အသုံးပြုသူ:Tin Maung Aye (Kanbalu)

ဝီကီပီးဒီးယား မှ

၁၉၄၈ ခုနှစ် အောက်တိုဘာ ၉ ရက်တွင် အဖဦးအေးမောင်(ရဲအရာရှိ-ငြိမ်း)အမိဒေါ်တင်မေ တို့မှ ကန့်ဘလူမြို့၌ မွေးဖွားခဲ့သည်။ ကန့်ဘလူမြို့ နှင့်ရွှေဘိုမြို့များတွင် ပညာသင်ကြားခဲ့ပြီး ၁၉၆၅ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည်။ ၁၉၆၆ ခုနှစ်တွင် ဆေးဘက်ပညာ သိပ္ပံ (Institute of Para-Medical Science) ၌ ပညာသင်ယူခဲ့ရာ ၁၉၇၀ ခုနှစ် အောက်တို ဘာလတွင် DPMS (Physiotherapy) ဘွဲ့ရရှိခဲ့သည်။

၁၉၇၂ ခုနှစ်မှ ၁၉၈၉ ခုနှစ်ထိ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မသန်မစွမ်းလူနာများဆေးရုံ (သမိုင်း)၊ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးနှင့် ကြည့်မြင်တိုင် အရိုးရောဂါအထူးကုဆေးရုံ တို့တွင် အကြောအဆစ်ကုပညာရှင် (Physiotherapist) အဖြစ်တာဝန်ထမ်းဆောင်ရင်း လုပ်သားပြည်သူ့နေ့စဉ်၊ မြန်မာ့အလင်းနှင့်ကြေးမုံသတင်းစာများ၊ သုတစာစောင်များနှင့် မဂ္ဂဇင်းတို့၌ ဆေးပညာပေးဆောင်းပါးများ အဆက်မပြတ်ရေးသားခဲ့သည်။ ၁၉၇ဂခုနှစ်၌ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေစဉ် မုဒုံမြို့မှ ဒေါ်စိုး စိုးအေးနှင့်အိမ်ထောင်ကျပြီး သမီးတစ်ယောက်နှင့် သားတစ်ယောက် ထွန်းကားခဲ့၏။ ကျန်းမာရေးပညာပေးစာအုပ် (၅) အုပ်ကို ရေးသားထုတ်ဝေခဲ့ပြီးဖြစ်သည်။ ပထမဆုံးစာ အုပ်ဖြစ်သော 'သိမှတ်ဖွယ်ရာ အကြောအဆစ်ရောဂါများ' စာအုပ်ဖြင့် ၁၉၈၆ ခုနှစ်အတွက် အမျိုးသားစာပေဆု (သိပ္ပံနှင့် အသုံးချသိပ္ပံဘာသာရပ်) ကို ရရှိခဲ့၏။

၁၉၉၀ ခုနှစ် မေလတွင် စင်ကာပူနိုင်ငံရှိ Movement for the Intellectually Disabled of Singapore တွင် အကြောအဆစ်ကုပညာရှင်(Physiotherapist) အဖြစ် စတင်အလုပ်လုပ် ခဲ့ပြီး ၂၀၁၆ ဒီဇင်ဘာတွင် Head Physiotherapist (ဌာနမှူး) ရာထူးဖြင့်အနားယူခဲ့သည်။ ဥာဏ်ရည်နိမ့်မသန်စွမ်းကလေးများ၏မသန်စွမ်းမှု့နှင့်လှုပ်ရှားသွားလာမှု့အခက်အခဲများကို လေ့လာသုတေသနပြု့စုလျက် ကိုရီးယား၊ ဂျပန်၊ တောင်အာဖရိကနိုင်ငံနှင့်စင်ကာပူနိုင်ငံ တို့တွင် စာတမ်းများတင်သွင်းဖတ်ကြားခဲ့သည်။ ဂျပန်နိုင်ငံ Asian Resource Centre မှချီးမြှင့်သည့် သုတေသနစာတမ်းဆု(Distinguished Achievement Award) ကို ၁၉၉၃ ခုနှစ်က ရရှိခဲ့သည်။ အကြောအဆစ်ကုပညာရပ်ဆိုင်ရာကမ္ဘာ့ညီလာခံ (World Physiotherapy Congress) နှင့်ဥာဏ်ရည်နိမ့်မသန်စွမ်းမှုဆိုင်ရာကမ္ဘာ့ညီလာခံ (IASSID Congress) များကို ဖင်လန်၊ ကနေဒါ၊ နယ်သာလန်၊ ဆွစ်ဇာလန်၊ ထိုင်ဝမ်နှင့်တောင်အာဖရိကနိုင်ငံများသို့သွားရောက် တက်ခဲ့သည်။

အလုပ်မှအနားယူပြီးနောက် ယခုအခါ စင်ကာပူနိုင်ငံရှိ ကုတင် ၂၀၁၀ ဆံ့ဆေးရုံကြီးတွင် Senior Physiotherapist အဖြစ် အချိန်ပိုင်းအလုပ်လုပ်လျက်ရှိသည်။

ပညာအရည်အချင်း DPMS (Physiotherapy), Diploma in Russian, Cert. NDT (USA)