အသုံးပြုသူ:Thein Than Htike

ဝီကီပီးဒီးယား မှ

သိန်းသန်းထိုက် ကို ၁၉၉၁ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ် ရွာစဥ် စံပြကျေးရွာတွင် မွေးဖွားခဲ့သည်။ အခြေခံပညာကို အလယ်တန်းပြီးသည်အထိ ရွာစဥ်ကျေးရွာ အထက်တန်းကျောင်းတွင် သင်ယူခဲ့ပြီး ရွှေဘိုမြို့ အ.ထ.က (၂) တွင် အထက်တန်းပညာကို ဆက်လက်ဆည်းပူးခဲ့ပြီး ရူပဗေဒဘာသာရပ်တွင် ဂုဏ်ထူးဖြင့် တက္ကသိုလ်၀င်တန်း အောင်မြင်ခဲ့သည်။ ထို့နောက် ရွှေဘိုနည်းပညာကောလိပ်တွင် စက်မှုအင်ဂျင်နီယာဘာသာရပ်ကို သင်ယူခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် စက်မှုအင်ဂျင်နီယာဘွဲ့ကို ရရှိခဲ့သည်။