အာဂမနိယဝတ္ထု

ဝီကီပီးဒီးယား မှ

အဂမနိယဝတ္ထုဟူသည် အုပ်ထိန်းခြင်းရှိသဖြင့် ယောက်ျားတို့ မသွားလာအပ်သော မိန်းမ ဖြစ်သည်။ အဂမနိယဝတ္ထု အပါး ၂၀ ရှိသည်။

ပထမ(၈)ပါး[ပြင်ဆင်ရန်]

  • (၁) မာတု ရက္ခတ- အမိအုပ်ထိန်းသော မိန်းမ၊
  • (၂) ပိတု ရက္ခိတ- အဘ အုပ်ထိန်းသောမိန်းမ၊
  • (၃) မာတာပိတု ရက္ခိတ- မိဘ ၂-ပါးအုပ်ထိန်းသော မိန်းမ၊
  • (၄) ဘာတုရက္ခိတ- မောင်ကြီးမောင်ငယ် အုပ်ထိန်းသောမိန်းမ၊
  • (၅) ဘဂိနိ ရက္ခိတ- အစ်မကြီး အစ်မငယ်အုပ်ထိန်းသောမိန်းမ၊
  • (၆) ဉာတိ ရက္ခိတ- ဆွေမျိုးအုပ်ထိန်းသောမိန်းမ၊
  • (၇) ဂေါတ္တရက္ခိတ- အနွယ်တူ အုပ်ထိန်းသောမိန်းမ၊
  • (၈) ဓမ္မရက္ခိတ- သီတင်းသုံးဖော် စောင့်ရှောက်အုပ်ထိန်းသောမိန်းမ။

မှတ်ချက်။၎င်း ၈-ယောက်သောမိန်းမတို့ကား သူတို့မှာ ကံမထိုက်၊ သွားလာလွန်ကျူးသူ ယောက်ျားများမှာသာ ကံထိုက်သည်ဟူ၏။

ဒုတိယ(၁၂)ပါး[ပြင်ဆင်ရန်]

  • (၉) သာရက္ခာ- ထိမ်းမြားကြောင်းလမ်းပြီးသူ “လက်ထပ်ပြီးသူ” လင်အုပ်ထိန်းသောမိန်းမ၊
  • (၁၀)သပရိဒဏ္ဍာ- မင်းတို့ကောက်ယူရန်သတ်မှတ်လျက် ဒဏ်ထားပြီးလျှင် အုပ်ထိန်းသောမိန်းမ၊
  • (၁၁) ဓနက္ကီတာ- ဥစ္စာဖြင့်ဝယ်ယူလျက် မယားအဖြစ်ထားသောမိန်းမ၊
  • (၁၂) ဆန္ဒဝါသိနီ - သဘောတူအလိုတူ၍ညားနေသောမိန်းမ၊
  • (၁၃) ဘောဂဝါသိနီ- စည်းစိမ်ပေး၍ ပေါင်းဖော်သောမိန်းမ၊
  • (၁၄) ပဋဝါသိနီ- ပုဆိုးပေး၍ ““ပုဆိုး တန်းတင်””ပြုနေသောမိန်းမ၊
  • (၁၅) ဩဒပတ္တကိနီ ရေခွက်က လက်ဆုံချ၍မိဘနှစ်ပါး ထိန်းမြားပေးသောမိန်းမ၊
  • (၁၆) ဩဘဋ စုမ္ဗဋာ- ခေါင်းခုကိုချ၍လင်မယားအဖြစ်နေသော မိန်းမ၊
  • (၁၇) ဒါသီစ ဘရိယာစ- ကျွန်လည်းဖြစ် မယားလည်းဖြစ်သောမိန်းမ၊
  • (၁၈) ကမ္ဗကာရီစ ဘရိယာစ- အမှုလုပ်လည်းဖြစ် မယားလည်းဖြစ်သော မိန်းမ၊
  • (၁၉)ဓဇာဟဋာ- စစ်မြပြေင်မှ ဆောင်ယူခဲ့သောမိန်းမ၊
  • (၂၀) မုဟုတ္တိကာ- တစ်ခဏမျှ ပေါင်းဖော်ရန်ငှားရမ်းထားသော ခေတ္တမယားဖြစ်သူမိန်းမ။

မှတ်ချက်။ ၁၂-ယောက်သောမိန်းမများကို သွားလာလွန်ကျူးခဲ့မူ လင်ရှိမယားဖြစ်၍ မိန်းမရောယောက်ျားပါ နှစ်ဦးစလုံး ကံထိုက်သည်ဟူ၏။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ဖျာပုံတိုက်သစ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အရှင်ဩဘာသာဘိဝံသ ရေးသားသော သုတေသန သရုပ်ပြအဘိဓာန်ကျမ်း