မာတိကာသို့ ခုန်သွားရန်

အသုံးပြုသူ ဆွေးနွေးချက်:Nay Swan Chit Khaing

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
အကြောင်းအရာအသစ် ထပ်ထည့်ရန်
ဝီကီပီးဒီးယား မှ
Latest comment: ပြီးခဲ့သည့် ၅ နှစ် by Nay Swan Chit Khaing
ဖိုင်:Nay Swan

Facebook .Nay Swan Chit Khaing (ဆွေးနွေး) ၀၇:၂၀၊ ၂၉ ဖေဖော်ဝါရီ ၂၀၂၀ (UTC)Nay Swanအကြောင်းပြန်ရန်


Facebookရဲ့ကျေးဇူးကြောင့် ကွဲကွာသွားတဲ့ ဆွေမျိုးတွေ ကျောင်းနေဖက် ငယ်သူငယ်ချင်းတွေနဲ့ အဆက်အသွယ်တွေ ပြန်ရကြတယ် နေရာဒေသ မတူညီကြတဲ့ မိဘမောင်ဘွား သားချင်းဆွေမျိုးတွေနဲ့ သတိရတိုင်း မြင်တွေ့ခွင့် စကားပြောခွင့်တွေ ရနေကြပြီး အလွမ်းပြေစေပါတယ်. .

နောက်ပြီး Facebookဆိုတာကလည်း လူကိုစွဲလမ်းစေတတ်တဲ့ အရာတစ်ခု ဖြစ်တယ် (တန်ဆေး လွန်ဘေးပေါ့) .. Facebookသုံးရာမှာ ဗဟုသုတရစေတဲ့ အကျိုးပြု စာပေများ၊ သတင်းဦး သတင်းထူးများ၊ ပညာပေးVideo ၊ ဘဝအမော ပြေစေတဲ့ ဟာသVideo၊ စိတ်သဘောထားချင်း ကိုက်ညီတဲ့ Friendတွေနဲ့ အသိဥာဏ်ပညာခြင်း ဖလှယ်တာ၊ သာကြောင်းမာကြောင်းစကား စမြည်ပြောဆိုဖို့၊ ကိုယ့်လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ သတင်း အချက် အလက်တွေ မှတ်သားလေ့လာဖို့ စတဲ့ ကိစ္စတွေ အတွက်လောက်ပဲ အသုံးပြု သင့်ပါတယ်။

တချို့လူတွေက Facebookကို ပညာရှာဖို့ ဗဟုသုတရဖို့ အနေနဲ့ အသုံးမပြုပဲ ကြူဖို့ ကြောင်ဖို့ ယုတ်မာဖို့ ကောက်ကျစ်ဖို့သုံးပြု သူတွေလည်း ရှိပါတယ်.

လူအမျိုးမျိုး စိတ်အထွေထွေ Friendတွေကို စိစစ်ရွေးချယ် ပေါင်းသင်းပါ အကျင့်မကောင်းတဲ့ Friendတွေနဲ့ ဆက်သွယ် ပေါင်းသင်း မြင်ဖန် တွေ့ဖန် ကြားဖန်များလာတော့ မကောင်းတဲ့ အမူအကျင့်တွေ ဓာတ်ကူးလာနိုင်ပါတယ်. .

အရေးကြီးဆုံး အချက်က Facebookကြောင့် ကိုယ့်မိသားစု မထိခိုက်စေဖို့ မပြိုကွဲစေဖို့ ကိုယ့်ဂုဏ်သ်ိက္ခာ မညှိုးနွမ်းစေဖို့ ကိုယ့်ကျန်းမာရေး ကိုယ့်အလုပ် ကိုယ်စီးပွားရေး ကိုယ်အသက်အန္တရာယ် တစုံတရာ မထိခိုက် မကြုံတွေ့ရအောင် Facebookကို အသ်ိဥာဏ်နဲ့ ယှဉ်ပြီး သုံးစွဲတတ်ဖို့ လိုအပ်ပါတယ်. Facebookကို အကျိုးရှိစွာ အကောင်းဘက်ကနေ အသုံးပြုနိုင် ကြပါစေ.

Nay Swan Mandalay