuba။ Directorio။ 29 June 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 February 2021 တွင် ပြန်စစ်ပြီး။
  3. Exile groups call for civil disobedience in Cuba။ Directorio။ 29 June 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 February 2021 တွင် ပြန်စစ်ပြီး။
  4. Activists' Crossed Arms Mean "YO NO" (Not I)။ Directorio Democratico Cubano။ 29 June 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 February 2021 တွင် ပြန်စစ်ပြီး။
  5. Artistas Cubanos။ Yo No Coopero Con La Dictadura။ 28 January 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 February 2021 တွင် ပြန်စစ်ပြီး။
  6. Cuba arrests Ladies in WhiteChristian Science Monitor (2008)။
  7. Ladies, Ibrahim and Reporters joint Sakharov prize winners။ Europarl.europa.eu။ 2010-07-29 တွင် ပြန်စစ်ပြီး။
  8. စက်ခါရော့ဗ်ဆု
  9. Between Utopia and Disillusionment By Henri Vogt; p 26 ISBN 1-57181-895-2
  10. Summary/Observations - The 2006 State of World Liberty Index: Free People, Free Markets, Free Thought, Free Planet။ Stateofworldliberty.org။ 30 September 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 February 2021 တွင် ပြန်စစ်ပြီး။