အသုံးပြုသူ ဆွေးနွေးချက်:University of Compter Studies, Hinthada
ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)
[ပြင်ဆင်ရန်]၁။ နိဒါန်း
ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)သည် အမှတ်(၂၈)၊ တာငါးဆယ်(တောင်)ရပ်ကွက်၊ ဟင်္သာတမြို့၊ ဧရာဝတီတိုင်းဒေသကြီးတွင် တည်ရှိပါသည်။ ၂၀၀၁ ခုနှစ်တွင် အစိုးရကွန်ပျူတာကောလိပ်(GCC)အဖြစ် တည်ရှိ ပြီး၊ ၂၀၀၇ ခုနှစ်တွင် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)အဖြစ် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနလက်အောက် အဆင့်မြင့်ပညာရေးအဖွဲ့အစည်း တက္ကသိုလ်တစ်ခုအနေဖြင့် တည်ထောင်ခဲ့သည်။ ဤတက္ကသိုလ်သည် ကွန်ပျူ တာသိပ္ပံနှင့် ကွန်ပျူတာနည်းပညာဆိုင်ရာနယ်ပယ်ရှိ ဘာသာရပ်များကို နိုင်ငံတကာ သင်ရိုးညွှန်းတမ်းနှင့်အညီ သင်ကြားပေးလျက်ရှိပြီး ဒေသအတွက်လိုအပ်သော ICT လူ့စွမ်းအား အရင်းအမြစ်များကို နှစ်စဉ်မွေးထုတ်ပေး လျက်ရှိပါသည်။
၂။ တက္ကသိုလ်၏ မူဝါဒ (Policy)
တက္ကသိုလ်၏ မူဝါဒများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
Ø အောင်ချက်မြင့်မားရေး။
Ø သင်ကြားသင်ယူမှု အရည်အသွေး မြင့်မားရေး။
Ø နိုင်ငံတကာအဆင့်မီ တက္ကသိုလ်တစ်ခုအဖြစ် ရပ်တည်နိုင်ရေး။
Ø လူငယ်များ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုရှိစေရေး။
Ø နိုင်ငံတော်၏ မူဝါဒနှင့် လမ်းညွှန်ချက်များကို အကောင်အထည်ဖော်ဆောင်ရေး။
၃။ တက္ကသိုလ်၏ မျှော်မှန်းချက် (Vision)
တက္ကသိုလ်၏ မျှော်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
Ø ဒေသအတွင်း ICT နည်းပညာများ ပြန့်ပွားစေရန်။
Ø ဒေသအတွက် လိုအပ်သော ICT လူ့စွမ်းအားအရင်းအမြစ်များကို ဖြည့်ဆည်းပေးရန်။
Ø ဒေသအတွင်း နယ်ပယ်အသီးသီး၌ ICT အခြေပြု သုတေသနလုပ်ငန်းများ လုပ်ဆောင်နိုင်စေရန်။
Ø ဒေသအတွင်း ICT အခြေပြု လုပ်ငန်းစုများ ဖြစ်ထွန်းလာစေရန်။
၄။ တက္ကသိုလ်၏ ရည်မှန်းချက် (Mission)
တက္ကသိုလ်၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
Ø အရည်အချင်းပြည့်ဝသော ICT လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးရန်။
Ø နိုင်ငံတကာစံနှုန်းများနှင့်အညီ သင်ရိုးညွှန်းတမ်းအသစ်များကို ရေးဆွဲ၍ လေ့ကျင့်သင်ကြား ပေးရန်။
Ø နောက်ဆုံးပေါ်နည်းပညာ ခေတ်မီသင်ထောက်ကူပစ္စည်းများကို အသုံးပြု၍ လေ့ကျင့်သင်ကြား ပေးရန်။
Ø လက်တွေ့နယ်ပယ်၌ အသုံးဝင်သော လူ့စွမ်းအားအရင်းအမြစ်ဖြစ်အောင် လေ့ကျင့်ပျိုးထောင် ပေးရန်။
၅။ ဖွင့်လှစ်ထားရှိသော သင်တန်းများ-
Ø ပထမနှစ် (ကွန်ပျူတာသိပ္ပံနှင့်နည်းပညာသင်တန်း)
Ø ဒုတိယနှစ် (ကွန်ပျူတာသိပ္ပံသင်တန်း)
Ø ဒုတိယနှစ် (ကွန်ပျူတာနည်းပညာသင်တန်း)
Ø တတိယနှစ် (ကွန်ပျူတာသိပ္ပံသင်တန်း)
Ø တတိယနှစ် (ကွန်ပျူတာနည်းပညာသင်တန်း)
Ø စတုတ္တနှစ် (ကွန်ပျူတာသိပ္ပံသင်တန်း)
Ø စတုတ္တနှစ် (ကွန်ပျူတာနည်းပညာသင်တန်း)
Ø ပဉ္စမနှစ် (ကွန်ပျူတာသိပ္ပံသင်တန်း)
Ø ပဉ္စမနှစ် (ကွန်ပျူတာနည်းပညာသင်တန်း)
Ø ဘွဲ့လွန်ကွန်ပျူတာသိပ္ပံဒီပလိုမာသင်တန်း
၆။ ဝန်ထမ်းအင်အား (စီမံဝန်ထမ်း၊ သင်ကြားရေးဝန်ထမ်း)
တက္ကသိုလ်၏ ဝန်ထမ်းအင်အားမှာ ဒုတိယပါမောက္ခချုပ်(၁)ဦး၊ ပါမောက္ခ(၅)ဦး၊ တွဲဖက်ပါမောက္ခ (၁၄) ဦး၊ ကထိက(၁၃)ဦး၊ လက်ထောက်ကထိက(၃)ဦး၊ နည်းပြ(၁၄)ဦး၊ ဌာနမှူး(သင်တန်း)(၁)ဦး၊ ဌာနခွဲမှူး (ဘဏ္ဍာ) (၁)ဦး၊ ဌာနစုမှူး(ဘဏ္ဍာ)(၁)ဦး၊ ရုံးအုပ်(၂)ဦး၊ စာရင်းကိုင်(၁)(၁)ဦး၊ ဌာနခွဲစာရေး(၂)ဦး၊ အကြီးတန်းစာရေး (၂)ဦး၊ အငယ်တန်းစာရေး(၇)ဦး၊ စာကြည့်တိုက်လက်ထောက်(၅)(၁)ဦး၊ အမှုတွဲထိန်း(၁)ဦး၊ ယာဉ်မောင်း(၅) (၁)ဦး၊ ရုံးအကူ(၁)ဦး၊ သန့်ရှင်းရေး(၄)ဦး၊ လုံခြုံရေး(၅) (၁)ဦး၊ အစောင့်/ လုပ်သား(၄)ဦး၊ သန့်ရှင်းရေးအကူ (၄)ဦး၊ အမြဲတမ်းဝန်ထမ်းအင်အားစုစုပေါင်း (၈၄)ဦး တာဝန်ထမ်းဆောင်လျက်ရှိပါသည်။
၇။ ကျောင်းသား၊ ကျောင်းသူ စာရင်း
တက္ကသိုလ်အနေဖြင့် ပထမနှစ်သင်တန်းသို့ တက္ကသိုလ်ဝင်ခွင့်အောင်မြင်ပြီးသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၂၀)ဦးအား နှစ်စဉ်လက်ခံသင်ကြားပေးလျက်ရှိပြီး၊ သင်တန်းနှစ်အသီးသီး၌ ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၄၆၆)ဦး ရှိပါသည်။ ၎င်းအပြင် ဒေသအတွင်းရှိ ဌာနဆိုင်ရာနှင့် အဖွဲ့အစည်း များ e-Government အထောက်အကူဖြစ်စေရန်အလို့ငှာ ဘွဲ့လွန်ကွန်ပျူတာသိပ္ပံဒီပလိုမာ (D.C.Sc) သင်တန်း ကို သင်တန်းသား အယောက်(၂၀)အား လက်ခံသင်ကြားပေးလျက်ရှိပါသည်။
၈။ ပေးအပ်သည့် ဘွဲ့/ ဒီပလိုမာ
Ø ကွန်ပျူတာသိပ္ပံဘွဲ့ (B.C.Sc)
Ø ကွန်ပျူတာနည်းပညာဘွဲ့ (B.C.Tech)
Ø ဘွဲ့လွန်ကွန်ပျူတာသိပ္ပံဒီပလိုမာဘွဲ့ (D.C.Sc)
၉။ ဘွဲ့အလိုက် မွေးထုတ်ပြီးဦးရေ
Ø M.C.Sc (၃၄)ဦး
Ø M.C.Tech (၃)ဦး
Ø B.C.Sc (Hons:) (၁၆၂)ဦး
Ø B.C.Tech (Hons:) (၂၅)ဦး
Ø B.C.Sc (၅၉၅)ဦး
Ø B.C.Tech (၁၅၇)ဦး
Ø D.C.Sc (၈၂) ဦး
ဘွဲ့အလိုက် မွေးထုတ်ပြီးဦးရေ စုစုပေါင်းမှာ (၁၀၅၈)ဦး ဖြစ်ပါသည်။ University of Compter Studies, Hinthada (ဆွေးနွေး) ၀၈:၅၈၊ ၂ နိုဝင်ဘာ ၂၀၂၄ (UTC)