အသုံးပြုသူ:Tin Mi Mi Naing/sandbox

ဝီကီပီးဒီးယား မှ

'=ကာဘိုး ရေလွှဲဆည်=' ကာဘိုးဆည်သည် မူးမြစ်ကို ဖြတ်၍ တည်ဆောက်ထားသော ရေလွှဲဆည်ဖြစ်ပြီး စစ်ကိုင်းတိုင်း‌ဒေသကြီး ရွှေဘိုခရိုင် ကန့်ဘလူမြို့နယ် ' ' ကာဘိုးကျေးရွာ' ' အနီးတွင် တည်ရှိသည်။ ' ' 'မူးမြစ်' ' 'သည် စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ‌ဗန်းမောက်မြို့နယ် ရွှေကျောင်းကျေးရွာအနီးတွင် မြစ်ဖျားခံ၍ မြောက်မှ တောင်သို့ ဧရာဝတီမြစ်နှင့်အပြိုင် ၂၈၅ မိုင်ခန့် စီးဆင်း၍ မြင်းမူမြို့အနီးတွင် ဧရာဝတီမြစ်အတွင်း သို့ စီးဝင်သွားသည်။ ကာဘိုးဆည်ကို ဗဟိုပြု၍ လက်ယာဘက်တွင် ' ' 'ရေဦးတူးမြောင်း' ' ' နှင့် လက်ဝဲဘက်တွင် ' ' 'ရွှေဘိုတူးမြောင်း' ' 'တည်ဆောက်ထားသည်။ ကာဘိုးဆည်နှင့် ရွှေဘိုတူးမြောင်းတို့ကို ၁၉၀၁ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ရာ ၁၉၀၅ ခုနှစ်တွင် ပြီးစီးခဲ့ပြီး ၁၉၀၆ ခုနှစ်တွင် စတင်ရေပေးဝေနိုင်ခဲ့သည်။ ရေဦးတူးမြောင်းကိုလည်း ၁၉၁၁ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ရာ ၁၉၁၈ ခုနှစ်တွင် ပြီးစီး၍ ရေစတင်ပေးဝေခဲ့သည်။ ကာဘိုးရေလွှဲဆည်နှင့် ရွှေဘိုတူးမြောင်း ကုန်ကျစရိတ်မှာ ၇၆ .၀၉ သိန်းဖြစ်ပြီး ရေဦးတူး'မြောင်းကုန်ကျစရိတ်မှာ ၆၂ . ၁၉ သိန်းဖြစ်သည်။ ရွှေဘိုတူးမြောင်း အသစ်တည်ဆောက်ရာတွင် မြန်မာသက္ကရာဇ် ၁၁၁၅ ခုနှစ် (အေဒီ ၁၇၅၃ ) ကုန်းဘောင်ခေတ် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ တည်ဆောက်ခဲ့သော ကင်းကျေးရွာ အနီးတွင် မူးမြစ်ကို ဖြတ်၍ ဆည်တည်ဆောက်ခဲ့သော တူးမြောင်းဟောင်း (မဟာနန္ဒာကန်) ၏ အူကြောင်းကို နမူနာ ယူ၍ တည်ဆော်ကခဲ့ခြင်း ဖြစ်သည်။ မူလက ယင်းတူးမြောင်းအဟောင်း၏ အူကြောင်းအတိုင်း တည်ဆောက်ရန် ရည်ရွယ်ခဲ့သော်လည်း ချောင်းပေါင်းများစွာကို ဖြတ်ရမည်ဖြစ်သဖြင့် ကုန်ကျစရိတ်စရိတ်အလွန်များမည် ဖြစ်သောကြောင့် အူကြောင်းပြောင်း၍ တည်ဆောက်ခဲ့ကြောင်း သိရသည်။ ၁၉၅၆ အောက်တိုဘာလတွင် ထူးကဲရေကြီးမှုကြောင့် ရေလွှဲဆည် တစ်ဝက် ၊ ရေဦးတူးမြောင်း ရေထိန်းတံခါးလေးခု ၊ ရွှေဘိုတူးမြောင်း ရေထိန်းတံခါး အားလုံး ပျက်စီးခဲ့သဖြင့် ပြုပြင်ခဲ့ရသည်။ ၁၉၇၁ ခုနှစ် ဩဂုတ်လတွင် တစ်ကြိမ်ထူးကဲရေကြိးမှုကြောင့် ရေလွှဲဆည်၏ ဝဲဘက် ရွှေဘိုဘက်ကမ်းရှိ ရေထိန်းတာရိုးကြီး ပျက်စီးသဖြင့် ပြင်ဆင်ခဲ့ရသည်။ ကာဘိုးဆည် တည်ဆောက်ပြီးစအချိန်က ရွှေဘိုတူးမြောင်းရေသောက်ဧရိယာ ၂၂၉၈၁၅ ဧက နှင့် ရေဦးတူးမြောင်းရေသောက်ဧရိယာ ဧက ၁၂၈၉၀၀ စုစုပေါင်းရေသောက်ဧရိယာ ၃၅၈၇၁၅ ဧကကို ရေပေးဝေနှိင်ခဲ့သည်။ ၂၀၀၇ ခုနှစ် ပြန်လည်စိစစ်ချက်အရ ရွှေဘိုတူးမြောင်းရေသောက်ဧရိယာ ၂၂၃၂၉၄ ဧက ၊ ရေဦးတူးမြောင်းရေသောက်ဧရိယာဧက ၁၁၅၇၄၉ စုစုပေါင်း ၃၃၉၀၄၂ ဧကသာ ကျန်တော့ကြောင်း တွေ့ရှိရသည်။ ကာဘိုးဆည်မှာ ယခင်က ရေလှောင်၍ ထိန်းထားနိုင်ခြင်းမရှိဘဲ မူးမြစ်အတွင်း ရေစီးဆင်းမှုများနေချိန်သာ တူးမြောင်းသို့ရေ အပြည့်အဝပေးဝေနိုင်ပြီး မူးမြစ်အတွင်း ရေနည်းနေချိန်တွင် တူးမြောင်းအတွင်းသို့ ရေအပြည့်အဝ ပေးဝေနိုင်ခြင်းမရှိပါ။ ၁၉၉၆ - ၁၉၉၇ တွင် ကင်းတပ်ရေလွှဲ တမံနှင့် ၂၀၀၁ -၂၀၀၂ တွင် သဖန်းဆိပ်ရေလှောင်တမံတို့ တည်ဆောက်ပြီးစီးသွားသဖြင့် ကာဘိုးဆည်မှ နှစ်စဉ် မိုးစပါးနှင့် နွေစပါးများကို တိုးချဲ့စိုက်ပျိုးလာနိုင်ပြီး အောင်မြင်စွာရေပေးဝေနိုင်ခဲ့သည်။ ကာဘိုးဆည်သည် မြန်မာနိုင်ငံတွင် ဧက သုံးသိန်းကျော်ထိရေပေးဝေနိုင်သော တစ်ခုတည်းသော ဆည်ဖြစ်ပြီး ဆည်၏သက်တမ်းသည် နှစ်ပေါင်း ၁၀၀ ကျော်ရှိခဲ့လေပြီ။