အဟ်မဒီယာ

ဝီကီပီးဒီးယား မှ

အဟ်မဒီယာမွတ်စ်လင်မ်အဖွဲ့သည် အစ္စလာမ်သာသနာကို မူရင်းအစစ်အမှန်အတိုင်း ပြန်လည်ဖြစ်ထွန်းပေါ်ပေါက်လာစေရန် ကောင်းကင်ဆိုင်ရာလမ်းညွန်မှုဖြင့်ဖွဲ့စည်းထားသော အပြည်ပြည်ဆိုင်ရာ အစ္စလာမ့်အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ၁၈⁠၈၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ယခုအခါ နိုင်ငံပေါင်း ၂၁၀ နိုင်ငံ၌ အဖွဲ့ခွဲများရှိကာ အဖွဲ့ဝင်မီလီယံပေါင်း ၁၀ ထက်မနည်းရှိသည်။ ဗဟိုဠာနချုပ်မှာ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့၌ ရှိသည်။

အစ္စလာမ်သာသနာထဲမှ အဖွဲ့အစည်း[ပြင်ဆင်ရန်]

အဟ်မဒီယာမွတ်စ်လင်မ်အဖွဲ့မှာ အစ္စလာမ်သာသနာဝင်များ ကာလရှည်ကပင်စောင့်မြော်နေကြသည့် မဆိဟ် (မေရှိယ) နှင့် မဟ်ဒီ(လမ်းညွန်ခြင်းခံရသူ) ပွင့်ပေါ်လာခဲ့ပြီးဖြစ်ကြောင်း ယုံကြည်လက်ခံသည့် တစ်ခုတည်းသော အစ္စလာမ့်အဖွဲ့အစည်းဖြစ်သည်။

အဟ်မဒီယာမွတ်စ်လင်မ်အဖွဲ့က ပွင့်ပေါ်လာစရာရှိသည့် မဆီဟ်(မေရှိယ)နှင့် မဟ်ဒီ(လမ်းညွန်ခြင်းခံရသူ) မှာ အိန္ဒိယနိုင်ငံ၊ ပန်ဂျပ်ပြည်နယ်၊ ကာဒီယံမြို့၌ ပွင့်ပေါ်ခဲ့သော မီရ်ဇာဂူလာမ်အဟ်မဒ် (ငြိမ်းချမ်းခြင်းသက်ရောက်ပါစေ) ပင်ဖြစ်ကြောင်း ယုံကြည်လက်ခံကြသည်။ မီရ်ဇာဂူလာမ်အဟ်မဒ် (ငြိမ်းချမ်းခြင်းသက်ရောက်ပါစေ)က မိမိကိုယ်ကို နာဇရက်မြို့သား တမန်တော်အီစာ ၊ သခင်ယေရှု (ငြိမ်းချမ်းခြင်းသက်ရောက်ပါစေ) ဒုတိယမ္ပိပြန်လည်ကြွမြန်းလာစရာရှိသည့်အလျောက်၊ မိမိသည် မူရင်းတမန်တော်အီစာ(ငြိမ်းချမ်းခြင်းသက်ရောက်ပါစေ)၏ ဂုဏ်ရောင်ကိုစိုးလျက် အီစာ(ငြိမ်းချမ်းခြင်းသက်ရောက်ပါစေ)၏ အသွင်သဏ္ဌာန်ဖြင့် ကြွမြန်းလာခြင်းဖြစ်ကြောင်းနှင့် တမန်တော်အီစာ(ငြိမ်းချမ်းခြင်းသက်ရောက်ပါစေ)သည် ဤလောကသို့ ဒုတိယမ္ပိပြန်လည်ကြွမြန်းလာမည့်အကြောင်းနှင့် မဟ်ဒီ(လမ်းညွန်ခြင်းခံရသူ) ပွင့်ပေါ်လာမည့်အကြောင်းကို အစ္စလာမ့်တမန်တော်ချုပ်ကြီး မုဟမ္မဒ်(ငြိမ်းချမ်းခြင်းသက်ရောက်ပါစေ)က တင်ကြိုဗျာဒိတ်ဟောထားခဲ့သည့်အတိုင်းဖြစ်ကြောင်း စသဖြင့် ဖော်ပြခဲ့သည်။

အဖွဲ့ဝင်များ၏ ယုံကြည်ချက်[ပြင်ဆင်ရန်]

အဟ်မဒီယာမွတ်စ်လင်မ်အဖွဲ့ဝင်များသည် အလ္လာဟ်အရှင်တစ်ပါးတည်းအား ခဝပ်ကိုးကွယ်ခြင်း၊ တမန်တော်မြတ် မုဟမ္မဒ်(ငြိမ်းချမ်းခြင်းသက်ရောက်ပါစေ) အား အလ္လာဟ်အရှင်စေလွှတ်တော်မူသော တမန်တော်အဖြစ်ယုံကြည်ခြင်း၊ ကျမ်းမြတ်ကုရ်အာန်အား အစ္စလာမ့်ကောင်းကင်ကျ နောက်ဆုံးဥပဒေကျမ်းစာအဖြစ် ယုံကြည်လိုက်နာခြင်း၊ နေ့စဉ် ငါးကြိမ်ဘုရားဝတ်တက်ခြင်း(ဆလားသ်)၊ အစ္စလာမ့်ပြက္ခဒိန်အရ နှစ်တစ်နှစ်၏ ရမဇာန်လမြတ်တိုင်း၌ ဥပုသ်သီလ (ဆွီယမ်) ဆောက်တည်ခြင်း၊ ဆင်းရဲသားဒါနကြေး(ဇကားသ်) ကို နှစ်စဉ်ပေးလှူခြင်းနှင့် ဘ၀တစ်သက်တာတွင် အနည်းဆုံးတစ်ကြိမ် မက္ကာရွှေမြို့တော်သို့ ဟာဂျ်ပြုလုပ်ရန်သွားရောက်ခြင်း စသည့်အစ္စလာမ့်မဏ္ဍိုင်ကြီး ၅ ခုအပါအဝင် အစ္စလာမ့်ယုံကြည်ချက်အားလုံးကို သက်ဝင်ယုံကြည်စောင့်ထိန်းကြသည်။

အခြားမွတ်စ်လင်မ်အဖွဲ့အစည်းများနှင့် အဓိကကွာခြားချက်များမှာ အဟ်မဒီယာမွတ်စ်လင်မ်အဖွဲ့ဝင်များသည်အသင်းတော်အားတည်ထောင်သူ အရှင်သူမြတ်၊ ဟာဇရသ်မီရ်ဇာဂူလာမ်အဟ်မဒ် (ငြိမ်းချမ်းခြင်းသက်ရောက်ပါစေ)အား အစ္စလာမ်သာသနာထဲမှ တမန်တော်တစ်ပါးအဖြစ်ယုံကြည်လက်ခံခြင်းနှင့် အဟ်မဒီမွတ်စ်လင်မ်များက တမန်တော်အီစာ၊ သခင်ယေရှု(ငြိမ်းချမ်းခြင်းသက်ရောက်ပါစေ)သည် လက်ဝါးကပ်တိုင်ပေါ်မှ သေကံမရောက်သက်မပျောက်ခဲ့ဘဲ လွတ်မြောက်ကာပျောက်ဆုံးနေသော လူမျိုးစု(သိုးငယ်ကလေးများ)ကို ရှာဖွေတရားဟောကြားရန် အရှေ့ဘက်ဖြစ်သော အိန္ဒိယသို့ ဆက်လက်ခရီးထွက်ခဲ့ပြီး အိန္ဒိယနိုင်ငံတွင်ပင် သဘာ၀အလျောက်ကွယ်လွန်အနိစ္စရောက်ခဲ့ကြောင်း ယုံကြည်လက်ခံကြခြင်းတို့ပင်ဖြစ်သည်။

အဟ်မဒီယာမွတ်စ်လင်မ်အဖွဲ့ဝင်များသည် အလ္လာဟ်အရှင်မြတ်က တမန်တော်အီစာ ၊ သခင်ယေရှု(ငြိမ်းချမ်းခြင်းသက်ရောက်ပါစေ) နည်းတူ မီရ်ဇာဂူလာမ်အဟ်မဒ် (ငြိမ်းချမ်းခြင်းသက်ရောက်ပါစေ)အား သာသနာရေးစစ်ပွဲများအဆုံးသတ်ရန်၊ သွေးထွက်သံယိုမှုများကို ရှုံ့ချကန့်ကွက်ရန်၊ ဝိညာဉ်ရေးရာ သန့်စင်သည့်အခြေအနေ၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုတို့ကို ပြန်လည်တည်ဆောက်ရန် ဤလောကသို့ စေလွှတ်တော်မူခဲ့ကြောင်း ယုံကြည်ကြသည်။

မီရ်ဇာဂူလာမ်အဟ်မဒ် (ငြိမ်းချမ်းခြင်းသက်ရောက်ပါစေ)သခင်သည် မိမိပွင့်ပေါ်ခြင်းနှင့်အတူ အစ္စလာမ်ပြန်လည်မွေးဖွားခြင်းကို ဆောင်ယူလာခဲ့ပေသည်။ သခင်ကြီးက အစ္စလာမ်သာသနာ၏ အဓိကသွန်သင်ချက်များနှင့် အစစ်အမှန်သွန်သင်ချက်များကို ပြန့်နှံ့စေခဲ့သည်။ သခင်ကြီးက ဇိုရိုအေစတာ၊ အီဗရာဟင်မ်၊ မူဆာ(မောရှေ)၊ အီစာ(ယေရှု)၊ ကရစ်ရှနား၊ ဗုဒ္ဓ၊ ကွန်ဖြူးရှပ်၊ လောင်ဇူး နှင့် ဂုရုနာနတ်က် (ထိုသူများအပေါ် ငြိမ်းချမ်းခြင်းသက်ရောက်ပါစေ) စသည့် ကမ္ဘာသာသနာရေးခေါင်းဆောင်ကြီးများနှင့် သူတော်စင်ကြီးများ၏ သွန်သင်ချက်များကို အသိအမှတ်ပြုခဲ့ယုံ မျှမက ထိုသွန်သင်ချက်များက အစ္စလာမ့်သွန်သင်ချက်များနှင့် တထေရာတည်းဖြစ်ခြင်းအကြောင်းများကိုပါ ရှင်းလင်းဟောပြောခဲ့သည်။

အဟ်မဒီမွတ်စ်လင်မ်များသည် အလ္လာဟ်အရှင်မြတ်က မိမိ၏အဖန်ဆင်းခံလူသားများကို ယနေ့ထက်တိုင် ဥပဒေမပြုနိုင်သည့်ဗျာဒိတ်များဖြင့် ထိတွေ့ဆက်ဆံတော်မူနေသေးကြောင်း ယုံကြည်ကြသည်။ အဟ်မဒီမွတ်စ်လင်မ်များသည် တမန်တော်တစ်ပါးအားဆက်ခံသည့် ခလီဖွာသည် အလ္လာဟ်အရှင်ကိုယ်တော်တိုင် ရွေးချယ်ခန့်အပ်သောသူဖြစ်ကြောင်း ယုံကြည်ကြသည်။ ခလီဖွာဆိုသည်မှာ တမန်တော်တစ်ပါးအား ဆက်ခံသည့် ဦးစီးခေါင်းဆောင်ဖြစ်သည်။

အဖွဲ့ကြီး၏ ရပ်တည်မှု[ပြင်ဆင်ရန်]

ယနေ့ကမ္ဘာပေါ်တွင် အဟ်မဒီယာမွတ်စ်လင်မ်အဖွဲ့ကြီးမှာ အကြမ်းဖက်မှုပုံစံအမျိုးမျိုးကို ဆန့်ကျင်ကန့်ကွက်ရာ၌ ဦးစီးဦးဆောင်ပြုနေသည့် အစ္စလာမ့်အဖွဲ့အစည်းဖြစ်သည်။ အဖွဲ့ကြီးအားတည်ထောင်သူအရှင်သူမြတ် မီရ်ဇာဂူလာမ်အဟ်မဒ် (ငြိမ်းချမ်းခြင်းသက်ရောက်ပါစေ) သခင်က လွန်ခဲ့သော နှစ်တစ်ရာအလျင်ကပင် အစ္စလာမ်သာသနာ၌ လက်နက်ဆွဲကိုင်၍ ဂျီဟဒ်ပြုလုပ်ရန်မလိုအပ်တော့ကြောင်းနှင့် ထိုသည့်နေရာတွင် အစ္စလာမ်သာသနာအားကာကွယ်ရန် သွေးထွက်သံယိုမှုမရှိသည့် ပညာရေးဆိုင်ရာ ကလောင်ဂျီဟဒ် (Jihad by Pen) ဖြင့် အစားထိုးပြီးဖြစ်ကြောင်း မိမိ၏နောက်လိုက်အဖွဲ့ဝင်များကို ကြေညာခဲ့သည်။

သခင်ကြီးက စာအုပ်စာတမ်းပေါင်း ၈၀ ရေးသားထုတ်ဝေခဲ့သည်သာမက စာတမ်းပေါင်း ထောင်ချီထုတ်ဝေ၍လည်းကောင်း၊ ရာနှစ်ချီသောဟောပြောတင်ပြမှုများပြုလုပ်ခြင်းဖြင့်လည်းကောင်း၊ အများပြည်သူပရိသတ်များပါဝင်သော စကားစစ်ထိုးပွဲများတွင် ပါဝင်ခြင်းဖြင့်လည်းကောင်း မိမိ၏သွန်သင်ချက်ကို သရုပ်ဖော်ပြခဲ့သည်။ သခင်ကြီး၏ အစ္စလာမ်သာသနာအတွက် ပြောင်မြောက်စွာ ခုခံကာကွယ်မှုများက အစ္စလာမ်သာသနာအတွင်းမိရိုးဖလာ အရိုးစွဲတွေးထင်ယူဆမှုများကို အခြေယိုင်စေခဲ့သည်။

အစ္စလာမ်သာသနာအား မူရင်းအစစ်အမှန်အတိုင်းပြန်လည်ဖြစ်ထွန်းပေါ်ပေါက်စေရန်အတွက် အဟ်မဒီယာမွတ်စ်လင်မ်အဖွဲ့ကြီးက မီရ်ဇာဂူလာမ်အဟ်မဒ် (ငြိမ်းချမ်းခြင်းသက်ရောက်ပါစေ) သခင်ကြီး၏ အစ္စလာမ့်အရင်းအမြစ် အလယ်အလတ်သွန်သင်ချက်များကို ကမ္ဘာပေါ်ရှိ မွတ်စ်လင်မ်နိုင်ငံများမှ ခါးသီးစွာတုံ့ပြန်နေမှုများကြားမှ ကြံ့⁠ကြံ့ခံဖြန့်ချိလျက်ရှိသည်။

ထိုနည်းတူပင်၊ အဟ်မဒီယာမွတ်စ်လင်မ်အဖွဲ့သည် တိုင်းပြည်အစိုးရကိစ္စရပ်များနှင့် ဗလီသာသနာရေးကိစ္စရပ်များကို ကွဲပြားသောအရေးကိစ္စနှစ်ခု အဖြစ်သတ်မှတ်သည့် တစ်ခုတည်းသော အစ္စလာမ့်အဖွဲ့အစည်းဖြစ်သည်။ လွန်ခဲ့သော နှစ်တစ်ရာအလျင်ကပင် အဖွဲ့ကြီးအားတည်ထောင်သူအရှင်သူမြတ်က အဖွဲ့ဝင်များကို သာသနာနှင့် တိုင်းပြည်ရေးတို့အတွက် အကာအကွယ်ပြုရန်ကြိုးစားရာတွင် ဖြောင့်မတ်မှန်ကန်သည့်သူများအဖြစ်သာမက တိုင်းပြည်အပေါ်သစ္စာရှိသည့် တိုင်းသူပြည်သားများဖြစ်ကြရန် ဟောပြောသွန်သင်ခဲ့သည်။

သခင်ကြီးက ကျမ်းမြတ်ကုရ်အာန်အား ပုဂ္ဂလိကကိုယ်ကျိုးဖြစ်ထွန်းရန် အဆီအငေါမတည့်စွာ ဋီကာဖွင့်ဆို၍ ကြေညာချက်ထုတ်မှုများနှင့် အစ္စလာမ့်ဥပဒေကို တလွဲတွေးခေါ်ဆင်ခြင်လျက် အသုံးချမှုများအား ဆန့်ကျင်ခဲ့သည်။ သခင်ကြီးက အလ္လာဟ်အရှင်မြတ်၏ အဖန်ဆင်းခံ ဝေနေယျသတ္တဝါအားလုံး၏ အကျိုးအပေါ် အကာအကွယ်ပေးရန် မပြတ်တမ်းနှိုးဆော်ခဲ့သည်။ ယနေ့တွင်မူ အဟ်မဒီယာမွတ်စ်လင်မ်အဖွဲ့ကြီးမှာ သာသနာရေးချုပ်ခြယ်မှုများနှင့် ကြီးနိုင်ငယ်ညဉ်းမှုများပပျောက်စေရေးအတွက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးလှုပ်ရှားမှုများ၌ ပါဝင်ဆောင်ရွက်လျက်ရှိသည်။ အသင်းကြီးက အမျိုးသမီးများပညာရေးနှင့် အဖိနှိပ်ခံမဖြစ်စေရေးတို့အတွက် ရွပ်ရွပ်ချွံချွံဆောင်ရွက်လျက်ရှိသည်။ အဟ်မဒီယာမွတ်စ်လင်မ်အဖွဲ့ဝင်များမှာ ဥပဒေလေးစားလိုက်နာသော ပညာတတ်များနှင့် မွန်ရည်သောမွတ်စ်လင်မ်များအဖြစ် ကမ္ဘာပေါ်တွင် နေထိုင်ရပ်တည်ကြသည်။

အဟ်မဒီယာမွတ်စ်လင်မ်အဖွဲ့ကြီးမှာ ဝိညာဉ်ရေးရာ ခေါင်းဆောင်တစ်ဦး၏ဦးဆောင်မှုဖြင့် ရပ်တည်သောအစ္စလာမ့်အဖွဲ့အစည်းလည်းဖြစ်သည်။ လွန်ခဲ့သောနှစ်တစ်ရာအလျင်ကပင် မီရ်ဇာဂူလာမ်အဟ်မဒ် (ငြိမ်းချမ်းခြင်းသက်ရောက်ပါစေ) သခင်ကြီးက အစ္စလာမ့်သတင်းစကားသည် တမန်တော်တစ်ဦးအလွန် ထိုတမန်တော်အားဆက်ခံသည့် ခလီဖွာ (ဆက်ခံသူ)ဖြင့်သာ လုံခြုံပြန့်နှံ့စေနိုင်မည့်အကြောင်းနှင့် ယင်းသည်မှာ အလ္လာဟ်အရှင်မြတ်၏ ကတိတော်လည်းဖြစ်ကြောင်း သတိပေးဆုံးမခဲ့သည်။ အသင်းကြီးက ဝိညာဉ်ရေးရာဆက်ခံသူတစ်ဦး၏ ခေါင်းဆောင်မှုဖြင့်သာ အစ္စလာမ်သာသနာ၏အစစ်အမှန်တန်ဖိုးများကို ထိန်းသိမ်းနိုင်မည့်အကြောင်းနှင့် လူသားအားလုံးညီညွတ်ရေးကို ဆောင်ရွက်နိုင်မည့်အကြောင်း ယုံကြည်သည်။ ၁၉၀၈ တွင် အသင်းကြီးအားတည်ထောင်သူအရှင်သူမြတ်ကွယ်လွန်ချိန်မှစ၍ အသင်းကြီးကို ဝိညာဉ်ရေးရာခေါင်းဆောင် ခလီဖွာဆက်ခံသူများဖြင့် ဆက်လက်တည်တံ့စေခဲ့ရာ ယခုအခါခလီဖွာငါးဆက်မျှပင် ရှိနေပြီဖြစ်သည်။ လက်ရှိဝိညာဉ်ရေးရာခေါင်းဆောင်မှာ မီရ်ဇာမဆ်ရူးရ်အဟ်မဒ်သခင် (ငြိမ်းချမ်းခြင်းသက်ရောက်ပါစေ) ဖြစ်သည်။

အသင်းကြီးသည် ဝိညာဉ်ရေးရာဆက်ခံသူတစ်ဦး၏ ဦးဆောင်မှုဖြင့် ယနေ့ကမ္ဘာပေါ်တွင် ဗလီဝတ်ကျောင်းပေါင်း တစ်သောင်းငါးထောင်ကျော်၊ စာသင်ကျောင်းပေါင်း ၅၀⁠၀ ကျော်နှင့် ဆေးရုံပေါင်း ၃၀ ကျော်ကို ဆောက်လုပ်နိုင်ခဲ့ပြီးဖြစ်သည်။ ကျမ်းမြတ်ကုရ်အာန်အား ဘာသာပေါင်း ၇၀ ကျော်ဖြင့် ပြန်ဆိုထုတ်ဝေနိုင်ခဲ့သည်။ အသင်းကြီးသည် အစ္စလာမ်သာသနာတော်၏ အစစ်အမှန်သွန်သင်ချက်များကို အမ်-တီ-အေ (MTA) ရုပ်မြင်သံကြားလိုင်းအားဖြင့်လည်းကောင်း၊ alislam.org အင်တာနက်စာမျက်နှာအားဖြင့်လည်းကောင်း၊ Islam International Publications ဟူသည့် အပြည်ပြည်ဆိုင်ရာပုံနှိပ်ထုတ်ဝေမှုဖြင့်လည်းကောင်း ဖြန့်ချိလျက်ရှိသည်။

အပြည်ပြည်ဆိုင်ရာ သဘာ၀ဘေးအန္တရာယ်ကျရောက်သည့် နေရာဒေသများတွင် ကယ်ဆယ်ရေးနှင့် အလှူဒါနပြုရေးတို့အတွက် သီးသန့်ဆောင်ရွက်ရန် Humanity First အဖွဲ့ကြီးကိုလည်း ဖွဲ့စည်းဆောင်ရွက်နေပေသည်။

အသင်းကြီး၏ ဆောင်ပုဒ်မှာ 'Love for all, Hatred for none.' ၊ ချစ်ခြင်းတရားသည်အားလုံးအတွက်၊ အမုန်းတရားသည် မည်သူ့အတွက်မျှမဟုတ် ဟူ၍ပင်ဖြစ်သည်။


ရည်ညွှန်း[ပြင်ဆင်ရန်]